Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရှီကျင့်ဖျင်ကို အိမ်ဖြူတော် ညစာစားပွဲနဲ့ တခမ်းတနား ဧည့်ခံခဲ့တဲ့ ထရမ့်

ဧည့်သည်တော် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခမ်းနားထည်ဝါတဲ့ အိမ်ဖြူတော် ဂုဏ်ပြု ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံခဲ့ပြီး အမေရိကန်ရဲ့ နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ - The New York Times

ဧည့်သည်တော် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခမ်းနားထည်ဝါတဲ့ အိမ်ဖြူတော် ဂုဏ်ပြု ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံခဲ့ပြီး အမေရိကန်ရဲ့ နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့က အိမ်ဖြူတော်မှာ ထရမ့်နဲ့ ရှီတို့ တွေ့ဆုံပြီးတဲ့နောက် ညနေပိုင်းမှာတော့ ရှီနဲ့ ဇနီးဖြစ်သူ ပန်လိယွမ်တို့ကို ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့တာ ဖြစ်ပါတယ်။ အစီအစဉ်ကိုတော့ ဘီလီယံနာ သူဌေးကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ တရုတ်-အမေရိကန် ဆက်စပ်ဆွေးနွေးမှုတွေမှာ ကူညီပေးနေသူတွေ တက်ရောက်ခဲ့ကြပါတယ်။

သမ္မတရှီနဲ့ သူဟာ ကွဲပြားတဲ့ စနစ်တွေကို ကိုယ်စားပြုနေရတယ် ဆိုတာကို အသီးသီး နားလည်ကြကြောင်း၊ ဒါပေမဲ့ နှစ်နိုင်ငံကြားက ဆက်ဆံရေးတွေဟာ ခိုင်မာတည်တံ့ခဲ့ပြီး လက်ရှိမှာ အကောင်းဆုံး ဖြစ်လာနေကြောင်း၊ အတူလက်တွဲ ရှေ့ဆက်ရင်း အနာဂတ် မျိုးဆက်တွေအတွက် ကြီးပွားချမ်းသာမှုနဲ့ လုံခြုံမှုကို မြှင့်တင်ပေးမယ့် ဆက်ဆံရေး တစ်ခုကို ဆက်လက် တည်ဆောက်သွားနိုင်မှာဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။

ရှီက ထရမ့်ဟာ အမေရိကန်ကို တကျော့ပြန် ခမ်းနားတိုးတက်လာအောင် လုပ်ဆောင်နေကြောင်း၊ တရုတ်ကလည်း ပြန်လည် သွေးသစ်လောင်းနေကြောင်း၊ နှစ်နိုင်ငံစလုံးက ကိုယ်စီ ရည်မှန်းချက် ကြီးကြီးတွေနဲ့ ရှေ့ဆက်နေပေမယ့် အပြန်အလှန် ရိုင်းပင်းကူညီရင်း အကောင်အထည် ဖော်သွားလို့ရကြောင်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ အတော်လေး ပျူငှာနွေးထွေးတဲ့ စကားလုံးတွေကို သုံးစွဲပြီး အသီးသီး မိန့်ခွန်း ပြောခဲ့ပါတယ်။ ရှီက တရုတ် အစိုးရဟာ အမေရိကန်နဲ့ ဆက်ဆံရေးကို နွေးထွေးပြီး တည်ငြိမ်နေစေချင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ အတူလက်တွဲပြီး ရင်ဘောင်တန်း ရှေ့ဆက်ကြဖို့လည်း သူက ညစာစားပွဲမှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ထရမ့်က အမေရိကန် နိုင်ငံရဲ့ အမျိုးသား သင်္ကေတဖြစ်တဲ့ ခေါင်းဖြူ သိန်းငှက်တစ်ကောင်ပုံ ရုပ်တုကို ရှီအတွက် လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။ ဘေဂျင်းမြို့က ကောင်းမွန်တဲ့ နေရာတစ်ခုမှာ ဒီလက်ဆောင်ကို ခင်းကျင်းပြသထားဖို့ သူမျှော်လင့်ကြောင်း ထရမ့်က ပြောပါတယ်။ ရုပ်တုကို ဖန်တီးထုလုပ်ရာမှာ ဒီဇိုင်းပိုင်းနဲ့ ပတ်သက်လို့ သူနဲ့ သမ္မတကတော် မယ်လာနီယာ ထရမ့်တို့က ပါဝင် အကြံပေးခဲ့သေးတယ်လို့ ထရမ့်က ဆိုပါတယ်။

အိမ်ဖြူတော်ဆီ ရှီနဲ့ဇနီးတို့ အလည်အပတ် ရောက်ရှိနေချိန် အတောအတွင်း ထရမ့်ဟာ အမေရိကန် သမ္မတ စီးတော် ရဟတ်ယာဉ်ဖြစ်တဲ့ Marine Oneပေါ်ကိုလည်း လိုက်လံ ပြသခဲ့သလို သူ့ညွှန်ကြားချက်အရ အိမ်ဖြူတော်မှာ ဆောက်လုပ်ထားတဲ့ ရဟတ်ယာဉ်ကွင်း အသစ်ဆီကိုလည်း ခေါ်ဆောင်သွားခဲ့ပါသေးတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ အစောပိုင်းတုန်းတော့ ရှီနဲ့ ထရမ့်တို့ဟာ တံခါးပိတ် ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ထိုင်ဝမ်အရေး၊ ကုန်သွယ်ရေး အခွန်ကိစ္စ ညှိနှိုင်းမှု၊ နည်းပညာ တင်ပို့ခွင့် ကန့်သတ်ချက်၊ အီရန်စစ်ပွဲစတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ပေမယ့် ထူးခြားထင်ရှားတဲ့ မဟာဗျူဟာမြောက် သဘောတူညီမှုတွေတော့ မရရှိခဲ့ပါဘူး။ နှစ်ဖက်ကြားမှာတော့ ကွဲပြားတဲ့ အမြင်တွေကို ပွင့်ပွင့်လင်းလင်း တင်ပြ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

တစ်ဖက်မှာတော့ နှစ်နိုင်ငံကြား ကုန်သွယ်ရေး တင်းမာမှုတွေ ပြန်မစလာစေဖို့ အပြန်အလှန် ကုန်သွယ်ခွန်တွေ ဆိုင်းငံ့ထားတာကို သက်တမ်းထပ်တိုးဖို့၊ ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်ပြီး လုံခြုံဘေးကင်းအောင် နှစ်နိုင်ငံ စလုံးက ထိန်းသိမ်း လုပ်ဆောင်ဖို့၊ နှစ်ဖက်ပြည်သူတွေကြား ကူးလူး ဆက်ဆံမှုနဲ့ ကျောင်းသားတွေ အပြန်အလှန် ပေးပို့ကြဖို့ စတာတွေကိုတော့ သဘောတူခဲ့ပါတယ်။ ပြီးတော့ တရုတ်က အမေရိကန် တိရစ္ဆာန်ရုံတွေဆီ ပန်ဒါဝက်ဝံတွေ ပေးပို့ဖို့လည်း သဘောတူခဲ့ပါတယ်။

ထရမ့်ဟာ ရှီရဲ့ ခရီးစဉ်အတွက် အထူးအလေးထား ပြင်ဆင်မှုတွေနဲ့ ကြိုဆိုခဲ့ပါတယ်။ အမေရိကန် သမ္မတတွေ လုပ်လေ့လုပ်ထ မရှိတဲ့ အခြေအနေအဖြစ် သူဟာ စက်တင်ဘာ ၂၃ ရက်နေ့က ရှီကို လေဆိပ်ထိ ဆင်းကြိုခဲ့တာကိုလည်း တွေ့ရပါတယ်။ ပုံမှန်ဆိုရင်တော့ ပြည်ပ ဧည့်သည်တော်တွေကို အမေရိကန် သမ္မတက အိမ်ဖြူတော်ကပဲ စောင့်ကြိုပြီး တရားဝင် ကြိုဆိုပွဲ အခမ်းအနားတွေ ပြုလုပ်လေ့ရှိကြောင်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတဟောင်းတွေရဲ့ ဓာတ်ပုံတွေ ထားရှိရာ လျှောက်လမ်းမှာ သမ္မတဟောင်း ဂျိုးဘိုင်ဒန်အစား အလိုအလျောက် လက်မှတ်ထိုးစက် (autopen)ပုံ ချိတ်ထားတာကို ဒေါ်နယ်လ်ထရမ့်က ဧည့်သည် တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ပြသခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

သတင်းဌာန သုံးခုကို အိမ်ဖြူတော်မှာ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ကို တရားရုံး တစ်ခုက ကြားဝင် တားမြစ်လိုက်ပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

Facebook