Connect with us

Hi, what are you looking for?

သတင်း

မုံရွာ ရပ်ကွက်အချို့ မိုးရွာတိုင်း ရေမြုပ်​နေလို့​ဒေသခံ​တွေကျန်းမာ​ရေး​နောက်ဆက်တွဲ ပြသာနာစိုးရိမ်​နေ

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

(မုံရွာမြို့ရုံးကြီးရပ်ကွက်၊ အမှတ် (၁) နယ်မြေ၊ သလ္လာဝတီရပ်ကွက်နဲ့ ပိတောက်လမ်းမကြီးမှာရေကြီးနေစဉ်။ ဓာတ်ပုံ −​ပေးပို့)

စက်တင်ဘာ-၂၇၊၂၀၂၆။ဇေအောင်/People’s Spring

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

မုံရွာမြို့ရုံးကြီးရပ်ကွက်အမှတ်(၁)နယ်မြေ၊သလ္လာဝတီရပ်ကွက် နဲ့ ပိတောက်လမ်းမကြီး တစ်လျှောက်တို့ဟာ မိုးရွာတိုင်း ရေမြုပ်​နေကြောင်း ဒေသခံတွေက ပြောပါတယ်။

​ချင်းတွင်းမြစ်နဲ့ ကန်သာယာကြားမှာရှိတဲ့ သလ္လာဝတီရပ်ကွက်ထဲမှာ မိုးသည်းသည်းမည်းမည်း ရွာတဲ့အခါတိုင်း ​ရေနစ်​နေပြီးအချို့နေရာတွေဆိုရင် ရေအနက် ၃ ပေလောက်အထိ ရေမြင့်တက်လာလေ့ ရှိကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကျောက္ကာလမ်းလည်း ရေဝင်တယ်။ နန္ဒဝန်ဘက်တွေရောရေဝင်တယ်။ ရေကထွက်စရာမရှိ ဖြစ်နေတာ”လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မိုးများတဲ့အပြင် ပိတောက်လမ်းမကြီးအပါအဝင် အချို့နေရာတွေမှာ ရေစီးရေလာအတွက် ရေနုတ်မြောင်းစနစ် သေချာမရှိသေးတာကြောင့် မိုးရွာလိုက်တာနဲ့ ရေတွေ မစီးဆင်းနိုင်ဘဲ လမ်းပေါ်နဲ့ ရပ်ကွက်ထဲမှာ ဝပ်ကျန်နေတာဖြစ်တယ်လို့ သိရပါတယ်။

“အခုက စည်ပင်တွေက လူကြီးလမ်းကြောင်း ရှိမယ့်နေရာလောက် အလုပ်လုပ်ကြတော့တာ။မြောင်းတွေလည်းအကုန်ပိတ်ဆို့နေတာ”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

ခုလို ရေဝပ်ပြီး ရေနစ်မြုပ်မှုတွေကြောင့် ရေရှည်မှာ သန့်ရှင်းရေးနဲ့ ကျန်းမာရေး အခက်အခဲတွေ ဖြစ်လာနိုင်ကြောင်း၊ အထူးသဖြင့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ မျက်စိဝေဒနာ၊ တုပ်ကွေးနဲ့ ရေညစ်ရေဝပ်ရာကနေ ဖြစ်ပွားနိုင်တဲ့ အခြားကျန်းမာရေး ပြဿနာတွေ ကြုံရမှာကိုလည်း ဒေသခံတွေက တော်တော်လေး စိုးရိမ်နေကြတယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနကတော့ ဒီကနေ့ စက်တင်ဘာ ၂၇ ရက်မနက်က မိုးလေဝသအခြေအနေကို ထုတ်ပြန်ခဲ့ရာမှာ လက်ရှိ ဘန်ကောက်မြို့နဲ့ အနီးဝန်းကျင်အပါအဝင် ထိုင်းနိုင်ငံအောက်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း (Active Low-Pressure Cell)ဟာ ထိုင်းနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းပြီး လာမယ့် စက်တင်ဘာ၂၈ရက်နေ့မှာ မြန်မာနိုင်ငံဘက်သို့ ရွေ့လျားကာ အားလျော့ပျက်ပြယ် သွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်နေ့အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မကွေး တိုင်းတို့မှာ မိုးသက်လေပြင်းတွေ ကျရောက်နိုင်ပြီး တနင်္သာရီတိုင်းအလယ်ပိုင်းဒေသတွေမှာ နေရာ ကွက်ပြီး မိုးကြီးတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးကြီးခြင်းနောက်ဆက်တွဲ ရေကြီးတာ၊ တောင်ကျချောင်းရေလျှံတာ၊ လျှပ်တစ်ပြက်ရေလွှမ်းမိုးတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ် နိုင်ကြောင်း အသိပေးပါတယ်။

ကပ္ပလီပင်လယ်ပြင်မှာ အနောက်တောင်မုတ်သုံလေ ဆက်လက် အားကောင်းနေပြီး လှိုင်းအသင့် အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ ကမ်းနီးကမ်းဝေးရေလုပ်ငန်းတွေဆောင်ရွက်နေသူတွေအနေနဲ့ ပင်လယ်ပြင်ရေလုပ်ငန်း ဆောင်ရွက်မှုတွေကို ခေတ္တရပ်နားထားသင့်တယ်လို့ NUG က သတိပေးပါတယ်။

ဆက်လက်ပြီး တောင်ကုန်းတောင်တန်းတွေအနီးနဲ့ မြစ်ချောင်းတွေရဲ့ကမ်းပါးတွေအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုကမ်းပြိုဘေး အန္တရာယ်ကို အထူးသတိပြုနေထိုင်ကြဖို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

Facebook