Connect with us

Hi, what are you looking for?

News

ထားဝယ်မြို့ လမ်းဆုံကြီးတွင် ချိတ်ထားသော “သွေးကြွေးဆပ်ရမယ်”စာတမ်းလာဖြုတ်သည့် စစ်ကောင်စီတပ်သားများ မိုင်းမိ၊ ထိခိုက်မှုရှိဟုဆို

“ညီမအရှေ့မှာ ပေါက်ကွဲသွားတာ။ အသံအကျယ်ကြီးပဲ။ သေတော့ မသေကြဘူး၊ ဒဏ်ရာရတာတော့ရှိတယ် ”ဟု ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

(ထားဝယ်မြို့လယ်ရှိ လမ်းဆုံကြီး၌ မေလတွင်းက ပြုလုပ်ခဲ့ကြသော စစ်အာဏာရှင်ဆန့်ကျင်မှု မြင်ကွင်း၊ ဓာတ်ပုံ - CJ)

ထားဝယ်မြို့လယ် လမ်းဆုံကြီးတွင် ချိတ်ဆွဲထားသည့် “သွေးကြွေးဆပ်ရမယ်”စာတမ်း လာဖြုတ်သည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ မိုင်းပေါက်ကွဲပြီး ဒဏ်ရာရရှိသွားသည်ဟု ထားဝယ်မြို့ခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာ၂၆) နေလယ် ၁၁ နာရီခန့်က ထားဝယ်မြို့လယ်တွင်ဖြစ်သည့် ပေါက်ကွဲမှုတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်၊သေဆုံးမှု အတိအကျမသိသော်လည်း ထိခိုက်မူများရှိသည်ဟု ဒေသခံများက ပြောသည်။

“ညီမအရှေ့မှာ ပေါက်ကွဲသွားတာ။ အသံအကျယ်ကြီးပဲ။ သေတော့ မသေကြဘူး၊ ဒဏ်ရာရတာတော့ရှိတယ် ”ဟု ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထိုပေါက်ကွဲမှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက လမ်းဆုံကြီးအနီးအနားတွင် အင်အား အများအပြားဖြင့် လမ်းသွား၊လမ်းလာများကို စစ်ဆေးနေသည်ဟု ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်