Connect with us

Hi, what are you looking for?

News

လွိုင်​ကော်မြို့ ရထားလမ်းက စစ်​ကောင်စီတပ်ကို တိုက်ခိုက်ရာ သုံးဦးဒဏ်ရာရဟု ဒီး​မော့ဆို PDF​ပြော

ဒီဇင်ဘာ ၂၅ ရက်ကလည်း ဒီး​​မော့ဆိုမြို့နယ် မြို့မရဲစခန်းရှိ အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)က ထုတ်ပြန်ထားသည်။

(ဒီးမော့ဆို (DMO- PDF) ရဲ​ဘော်များကို ​တွေ့ရစဥ်)

လွိုင်ကော်မြို့နယ် မိုင်းလုံးရပ်ကွက် ရထားလမ်းအနီးရှိ အကြမ်းဖက်စစ်​ကောင်စီတပ်ကို သွား​ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦး ဒဏ်ရာရရှိသည်ဟု ပြည်သူ့ကာကွယ်​ရေးတပ် ဒီးမော့ဆို (DMO- PDF)က ယနေ့ ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို ဒီဇင်ဘာ ၂၆ ရက်​ ည ၉ နာရီ​ကစတင်ခဲ့ပြီး မိနစ်၂၀ကြာ​ခဲ့ပြီး လွိိုင်ကော် KGZတပ်ဖွဲ့​ နှင့် ပူး​ပေါင်း၍ စစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း DMO-PDF က ဆိုသည်။

“လွိုင်ကော်ထဲမှာ စစ်တပ်က နေရာအလိုက် ကင်းပုန်းဝပ်တာတွေရှိတယ်။နေရာတစ်ခုကို အမြဲမနေဘူး။ဒါကြောင့် ကျွန်တော်တို့က အချိန်ကိုက် သွားတိုက်တာ။မြို့ထဲဆိုတော့ တိုက်ပွဲကို အချိန်ဆွဲမရဘူး။ရသလောက် အထိနာအောင်တိုက်ပြီး အောင်အောင်မြင်မြင်နဲ့ပြန်ဆုတ်ခွာခဲ့တယ်”ဟု DMO-PDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်​ကောင်စီတပ်ဖက်မှ သုံးဦး ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့​ကြောင်း၊ ပြည်သူ့ကာကွယ်​ရေးတပ်များမှ ထိခိုက်ဒဏ်ရာ မရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၅ ရက်ကလည်း ဒီး​​မော့ဆိုမြို့နယ် မြို့မရဲစခန်းရှိ အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။