Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖင်လန်လေတပ်အတွက် ပထမဆုံး F-35 တိုက်လေယာဉ်တွေ လက်ခံရရှိ

အမေရိကန်ဆီကနေ ပထမဆုံး F-35 တိုက်လေယာဉ် နှစ်စီးကို ဖင်လန်က လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။ ဖင်လန်ဟာ ၂၀၂၁ ခုနှစ်မှာ အဲဒီ ပဉ္စမမျိုးဆက် တိုက်လေယာဉ် စုစုပေါင်း ၆၄ စီးကို မှာယူထားပြီး အခုတော့ ပထမဆုံး အသုတ်ကို လက်ခံရရှိလာခဲ့တာပါ။

ဓာတ်ပုံ - Finnish Air Force

အမေရိကန်ဆီကနေ ပထမဆုံး F-35 တိုက်လေယာဉ် နှစ်စီးကို ဖင်လန်က လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။ ဖင်လန်ဟာ ၂၀၂၁ ခုနှစ်မှာ အဲဒီ ပဉ္စမမျိုးဆက် တိုက်လေယာဉ် စုစုပေါင်း ၆၄ စီးကို မှာယူထားပြီး အခုတော့ ပထမဆုံး အသုတ်ကို လက်ခံရရှိလာခဲ့တာပါ။

ရုရှားရဲ့ ခြိမ်းခြောက်မှုတွေက ယူကရိန်းကို ကျော်လွန်ပြီး NATO စစ်မဟာမိတ် အဖွဲ့ရဲ့ အရှေ့ဖက်ခြမ်း နယ်မြေတွေကိုပါ သက်ရောက်လာနေတဲ့ အချိန်မှာ ဖင်လန်ဟာ အခုလို အဆင့်အမြင့်ဆုံး တိုက်လေယာဉ်တွေကို လက်ခံရရှိလာတာ ဖြစ်ပါတယ်။ ဖင်လန်ဟာ NATOရဲ့ ဒုတိယ သက်တမ်းအနုနယ်ဆုံး အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလမှာ NATOကို ဝင်ရောက်ခဲ့ပါတယ်။

ပထမဆုံး F-35 တိုက်လေယာဉ်တွေဟာ ရိုဗန်နိုင်မီမှာ ရှိနေတဲ့ လပ်လန် လေတပ်စခန်းဆီ စက်တင်ဘာ ၁၈ ရက်နေ့မှာ ဆိုက်ရောက်လာခဲ့ကြောင်း ဖင်လန် လေတပ်က အတည်ပြုခဲ့ပါတယ်။

ဥရောပ နိုင်ငံတွေဟာ ကာကွယ်ရေး ကဏ္ဍအတွက် အမေရိကန်အပေါ် အလွန်အကျွံ မှီခိုနေရမှုကို လျှော့ချဖို့ ကြိုးစားနေပေမယ့် ဖင်လန်ကတော့ F-35တွေ ဝယ်ယူမယ့် မူလ အစီအစဉ်အတိုင်း အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ ဖင်လန် သတင်းဌာန တချို့ကတော့ အဲဒီ လေယာဉ်တွေဟာ နည်းပညာပိုင်းမှာ အရမ်းခေတ်ရှေ့ပြေးတာ မှန်ပေမယ့် အမေရိကန်ရဲ့ အစဉ်တစိုက် ထောက်ပံ့မှု ရပ်တန့်လိုက်တာနဲ့တင် ပျံသန်းလို့ မရတဲ့အဆင့် ဖြစ်သွားနိုင်ကြောင်း သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဖင်လန်လေတပ်ဟာ ပင်မ တိုက်ခိုက်ရေး ကဏ္ဍအတွက် အမေရိကန်လုပ် F/A-18 တိုက်လေယာဉ်တွေကို အသုံးပြုနေရာကနေ F-35Aတွေနဲ့ အစားထိုးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်ပွဲနောက်ပိုင်း ဖင်လန်အပါအဝင် ဥရောပ နိုင်ငံတွေဟာ လုံခြုံရေး ကဏ္ဍကို ပိုပြီး အင်တိုက်အားတိုက် အဆင့်မြှင့်တင်ဖို့ ကြိုးစားလာပါတယ်။ ဒါ့အပြင် နော်ဒစ် ဒေသတွင်း နိုင်ငံတွေဟာလည်း ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ပူးပေါင်း စောင့်ကြည့်မှုတွေကို အရှိန်အဟုန် မြှင့်တင်လာနေပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့မှာတော့ ပထမဆုံး အကြိမ်အဖြစ် ဖင်လန်ရဲ့ F/A-18 တိုက်လေယာဉ်တွေနဲ့ ဆွီဒင်ရဲ့ Gripen တိုက်လေယာဉ်တွေ ပူးပေါင်းပြီး ဖင်လန် ပင်လယ်ကွေ့နားမှာ ပျံသန်းနေတဲ့ ရုရှား စစ်လေယာဉ်အုပ် တစ်ခုကို ကြားဖြတ် စောင့်ကြည့်ခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: Caliber

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အဆင့်မြင့် F-35 တိုက်လေယာဉ်တွေကို ဆော်ဒီအာရေးဘီးယားဆီ ရောင်းချပေးဖို့ အမေရိကန်က မီးစိမ်းပြလိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

တူရကီဆီ F-35 တိုက်လေယာဉ်တွေ ရောင်းချရေး စဉ်းစားပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ထိပ်တန်း F-35 တိုက်လေယာဉ် တစ်စီးဟာ အီရန်ရဲ့ ပစ်ခတ်မှုကြောင့်လို့ ယူဆရတဲ့ အခြေအနေကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

Facebook