Connect with us

Hi, what are you looking for?

News

ထားဝယ်မြို့ လမ်းဆုံကြီးတွင် ချိတ်ထားသော “သွေးကြွေးဆပ်ရမယ်”စာတမ်းလာဖြုတ်သည့် စစ်ကောင်စီတပ်သားများ မိုင်းမိ၊ ထိခိုက်မှုရှိဟုဆို

“ညီမအရှေ့မှာ ပေါက်ကွဲသွားတာ။ အသံအကျယ်ကြီးပဲ။ သေတော့ မသေကြဘူး၊ ဒဏ်ရာရတာတော့ရှိတယ် ”ဟု ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

(ထားဝယ်မြို့လယ်ရှိ လမ်းဆုံကြီး၌ မေလတွင်းက ပြုလုပ်ခဲ့ကြသော စစ်အာဏာရှင်ဆန့်ကျင်မှု မြင်ကွင်း၊ ဓာတ်ပုံ - CJ)

ထားဝယ်မြို့လယ် လမ်းဆုံကြီးတွင် ချိတ်ဆွဲထားသည့် “သွေးကြွေးဆပ်ရမယ်”စာတမ်း လာဖြုတ်သည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ မိုင်းပေါက်ကွဲပြီး ဒဏ်ရာရရှိသွားသည်ဟု ထားဝယ်မြို့ခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာ၂၆) နေလယ် ၁၁ နာရီခန့်က ထားဝယ်မြို့လယ်တွင်ဖြစ်သည့် ပေါက်ကွဲမှုတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်၊သေဆုံးမှု အတိအကျမသိသော်လည်း ထိခိုက်မူများရှိသည်ဟု ဒေသခံများက ပြောသည်။

“ညီမအရှေ့မှာ ပေါက်ကွဲသွားတာ။ အသံအကျယ်ကြီးပဲ။ သေတော့ မသေကြဘူး၊ ဒဏ်ရာရတာတော့ရှိတယ် ”ဟု ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထိုပေါက်ကွဲမှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက လမ်းဆုံကြီးအနီးအနားတွင် အင်အား အများအပြားဖြင့် လမ်းသွား၊လမ်းလာများကို စစ်ဆေးနေသည်ဟု ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။