အောက်တိုဘာ-၂၊၂၀၂၆။People’s Spring
မြန်မာဖက်ကသဖန်းဆိပ်ဆည်ရေလွှတ်လို့ ထိုင်းဖက်ခြမ်းမှာရေကြီးမှာမဟုတ်ဘူးလို့ ထိုင်းမိုးလေဝဌာန(TMD)ကရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာလောလောလတ်လတ် ရေကြီးမှုတွေနဲ့ ကြုံတွေ့ထားရပါတယ်။အိမ်နီးချင်း မြန်မာနိုင်ငံဖက်ကသဖန်းဆိပ်ဆည်ရေလွှတ်လိုက်တယ်ဆိုတဲ့ သတင်းတချို့ကြောင့် ထိုင်းမှာရေကြီးမလားဆိုတဲ့စိုးရိမ်မှုတွေ ပေါ်ပေါက်လာတာကြောင့် TMDက ပြန်လည် ဖြေရှင်းခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ ၁ ရက်နေ့က TMDရဲ့ ထုတ်ပြန်ချက်မှာတော့ သဖန်းဆိပ်ဆည်ဟာ ထိုင်းနိုင်ငံနဲ့ သီးခြားစီ တည်ရှိရာ မြစ်တစ်ခုပေါ်မှာ တည်ဆောက်ထားတာလို့ ဖော်ပြထားပါတယ်။ အဲဒီဆည်ဟာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကျွန်းလှမြို့နယ်ထဲက မူးမြစ်ပေါ်မှာ တည်ရှိပါတယ်။ ဆည်ရဲ့ အောက်ဖက်မှာ စီးဆင်းတဲ့ မူးမြစ်ဟာ နောက်ဆုံးမှာ ဧရာဝတီ မြစ်ထဲကို စီးဝင်သွားတာကြောင့် ထိုင်းနိုင်ငံနဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိပါဘူးလို့ TMDက ရှင်းပြထားပါတယ်။

Public Service Announcement
မြန်မာဖက်မှာ သဖန်းဆိပ်ဆည် ရေလွှတ်တဲ့ သတင်းကြောင့် ထိုင်းပြည်သူတွေ အနေနဲ့ စိုးရိမ်စရာ မလိုကြောင်း၊ ဆည်ရဲ့ တည်နေရာဟာ ထိုင်းနဲ့ ဘယ်လိုမှ ပတ်သက်ဆက်နွှယ်မှု မရှိကြောင်း TMDက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံရဲ့ ရာသီဥတု အခြေအနေတွေက အချိန်နဲ့အမျှ အပြောင်းအလဲတွေ ဖြစ်နေနိုင်ပြီး ပြည်တွင်းက မိုးရွာသွန်းမှု အခြေအနေတွေကိုတော့ အနီးကပ် ဆက်လက် စောင့်ကြည့်ဖို့လိုကြောင်း TMDက ထောက်ပြထားပါတယ်။
မိုးလေဝသ သတင်းတွေ၊ ရာသီဥတု အခြေအနေတွေနဲ့ ပတ်သက်ရင် ကောလာဟလတွေကြောင့် အထိတ်တလန့် ဖြစ်မယ့်အစား TMDရဲ့တရားဝင်ထုတ်ပြန်ချက်တွေကိုပဲယုံကြည်ကြဖို့လည်းဌာနကတိုက်တွန်းထားခဲ့ပါတယ်။
ကိုးကား: The Nation



















































