စက်တင်ဘာ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီးတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စက်တင်ဘာ ၂၈ရက် မနက်ပိုင်းက ဆယ်ဇင်းဒေသ တောင်ယာကုန်းရွာမှာရှိတဲ့ SNA စခန်း ၂ခုကို သိမ်းပိုက်နိုင်ခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။
SNAနဲ့ ရှမ်းနီ ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနိုင်ခြေရှိကြောင်းလည်း သတင်းရင်းမြစ်က အသိပေးပါတယ်။

Public Service Announcement
စစ်တပ် လက်အောက်ခံ SNAနဲ့ ရှမ်းနီပြည်သူ့စစ်တွေဟာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ် စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ဗန်းမောက် မြို့နယ်တွေ အပါအဝင် ကချင်-စစ်ကိုင်းအစပ်ဒေသတွေမှာ ရှိပြီး စစ်ကောင်စီနဲ့ ပူးပေါင်းကာ တော်လှန်ရေးတပ်တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။
ဆယ်ဇင်းဒေသ SNA စခန်း ၂ခု သိမ်းပိုက်နိုင်မှုမှာ လက်နက်ခဲယမ်းအချို့ ရရှိတယ်လို့ အခြား သတင်းရင်းမြစ်တစ်ဦးကလည်း အသိပေးထားပါတယ်။
SNA စခန်းသိမ်းပိုက်နိုင်မှု အပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။
KIA နဲ့ စစ်တပ်တွေဟာ စက်တင်ဘာလအတွင်းမှာ ဗန်းမော်၊ ရွှေကူ၊ မိုးညှင်းအင်းတော်ကြီးဒေသ၊ ရှမ်းမြောက် မိုးမိတ်မြို့အနီး ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်တပ်စခန်းအချို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့ပါတယ်။


















































