Connect with us

Hi, what are you looking for?

သတင်း

လောက်ကိုင်မှာကျင်းပတဲ့လမုန့်စားပွဲမှာ AAနဲ့ TNLA၊MNDAA ခေါင်းဆောင်တွေတက်ရောက်

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ - The Kokang

စက်တင်ဘာ-၂၆၊၂၀၂၆။ထားမြတ်/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

စက်တင်ဘာ ၂၅ရက်က ပြုလုပ်တဲ့ အခမ်းအနားမှာ ကိုးကန့်ခေါင်းဆောင် ဖုန်တဲရင်၊ TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းနဲ့ ဒုဥက္ကဋ္ဌတာခူးလန်း၊ AA ဒုစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်တို့ တက်ရောက်ခဲ့ကြောင်း ကိုးကန့်သတင်းပြန်ကြားရေးက တရုတ်ဘာသာနဲ့ ထုတ်ပြန်တဲ့ သတင်းမှာမှတ်တမ်းဓာတ်ပုံတွေ ​ဖော်ပြထားပါတယ်။

ညီနောင်မဟာမိတ်တွေဖြစ်ကြတဲ့ ကိုးကန့်၊တအာင်း၊ရက္ခိုင်တပ်ဖွဲ့တွေအနက်ကိုးကန့်နဲ့ တအာင်းတပ်တွေဟာ ရှမ်းမြောက်ဒေသ နယ်မြေဆိုင်ရာ အငြင်းပွားမှုနဲ့ပတ်သက်ပြီး အခုနှစ်မတ်လမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဝက်ခန့်အကြာမှာ ကိုးကန့်တပ်က ပြုလုပ်တဲ့ လမုန့်စားပွဲကို TNLA ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်လာတဲ့ အခြေအနေလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကိုးကန့်တပ်ဟာTNLAထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ညီနောင်မဟာမိတ် သုံးဖွဲ့အနက် AAဟာ အာဏာသိမ်းစစ်တပ်ကို လက်ရှိအချိန်ထိတိုက်ခိုက်နေဆဲဖြစ်ပြီး MNDAAနဲ့ TNLA တို့ကတော့ စစ်ကောင်စီနဲ့ အပစ်ရပ်စဲရေးလုပ်ဆောင်ထားကြပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကဟန်ပြလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာလည်း TNLAနဲ့ MNDAA တို့က လက်ခံခဲ့ပြီး နှစ်ဖွဲ့လုံးက ခေါင်းဆောင်တွေဟာ နေပြည်တော်ကို သွားရောက်ကာစစ်အုပ်စုနဲ့ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလို ကိုးကန့်နဲ့ တအာင်းတပ်က စစ်အုပ်စုနဲ့ ဆွေးနွေးနေချိန် အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော် AA ထိန်းချုပ်ရာ မြို့နယ်တွေကိုလေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ အများအပြား ဖြစ်ပေါ်လျက်ရှိပါတယ်။ဒါ့အပြင်စစ်တပ်က AA ထိန်းချုပ်​ဒေသ​တွေကို စက်တင်ဘာ ၄ ရက်ကစပြီးအင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေ ​ရှေ့မတိုးနိုင်ဘဲ ​လန်ကျပြီးစစ်ဦးကျိုးကာ စစ်တပ်စခန်း​တွေကို AA ကပြန်သိမ်းပိုက်​နေပါတယ် ။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

Facebook