Connect with us

Hi, what are you looking for?

နိုင်ငံတကာ

UN အကြီးအကဲ နေရာအတွက် ယှဉ်ပြိုင်မယ့် အစီအစဉ်ကနေ ချီလီ သမ္မတဟောင်း နုတ်ထွက်

ကုလသမဂ္ဂ (UN)ရဲ့ အတွင်းရေးမှူးချုပ် ရာထူးမှာ ပါဝင်ယှဉ်ပြိုင်မယ့် အစီအစဉ်ကနေ ချီလီ သမ္မတဟောင်း မစ်ချယ် ဘာချလတ်က နုတ်ထွက်သွားပါတယ်။

ဓာတ်ပုံ - AP

ကုလသမဂ္ဂ (UN)ရဲ့ အတွင်းရေးမှူးချုပ် ရာထူးမှာ ပါဝင်ယှဉ်ပြိုင်မယ့် အစီအစဉ်ကနေ ချီလီ သမ္မတဟောင်း မစ်ချယ် ဘာချလတ်က နုတ်ထွက်သွားပါတယ်။

မူလက သူဟာ လာမယ့်နှစ်အတွက် UN အကြီးအကဲ နေရာမှာ တာဝန်ထမ်းဆောင်ဖို့ အဆိုပြု နာမည်စာရင်း တင်သွင်းထားခဲ့ပါတယ်။ ဒါပေမဲ့ UNရဲ့ လုံခြုံရေးကောင်စီ (UNSC) အဖွဲ့ဝင် နိုင်ငံတွေဆီက ထောက်ခံမှု ရရှိရေး အားထုတ်မှုတွေမှာ သိသိသာသာ ရုန်းကန်ခဲ့ရတဲ့နောက် ဘာချလတ်ဟာ စောစောစီးစီး လက်လျှော့လိုက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

UN အတွင်းရေးမှူးချုပ် နေရာအတွက် သူဆက်ပြီး ကြိုးစားတော့မှာ မဟုတ်ကြောင်း၊ ဒါပေမဲ့လည်း သူ့ရဲ့ နိုင်ငံတကာရေးရာ လုပ်ဆောင်မှုတွေကိုတော့ အရင်လိုပဲ အမြဲတမ်း အာရုံစူးစိုက်မှု အပြည့်နဲ့ ဆက်ပြီး အားထုတ်နေမှာဖြစ်ကြောင်း အသက် ၇၄ နှစ်အရွယ် အမျိုးသမီးက Instagramပေါ်မှာ ဗီဒီယိုတစ်ခုတင်ပြီး ကြေညာခဲ့ပါတယ်။

ချီလီသမ္မတအဖြစ် နှစ်ကြိမ် ရွေးကောက်ခံရဖူးတဲ့ ဘာချလတ်ဟာ UNရဲ့ လူ့အခွင့်အရေး အေဂျင်စီ အကြီးအကဲ အဖြစ်လည်း တာဝန်ယူခဲ့ဖူးပါတယ်။ ဘာချလတ် နုတ်ထွက်သွားပေမယ့် UN အကြီးအကဲ နေရာကို ဆက်ခံဖို့ ပြိုင်ဆိုင်သူ နောက်ထပ် ၇ ဦး ကျန်ရှိနေဆဲပါ။ ပြီးတော့ နောက်ထပ် ယှဉ်ပြိုင်သူ အသစ်တွေလည်း တိုးလာနိုင်ခြေ ရှိနေပါသေးတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ UN အကြီးအကဲ အန်တိုနီယို ဂူတာရက်ဇ်ရဲ့ ဒုတိယ ၅ နှစ်သက်တမ်းကတော့ အခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

လူထုအမြင် စစ်တမ်းတွေ အရတော့ UNရဲ့ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးဌာန အကြီးအကဲဖြစ်သူ ကော်စတာရီကာ ဒုတိယ သမ္မတဟောင်းနဲ့ စီးပွားရေး ပညာရှင် ရေဘက္ကာ ဂရင်းစပန်းက အဓိက ရေပန်းစားနေပါတယ်။ တကယ်လို့ ဂရင်းစပန်းသာ ဂူတာရက်ဇ်ရဲ့ နေရာကို အမှန်တကယ် ဆက်ခံခွင့် ရမယ်ဆိုရင်တော့ UNသမိုင်းမှာ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူးချုပ် အနေနဲ့ မှတ်တမ်းသစ် ရေးထိုးနိုင်မှာပါ။ သူ့ကို အဓိက ပြိုင်ဘက်လို့ သတ်မှတ် ခံထားရသူ ဂိုင်ယာနာ နိုင်ငံခြားရေး ဝန်ကြီးဟောင်းနဲ့ UNဆိုင်ရာ ဂိုင်ယာနာ သံအမတ်ကြီး ကာရိုလင်း ရိုဒရီဂတ်ဇ်ကလည်း အမျိုးသမီး တစ်ဦးပဲ ဖြစ်ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ