Connect with us

Hi, what are you looking for?

သတင်း

ကလေးဖခင်နှစ်ဦးကိုပေါ်တာဆွဲပြီးနောက် ဝေဖန်သံတွေထွက်လာချိန်မှပြန်လွှတ်ပေး

မန္တလေးမြို့ကလေးဆေးရုံကြီးမှာဆေးရုံလာတက်နေတဲ့စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ကလေးငယ်တွေရဲ့ဖခင်နှစ်ဦးဟာအာဏာသိမ်းစစ်တပ်အတွက်ပေါ်တာဆွဲခံရပြီးနောက်ဝေဖန်မှုတွေ မြင့်တက်လာချိန်မှ စစ်တပ်က ပြန်လွှတ်ပေးလိုက်ပါတယ်။

တပ်သားသစ်စုဆောင်းခံရသူတွေကိုတွေ့ရပုံ ( ပုံဟောင်းဖြစ်ပါတယ်။) ဓာတ်ပုံ - စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်

စက်တင်ဘာ – ၂၉ ၊၂၀၂၆

မန္တလေးမြို့ကလေးဆေးရုံကြီးမှာဆေးရုံလာတက်နေတဲ့စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ကလေးငယ်တွေရဲ့ဖခင်နှစ်ဦးဟာအာဏာသိမ်းစစ်တပ်အတွက်ပေါ်တာဆွဲခံရပြီးနောက်ဝေဖန်မှုတွေ မြင့်တက်လာချိန်မှ စစ်တပ်က ပြန်လွှတ်ပေးလိုက်ပါတယ်။

“လိုင်းပေါ်မှာလူပြောများနေလို့ ပြန်လွှတ်ပေးလိုက်တာပါ”လို့ ဖြစ်စဉ်ကို သိတဲ့လုံခြုံရေးအရ အမည်မဖော်လို့တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

ပေါ်တာဆွဲခံရတဲ့ကလေးဖခင်တွေဟာအသက် ၃၃ နှစ်အရွယ်နဲ့ အသက် ၃၅ နှစ်အရွယ် တွေရှိကြတာပါ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ရက်ပိုင်းစက်တင်ဘာလ ၂၆ ရက်မှာသူတို့နှစ်ဦးဟာ မန္တလေးမြို့ လူစည်ကားနေရာမှာရှိတဲ့ကလေးဆေးရုံကြီးကနေအပြင်ထွက်ချိန်မှာပေါ်တာဆွဲခံရတာပါ။

ဆေးရုံတက်နေရတဲ့ကလေးငယ်တွေရဲ့ဖခင်တွေပေါ်တာဆွဲခံရတာကြောင့် လူမှုကွန်ရက်မှာဝေဖန်သံတွေထွက်လာပြီးနောက်သုံးရက်အကြာမှာ ပြန်လွတ်လာတာလည်းဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ပုံမှာတော့ အမျိုးသားနှစ်ဦးစလုံး ကိုဦးထုပ်ကိုယ်စီဆောင်းထားစေတာတွေ့ရပါတယ်။

ဒါကပေါ်တာဆွဲခံရပြီးနောက်ဆံပင်ကိုတပ်သားသစ်ပုံစံညှပ်ပြီးသားဖြစ်နေတာကိုဖုံးကွယ်ထားချင်တာကြောင့်ဦးထုပ်ဆောင်းစေတာဖြစ်တယ်ဆိုတဲ့ ထောက်ပြပြောဆိုမှုတွေလည်းလူမှုကွန်ရက်မှာ ထွက်ပေါ်လာနေပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တ လေးမြို့ဟာအမျိုးသားတွေကို တပ်သားသစ်အဖြစ် ပေါ်တာဆွဲ ကြမ်းနေတဲ့ မြို့လည်းဖြစ်ပါတယ်။

ပေါ်တာဆွဲတာတွေရှိနေတာကိုစစ်တပ်ရဲ့လက်ဝေခံပျုစောထီးခေါ် ပြည် သူ့စစ်ခေါင်းဆောင်ပိုင်းသက်န်းဝတ်ဘုန်းကြီးပေါက်ကိုယ်တော်ကိုယ်တိုင် သူ့ရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်က ဝန်ခံထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာစစ်မြေပြင်မှာတပ်ဖွဲ့ဝင်အင်အားပြုန်းတီးမှုများလာချိန်မှာအရွယ်ကောင်းလူငယ်လူရွယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်းဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊ဖေဖော်ဝါရီလ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်း ဉပဒေကို အသက်သွင်းခဲ့တာပါ။

အဲဒီနောက်စစ်မှုထမ်းအပတ်စဉ် တစ်ခုကို လူအင်အား ငါးထောင်နှုန်း စုဆောင်းနေတာဖြစ်ပြီး အပတ်စဉ်သတ်မှတ်နှုန်းထားပြည့်ဖို့ လူငယ်တွေကို ဖိအားပေးမဲနှိုက်စေတာ၊ လူငယ်တွေနေအိမ်မှာမရှိရင် မိဘတွေကို မဲနှိုက်စေပြီးမဲပေါက်ရင်သားဖြစ်သူကို ပြန်ခေါ်စေတာ၊အခြေခံလူတန်းစားလူငယ်တွေကိုပစ်မှတ်ထားပြီးလူသစ်စုဆောင်းတာ ၊ ပေါ်တာဆွဲတာ စတဲ့ နည်းလမ်းမျိုးစုံသုံးပြီး လူသစ်စုဆောင်းတာပါ။

စုဆောင်းလို့ရတဲ့လူငယ်တွေကိုစစ်သင်တန်းကာလတိုပေးပြီး တိုက်ပွဲတွေ ဖြစ်ရာရှေ့တန်းစစ်မြေပြင်တွေဆီစေလွှတ်နေတာလည်းဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာတိုက်ပွဲတွေမှာပစ လို့အတိုကောက်ခေါ်တဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းလူငယ်အင်အားကိုအလုံးအရင်းသုံးလာတယ်ဆိုတာကို တော်လှန်ရေးအင်အားစုတွေက ပြောဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

Facebook