Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမှာ ဘုန်းကြီးကျောင်းရေသန့်စက်ဖွင့်ပွဲ စစ်တပ်ဗုံးကြဲမှု ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ၊ အမျိုးသား ၂ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ၁၆-၂၀၂၆။ကတ်သရင်း/ People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက် ဒီကနေ့ နေ့လည် ၁၂နာရီခွဲခန့်မှာ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ရွာ ဘုန်းကြီးကျောင်းမှာ ရေသန့်စက်ဖွင့်ပွဲပြုလုပ်ချိန် စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“တရွာလုံးသုံးတဲ့ ရေသန့်စက်ရုံအ သေးစား လေး ပေါ့။ဘုန်းကြီးကဦးစီးပြီး ဆောက်ပေးထားတာ။အဲတာလေး ဖွင့်ပွဲလုပ်တာကိုဗျာ လာကြဲချသွားတယ်။ဆရာတော်လည်း ပျံလွန်တော်မူသွားတယ်။‌‌အဘိုးနှစ်ယောက်လည်း သေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျောင်းထိုင်ဆရာတော်ဟာ သက်တော် ၄၃နှစ်ရှိပြီး နောက်ထပ်အမျိုးသား ၂ဦးဟာ အသက်၆၀ ကျော်တွေဖြစ်ကာ ကျေးရွာရဲ့ရပ်မိရပ်ဖတွေဖြစ်တယ်လို့ သိရပါတယ်။

လာရောက်တိုက်ခိုက်သွားတဲ့ လေယာဉ်ဟာ မိတ္ထီလာ ရှမ်းတဲလေတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့ စုံစမ်းသိရပါတယ်။

စစ်တပ်ဟာ အများပြည်သူပိုင်နေရာတွေ ဘုန်းကြီးကျောင်း၊စာသင်ကျောင်းနဲ့ ဆေးရုံ၊ ဆေးခန်းတွေဦးတည် လေကြောင်းတိုက်ခိုက်မှု တွေပြုလုပ်နေပြီး ပြီးခဲ့တဲ့ ဩဂုတ်လကလည်း မြောင်မြို့နယ်၊ဆွဲလဲအိုရွာ ဘုန်းကြီးကျောင်းတရားစခန်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ တစ်ဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။