Connect with us

Hi, what are you looking for?

သတင်း

မြန်မာဒုက္ခသည်တွေပြန်ပို့ရေးနဲ့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံရေးအစီအစဥ်ကို မလေးရှားရောက် မြန်မာတွေ ကန့်ကွက်ဆန္ဒပြ

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ - COBEM

စက်တင်ဘာ ၂၄၊၂၀၂၆။သုည/People’s Spring

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ယင်းဆန္ဒပြပွဲကို မလေးရှားနိုင်ငံ Putrajaya မြို့မှာရှိတဲ့ နိုင်ငံတော်လုံခြုံရေးကောင်စီနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရုံးရှေ့မှာ ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြ​သူတွေက လုံခြုံမှုမရှိသေးတဲ့ မြန်မာနိုင်ငံကို ဒုက္ခသည်တွေ ပြန်ပို့မယ့်အစီအစဉ်ကို ရပ်တန့်ပေးဖို့၊ ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့်အစီအစဉ်ကိုလည်း ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

Suhakam၊ UNHCR၊ လူထုအခြေပြုအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပါဝင်တဲ့ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး သဘောတူညီချက်ရတဲ့အထိ ဒုက္ခသည်ပြန်ပို့ရေးအစီအစဉ်ကို ဆိုင်းငံ့ထားဖို့ကိုလည်း မလေးရှားရောက် မြန်မာတွေက တောင်းဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ ထိပ်သီးအစည်းအ​ဝေး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားမှာ မဟုတ်ကြောင်း တိတိကျကျ ကြိုတင် ထုတ်ပြန်ပေးဖို့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များ အဖွဲ့ (APHR) နဲ့ မြန်မာ့အရေးအထူးအကြံပေးကောင်စီ (SAC-M)တို့က အာဆီယံကို တောင်းဆိုလိုက်ပါတယ်။

သတင်း

မလေးရှားအစိုးရရဲ့စီမံချက်တွေကြောင့် မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေ တစ်ရက် အနည်းဆုံး ၅၀ကျော် ဖမ်းဆီးခံနေရပြီး မလေးရှားအာဏာပိုင်တွေကပြီးခဲ့တဲ့ ၃ လအတွင်းမြန်မာလုပ်သား ၄၀၀၀ ကျော်ကို နေရပ်ပြန်ပို့ထားပါတယ်။

ဆောင်းပါး

တစ်နေ့လုပ်ခ ဘတ် ၄၀၀ ရတယ်ဆိုပါစို့။ အရင်က မိသားစု စားဖို့တောင် သူများဆီက ငွေချေးနေရတဲ့သူတစ်ယောက်အတွက် ဒီငွေဟာ ဘယ်လောက်တောင် အဓိပ္ပာယ်ရှိမလဲ။ ကိုယ့်ဝမ်းကိုယ် ကျောင်းနိုင်ဖို့၊ မိဘတွေရဲ့ ကျန်းမာရေးအတွက် ငွေပို့ပေးနိုင်ဖို့၊ နောက်တစ်နေ့ ဘာစားရမလဲဆိုတဲ့ စိုးရိမ်စိတ် မရှိဘဲ အိပ်ပျော်နိုင်ဖို့ဆိုတာ သူတို့အတွက် အိပ်မက်တစ်ခုလိုပါပဲ။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေကြား ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။