Connect with us

Hi, what are you looking for?

သတင်း

လူမှုကွန်ရက်မှာ ဝေဖန်နေသူတွေကို တရားစွဲမယ်လို့ ဇာတ်မင်းသား အောင်ဇမ္ဗူ ခြိမ်းခြောက်

လူမှုကွန်ရက်မှာ ဝေဖန်တိုက်ခိုက်နေကြသူတွေကို တရားစွဲဆိုသွားမယ်လို့ ဇာတ်မင်းသားအောင် ဇမ္ဗူက ခြိမ်းခြောက်ပြောဆို လိုက်ပါတယ်။

အောက်တိုဘာ ၄၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

လူမှုကွန်ရက်မှာ ဝေဖန်တိုက်ခိုက်နေကြသူတွေကို တရားစွဲဆိုသွားမယ်လို့ ဇာတ်မင်းသားအောင် ဇမ္ဗူက ခြိမ်းခြောက်ပြောဆို လိုက်ပါတယ်။

စစ်တပ် အလိုကျ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ဇာတ်သဘင်ဖျော်ဖြေပွဲတွေ ပြုလုပ်နေတဲ့ ဇာတ်မင်းသား အောင်ဇမ္ဗူက ၎င်းကို TikTok နဲ့ Facebook လူမှုကွန်ရက်တွေမှာ ပုဂ္ဂိုလ်ရေးအရ ဝေဖန်တိုက်ခိုက်နေကြသူတွေကို တရားစွဲဆိုသွားမယ်လို့ ၎င်း ဇာတ်မင်းသားက လယ်ဝေးမြို့မှာ ကပြစဥ် ပြောဆိုသွားခဲ့တာပါ။

“လက်ရှိကစပြီး ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အထူးသဖြင့် မိသားစုများရဲ့မေတ္တာ၊ ကျွန်တော့်အပေါ်ထားတဲ့ မေတ္တာတွေကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာနေတဲ့ TikTok အကောင့်တွေအားလုံးအတွက်၊ Facebook အကောင့်တွေ အားလုံးအတွက် ပုဂ္ဂိုလ်ရေးအရ စော်ကားတိုက်ခိုက်နေသူတွေအားလုံးအတွက် ဥပဒေအရ အရေးယူဆောင်ရွက်သွားတော့မှာ ဖြစ်ပါတယ်”လို့ အောင်ဇမ္ဗူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့ကြောင့် တရားဥပဒေအရ အရေးယူဖို့ အဖွဲ့လည်း ဖွဲ့စည်းပြီးသွားပြီဖြစ်ကြောင်း ၎င်းက ပြောဆိုပါတယ်။

“ကျွန်တော်တို့က အနုပညာအလုပ်ကို အေးအေးချမ်းချမ်းနဲ့ အောင်ဇမ္ဗူသဘင်နဲ့ မိသားစုများရယ်လို့ အေးအေးချမ်းချမ်းနဲ့ ကိုယ့်အလုပ်ကို လုပ်ပြီးတော့ အေးအေးချမ်းချမ်း အသက်ရှင် ဆောင်ရွက်​​နေကြတာဖြစ်ပါတယ်။ မည်သူတစ်ဦးတစ်ယောက်ကိုမှလည်း မတိုက်ခိုက်သလို မည်သူ့အကျိုး

စီးပွားကိုမှ ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေကြတာ မရှိပါဘူး”လို့ ဇာတ်မင်းသားက ဆိုပါတယ်။

အခြားသတင်းတစ်ရပ်မှာ အောင်ဇမ္ဗူဟာလာမယ့်အောက်တို၁၄ရက်ကနေ ၁၇ ရက်အထိ နေပြည်တော် တပ်ကုန်းမြို့မှာပြုလုပ်ဖို့ စီစဥ်ထားတဲ့ဖျော်ဖြေပွဲကို အာဏာသိမ်းစစ်တပ်က စာမေးပွဲရှိလို့ဆိုပြီး ပွဲမိန့်မပေးတာ​ကြောင့်အစီအစဥ်ဖျက်ခဲ့ရပါတယ်။

အောင်ဇမ္ဗူဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပွဲလမ်းသဘင်တွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး စစ်တပ်ရဲ့ လွှတ်တော်အဆောက်အအုံမှာ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။ ဒါ့အပြင် စစ်ခေါင်းဆောင်သမီး ခင်သီရိသက်မွန်ရဲ့ စီးပွားဖက် ကိုရွှေမန်းရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့လည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေသူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

သတင်း

သံယာတော်တွေအနေနဲ့ လူမှုကွန်ရက်မှာ သာသနာနဲ့ မဆိုင်တဲ့ မသင့်လျော်တာတွေ မတင်ကြဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(မဟန)က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ အောင်ဇမ္ဗူသီချင်းဆိုပြိုင်ပွဲအပေါ် လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုရေးသားခဲ့သူတွေ၊ အားပေးအားမြှောက် ပြုသူတွေကို ထိရောက်စွာ အရေးယူမယ်လို့ မြန်မာနိုင်ငံဂီတအစည်းအရုံး (မန္တလေးတိုင်း)က ထုတ်ပြန်ပါတယ်။

Trending

Facebook