Connect with us

Hi, what are you looking for?

သတင်း

သဖန်းဆိပ်ဆည်ရေလွှတ်လို့ထိုင်းမှာရေမကြီးနိုင်ကြောင်းထိုင်းမိုးလေဝသဌာနရှင်းလင်း​နေရ

မြန်မာဖက်ကသဖန်းဆိပ်ဆည်ရေလွှတ်လို့ ထိုင်းဖက်ခြမ်းမှာရေကြီးမှာမဟုတ်ဘူးလို့ ထိုင်းမိုးလေဝဌာန(TMD)ကရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။

(၂၀၂၆ သြဂုတ်လဆန်းမှာ သဖန်းဆိပ်ဆည်​ရေလွှတ်​နေစဥ် ။ဓါတ်ပုံ-File)

​အောက်တိုဘာ-၂၊၂၀၂၆။People’s Spring

မြန်မာဖက်ကသဖန်းဆိပ်ဆည်ရေလွှတ်လို့ ထိုင်းဖက်ခြမ်းမှာရေကြီးမှာမဟုတ်ဘူးလို့ ထိုင်းမိုးလေဝဌာန(TMD)ကရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာလောလောလတ်လတ် ရေကြီးမှုတွေနဲ့ ကြုံတွေ့ထားရပါတယ်။အိမ်နီးချင်း မြန်မာနိုင်ငံဖက်ကသဖန်းဆိပ်ဆည်ရေလွှတ်လိုက်တယ်ဆိုတဲ့ သတင်း​တချို့ကြောင့် ထိုင်းမှာရေကြီးမလားဆိုတဲ့စိုးရိမ်မှုတွေ ပေါ်ပေါက်လာတာကြောင့် TMDက ပြန်လည် ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့က TMDရဲ့ ထုတ်ပြန်ချက်မှာတော့ သဖန်းဆိပ်ဆည်ဟာ ထိုင်းနိုင်ငံနဲ့ သီးခြားစီ တည်ရှိရာ မြစ်တစ်ခုပေါ်မှာ တည်ဆောက်ထားတာလို့ ဖော်ပြထားပါတယ်။ အဲဒီဆည်ဟာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကျွန်းလှမြို့နယ်ထဲက မူးမြစ်ပေါ်မှာ တည်ရှိပါတယ်။ ဆည်ရဲ့ အောက်ဖက်မှာ စီးဆင်းတဲ့ မူးမြစ်ဟာ နောက်ဆုံးမှာ ဧရာဝတီ မြစ်ထဲကို စီးဝင်သွားတာကြောင့် ထိုင်းနိုင်ငံနဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိပါဘူးလို့ TMDက ရှင်းပြထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာဖက်မှာ သဖန်းဆိပ်ဆည် ရေလွှတ်တဲ့ သတင်းကြောင့် ထိုင်းပြည်သူတွေ အနေနဲ့ စိုးရိမ်စရာ မလိုကြောင်း၊ ဆည်ရဲ့ တည်နေရာဟာ ထိုင်းနဲ့ ဘယ်လိုမှ ပတ်သက်ဆက်နွှယ်မှု မရှိကြောင်း TMDက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံရဲ့ ရာသီဥတု အခြေအနေတွေက အချိန်နဲ့အမျှ အပြောင်းအလဲတွေ ဖြစ်နေနိုင်ပြီး ပြည်တွင်းက မိုးရွာသွန်းမှု အခြေအနေတွေကိုတော့ အနီးကပ် ဆက်လက် စောင့်ကြည့်ဖို့လိုကြောင်း TMDက ထောက်ပြထားပါတယ်။

မိုးလေဝသ သတင်းတွေ၊ ရာသီဥတု အခြေအနေတွေနဲ့ ပတ်သက်ရင် ကောလာဟလတွေကြောင့် အထိတ်တလန့် ဖြစ်မယ့်အစား TMDရဲ့တရားဝင်ထုတ်ပြန်ချက်တွေကိုပဲယုံကြည်ကြဖို့လည်းဌာနကတိုက်တွန်းထားခဲ့ပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

သတင်း

ရေဘေးနဲ့မြေပ်ြိမှုဘေးကြုံတွေ့နေတဲ့ လောင်းလုံမြို့နယ်ကျောက်နီမော်ရွာကိုသွားရောက်တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။

သတင်း

ရေဘေးနဲ့ ‌မြေပြိုဘေးကြုံနေတဲ့ ထားဝယ်မြို့နယ်မှာ စစ်တပ်က လူငယ်တွေ ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးနေသလို ဒီ‌နေ့ အောက်တိုဘာ ၂ရက်မှာလည်း မြို့အဝင်၊ကမြောကင်းတံတားဂိတ်မှာ လူငယ် ၂ဦးကို ဖမ်းဆီးထားတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

သတင်း

သဘာဝဘေးအန္တရာယ်ထိခိုက်ခံစားနေရသော တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များအား အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း တနင်္သာရီ ဖက်ဒရယ်ယူနစ် ဖော်ဆောင်ရေးကောင်စီက ထုတ်ပြန်ပါတယ်။

သတင်း

ကယ်ဆယ်ရေးကားတွေ အလံဖြူထောင်သွားလာခြင်းမပြုဖို့ တနင်္သာရီတိုင်းစစ်ဌာန မေတ္တာရပ်ခံ

Facebook