Connect with us

Hi, what are you looking for?

အတွေးအမြင်

ပေါက်ကိုယ်တော် ပျူ​တွေကိုထိန်းမနိုင်​တာလား၊​ခေါင်း​ရှောင်တာလား

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

(​စစ်တပ်လက်​​အောက်ခံပေါက်ကိုယ်​တော် နဲ့ ပျူ​​စောထီး​တွေ ။ဓါတ်ပုံ-စစ်​ကောင်စီ)

ဗေဒါ/People’s Spring

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

“ပေါက်ကိုယ်တော် တပည့်လို့ မပြောနဲ့။ အောက်တန်းကျလွန်းလို့”ဆိုပြီး မန္တလေးမြို့ပေါ်မှာ လူမိုက်စတိုင်နဲ့ ထင်ရာစိုင်း အနိုင်ကျင့် ဗိုလ်ကျနေတဲ့ ပျူစောထီးတွေကို ရုပ်သံနဲ့တကွ ပြောဆိုခဲ့တာပါ။ စစ်တပ်ဘာလုပ်လုပ်ထောက်ခံပြီး မန္တလေးမြို့မှာ ပျူစောထီးအဖွဲ​တွေ အများအပြား မွေးထုတ်ထားတဲ့ ပေါက်ကိုယ်တော် ကိုယ်တိုင်ကတောင် စိတ်ပျက်သွားရလောက်အောင် မန္တလေးကပျူတွေ ဘယ်လောက်အထိ ဆိုးသွမ်းနေပါသလဲ။ ဒါ​ပေမယ့် တချို့ပြည်သူ​တွေကလည်း ​စစ်တပ်​အမာခံ ဘုန်းကြီးဟာ သူ​မွေးထားတဲ့ ပျူ​တွေကို တာဝန်မခံချင်​တော့လို့ ​ခေါင်း​ရှောင်တဲ့စကား​ပြောတာလို့ သုံးသပ်ကြပါတယ်။

မန္တလေးက ပျူစောထီးတွေဟာ သေနတ်ပြဆိုင်ကယ်လုယက်မှုတွေ အပါအဝင် အရက်ဘားတွေမှာ လူငယ်ချင်းပြဿနာဖြစ်ကြရာကနေ သေနတ်ထုတ်ပြပြီး ခြိမ်းခြောက်တာတွေ၊ ကားနဲ့လိုက်တိုက်လို့ လူငယ်အမျိုးသားတဦးသေကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့သြဂုတ်လက မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းက ကျောက်ကုန်သည်တစ်ဦးဆီကနေ လက်နက်ကိုင်ပျူစောထီးတွေက ကာလတန်ဖိုး ကျပ်သိန်း ၅၀၀ လောက်တန်တဲ့ကျောက်စိမ်းလက်ဝတ်ရတနာတွေကို လုယက် ယူဆောင်သွားခဲ့တယ်။ အဲဒီပျူစောထီးကလည်း ပေါက်ကိုယ်တော်တပည့်လို့ပြောဆိုခဲ့ကြတယ်။ပေါက်ကိုယ်တော်ကတော့သူ့တပည့်မဟုတ်ဘူးလို့ငြင်းပါတယ်။

မကြာပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးစက်မှုဇုန်မှာ ပျူစောထီးခေါင်းဆောင် မျိုးထွန်း ဦးဆောင်တဲ့အဖွဲ့ဟာလူငယ်တွေကိုစစ်မှုထမ်းဖို့အတွက် လိုက်လံဖမ်းဆီးခေါ်ဆောင်ပြီး မိသားစုဝင်တွေဆီကနေ ငွေညှစ်ခဲ့တယ်။ အဲဒီအဖွဲ့ဟာ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့က လူငယ်တစ်ဦးကို ဖမ်းဆီးပြီး လူငယ်ရဲ့ မိသားစုဝင်တွေဆီကို ဆက်သွယ်ကာ ငွေကျပ် သိန်း ၃၅၀ နဲ့ လာရွေးဖို့၊ မရွေးရင် ခလရ (၉၅) တပ်ရင်းကို ပို့ဆောင်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရတယ်။

ခြိမ်းခြောက်ခံရတဲ့မိသားစုဟာ အခြား ပျူစောထီးအဖွဲ့တစ်ခုကို ဆက်သွယ်အကူအညီတောင်းကာ ငွေလာပေးမယ်ဆိုပြီး ချိန်းဆိုပြီးနောက် ငွေလာယူချိန်မှာ ဖမ်းဆီးလိုက်တယ်လို့ဆိုပါတယ်။ ပြည်ကြီးတံခွန်က ပျူတွေဆိုတာကလည်း ပေါက်ကိုယ်တော်ရဲ့အာဏာစက် သက်ရောက်တဲ့အဖွဲ့တွေလို့ ဒေသခံတွေက ပြောတယ်။

ဒါတွေဟာ ထင်ထင်ရှားရှား ထွက်ပေါ်လာတဲ့ ပျူစောထီးတွေရဲ့ ဖြစ်စဥ်တချို့ပဲ ရှိပါသေးတယ်။ လူမသိသူမသိ ကြိတ်ဖြေရှင်းလိုက်ကြတဲ့ ပျူစောထီးတွေရဲ့ သောင်းကျန်းမှုတွေက အများကြီးရှိနေသေးကြောင်း မြို့ခံတွေက ပြောတယ်။

ပျူစောထီးတွေဟာ မန္တလေးမြို့ထဲမှာ အလှူလှည့်သလို ဆိုင်ကယ်တွေ၊ ကားတွေ ယာဥ်တန်းကြီးတွေနဲ့ လက်နက်ကိုင်ပြီးလှည့်တာတွေဟာမန္တလေးသူမန္တလေးသားတွေအတွက်မဆန်းတော့တဲ့မြင်ကွင်းပါ။ လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း ပျူတွေက ဖမ်းဆီးငွေညှစ်တာ၊ ခြိမ်းခြောက်တာတွေ ပြလုပ်လေ့ရှိတယ်လို့ သိရတယ်။

“ငှက်ကြီးတောင် ဓားကြီးတွေကိုင်၊ ရှေ့မှာယူနီဖောင်းကြီးတွေပုံလို့ ပြည်သူ့စစ်တွေ။ ဂုဏ်သိက္ခာလည်း ကျတာပေါ့နော်” ပေါက်ကိုယ်တော်က ဆိုပါတယ်။

တကယ်တော့ ပေါက်ကိုယ်တော်ဟာ ဒီမီးကို သူကိုယ်တိုင်စမွှေးခဲ့တာပါ။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မန္တလေးမြို့က ရပ်ကွက်တွေထဲ လူရာမဝင် ပေတေသောက်စား မူးယစ်ရမ်းကားနေတဲ့သူတွေ၊ အုပ်စုဖွဲ့ လုယက်မှုတွေ ကျူးလွန်ခဲ့ကြတဲ့လူတွေ၊ မကောင်းတာ မှန်သမျှ အကုန်လုပ်တဲ့ ဇိုး​တွေကို စစ်တပ်က ပျူစောထီး​တွေ ပြည်သူ့စစ်​တွေဆိုပြီး လက်နက်​တပ်ဆင်ပေးခဲ့ရာ ပေါက်ကိုယ်တော်ကလည်း အရေးပါတဲ့အခန်းကဏ္ဍကနေ အားပေးအားမြှောက်ပြုခဲ့တယ်။

စစ်တပ်​မွေးထားတဲ့ပါတီဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီ(တစည)ကနေမျိုးကျော်ကလည်း ၂၀၂၃ခုနှစ်မှာ ရဲမွန်တောင်ပြည်သူ့စစ်ကိုစတင်ဖွဲ့စည်းခဲ့တယ်။ ရဲမွန်တောင်ပြည်သူ့စစ်ပျူတွေဟာ အိမ်စီးကားနဲ့ ပေါ်တာဆွဲတာ၊လူငယ်ချင်းစကားများရာမှာ အုပ်စုဖွဲ့ သတ်ဖြတ်တာတွေမှာ နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ ပြည်ကြီးတံခွန်၊ အောင်မြေသာစံ၊ အမရပူရ၊ ချမ်းအေးသာစံစတဲ့မြို့နယ်တွေမှာလည်း ဒုစရိုက်သမားတွေ၊ လူရမ်းကားတွေဟာ ပျူ​​စောထီးအဖွဲ့တွေထဲ ရောက်လာခဲ့ကြတယ်။

“ဇရှိတဲ့ဇိုး တော်တော်များများကို စည်းရုံးနိုင်ခဲ့တယ်။ မန္တလေးတကြော ဇိုးတော်တော်များများကို ကဲ မင်းတို့မဟုတ်တောင်မှ ဓားတရမ်းရမ်းနဲ့ မဟုတ်တောင်မင်းတို့ ရန်ဖြစ် နေသေးတယ်။အဲဒီတော့ တိုင်းပြည်အတွက် အကျိုးရှိရှိ သေနတ်ကိုင်”လို့ လူမိုက်​တွေကို စစ်တပ်လက်​အောက်ခံပျူ​တွေဖြစ်​အောင်လုပ်ပေးခဲ့တာကို စစ်တပ်​ထောက်ခံတဲ့ သံဃာန်းဝတ်ကဂုဏ်ယူစွာ​​​ ပြောခဲ့ဖူးပါတယ်။

မန္တလေးမှာများ ပျူတွေ ဘယ်လောက်အထိ ဆိုးလာသလဲဆိုရင် TikTok ဆယ်လီဇော်ဝင်းမောင် သူ့ဘာသာစီးပွါးရေးသမားချင်း လူမှုရေးပြဿနာဖြစ်တာကို မြင်းခေါင်းတီရှပ်အဖြူ၊ သော့တံဆိပ် ပလေကပ်ဝတ် ပျူစောထီးတွေခေါ်ပြီး ဆိုင်ရှေ့မှာတင် မိုက်ကြေးခွဲ စိန်ခေါ်ပြခဲ့တယ်။

အခုတော့ ပေါက်ကိုယ်တော်တစ်ယောက် သူမွှေးတဲ့မီး သူ့ပြန်လောင်ပါပြီ။ “ပေါက်ကိုယ်တော်တို့တပည့်၊ ပေါက်ကိုယ်တော်တို့နာမည်သုံးတာသိက္ခာကျသေးတယ်။ အောက်တန်းကျတဲ့အလုပ် လုပ်ကြတာလေ။ တို့အမည် နာမည်တော့ မသုံးပါနဲ့ကွာ။ နော်။ ဒီလိုစိတ်ဓါတ်မျိုးလည်း တပည့်မတော်ချင်ဘူး။ ဒီလိုအောက်တန်းကျတဲ့ စိတ်ဓါတ်မျိုး။ လူပါးဝတဲ့ စိတ်ဓာတ်မျိုးတွေ။ အထူးသဖြင့် ပေါက်ကိုယ်တော်တပည့်၊ ပေါက်ကိုယ်တော်တပည့် မလုပ်ကြနဲ့။ သိတဲ့အချိန်ကတော့ မလွယ်ဘူးသာမှတ်”လို့ ပေါက်ကိုယ်တော်က ဆိုပါတယ်။

တကယ်​တော့ ​ပေါက်ကိုယ်​တော်က ပျူ​တွေ​လောက်ကိုပဲ အဲလိုကြိမ်း​မောင်းရဲတာပါ ။ပျူ​တွေထက် အဆ​​ပေါင်းများစွာ ဆိုးယုတ်ပြီး စစ်ရာဇဝတ်မှု​တွေ ကို ​နေ့စဥ်ထမင်စား​ရေ​သောက်ကျူးလွန်​နေတဲ့ အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် နဲ့ စစ်အုပ်စုကို​တော့လေသံ​တောင် သူမဟရဲပါဘူး။​

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook