အောက်တိုဘာ-၆၊၂၀၂၆။People’s Spring
စိတ်လှုပ်ရှားစရာ ဝမ်းသာဝမ်းနည်း ခံစားချက်တွေနဲ့အတူ လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနား လက်ရွေးစင် ကစားသမား ဘဝကို တရားဝင် နှုတ်ဆက် အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။
အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာအိမ်ကွင်းပရိသတ် ရှေ့မှောက်မှာ ဘီနင်ကို သုံးဂိုးပြတ် အနိုင်ယူခဲ့တဲ့ ပွဲစဉ်အတွင်း သူ့ရဲ့ လက်ရွေးစင် ကစားသမားဘဝ နောက်ဆုံး အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့ပါတယ်။
ဗျူနိုအေးရိစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ခြေစမ်းပွဲမှာ မက်ဆီဟာ သူ့ရဲ့ အာဂျင်တီးနားလက်ရွေးစင် ကစားသမားဘဝ ၁၂၆ ဂိုးမြောက် သွင်းဂိုးကိုလည်း ပင်နယ်တီကနေတဆင့် သွင်းယူခဲ့သလို အသင်းဖော် အိုတာမန်ဒီ နဲ့ နီကိုပက်ဇ် တို့သွင်းဂိုး ၂ ဂိုးအတွက်လည်း ဂိုးဖန်တီးပေးခဲ့ပါတယ်။ မက်ဆီဟာ လက်ရွေးစင် အသင်းအတွက် စုစုပေါင်း ၂၀၈ ပွဲထိ ကိုယ်စားပြု ကစားပေးခဲ့ပြီး ၁၂၆ ဂိုးသွင်းယူကာ ၆၇ ဂိုးဖန်တီးပေးခဲ့ပါတယ်။

Public Service Announcement
မျိုးဆက်တစ်ခုရဲ့ အအောင်မြင်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရတဲ့ မက်ဆီဟာ ကလပ်အသင်းတွေနဲ့ဆုဖလားတွေ အမြောက်အမြား ရခဲ့ဖူးသလို လက်ရွေးစင် အသင်းကိုလည်း ကမ္ဘာ့ဖလား ၁ ကြိမ်နဲ့ ကိုပါအမေရိကဖလား ၂ ကြိမ်၊Finalissima ဖလား ၁ ကြိမ်၊ အိုလစ်ပစ်ရွှေတံဆိပ်ဆု ၊ U-20 ကမ္ဘာ့ဖလားချန်ပီယံဆုတွေဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
ဘီနင်နဲ့ ပွဲအပြီးမှာ အာဂျင်တီးနား အသင်းပရိသတ်တွေကိုသေချာနှုတ်ဆက်ပြီး အမှတ်တရ စကားပြောချိန်မှာတော့ စိတ်လှုပ်ရှားနေဟန်ရှိတဲ့ မက်ဆီက နှစ်ပေါင်း ၂၀ ကျော်ကြာအောင် ဒီဘောလုံးအသင်းရဲ့ ဂျာစီအင်္ကျီကို ကာကွယ်ပေးခွင့် ရခဲ့တာကို အရမ်းဂုဏ်ယူကြောင်း ပြောဆိုသွားပါတယ်။
အသင်းကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ရတာဟာ တကယ့်ကို နာကျင်စရာဖြစ်ကြောင်း၊ ဖြစ်နိုင်မယ်ဆိုရင်သူ့ဘဝ တလျှောက်လုံး အာဂျင်တီးနားအတွက် ဆက်ကစားပေးချင်ကြောင်း၊ ဒီအသင်းအတွက် ကစားခွင့် ရတာဟာ သူ့အတွက် ပိုင်ဆိုင်ခွင့်ရှိသမျှ အလှပဆုံး အရာလို့ ခံယူထားကြောင်းလည်း မက်ဆီက ဆိုပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် အတွက်တော့ နောင်တ မရဘူးလို့လည်း မက်ဆီက ပြောပါတယ်။ လက်ရှိဟာ ဒီဆုံးဖြတ်ချက်အတွက် သင့်တော်မှန်ကန်တဲ့ အခိုက်အတန့်လို့ သူယုံကြည်ကြောင်း၊ ဥပမာ အနေနဲ့ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ ဖြတ်သန်းခဲ့ရတာတွေက သူ့အတွက် ခက်ခဲလွန်းကြောင်း မက်ဆီက ဆိုပါတယ်။ မက်ဆီက ဖခင်ဖြစ်သူ အပြင်းအထန် နာမကျန်းနေချိန်မှာ လက်ရွေးစင် အသင်းနဲ့အတူကမ္ဘာ့ဖလားကိုသွားရောက်ယှဉ်ပြိုင်နေရတဲ့ အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။
လက်ရွေးစင် အသင်းအတွက် နောက်ဆုံးပွဲဟာ သူ့အတွက်တော့ချိုမြိန်မှုနဲ့ ခါးသီးမှု ခံစားချက်တွေ ရောထွေးနေတယ်လို့လည်း မက်ဆီက ဖွင့်ဟခဲ့ပါတယ်။ လက်ရွေးစင် အသင်း၊ အသင်းဖော်တွေနဲ့ ပရိသတ်တွေကို နှုတ်ဆက်ရတာဟာ သူ့ကစားသမား ဘဝရဲ့ ဝမ်းနည်းစရာ အကောင်းဆုံး နေ့တစ်နေ့ဖြစ်ကြောင်း၊အခုတော့သူဟာပရိသတ်တစ်ဦးဖြစ်သွားပြီး အသင်းအတွက်ပါဝင်ကစားပေးမယ့် ဘယ်သူ့ကိုမဆိုအားပေးထောက်ခံနေမှာဖြစ်ကြောင်း မက်ဆီက ပြောကြားသွားပါတယ်။
မက်ဆီဟာ သူ့ရဲ့ သားသုံးဦးကိုလည်း ကွင်းထဲကို ခေါ်လာခဲ့ပြီး ဇနီးဖြစ်တဲ့ အန်တိုနယ်လာနဲ့ မိခင်ဖြစ်သူ ဆီလီယာ ကူဆီတီနီတို့ကတော့ VIP ခုံတန်းကနေ အားပေးနေခဲ့ပါတယ်။
အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်နဲ့ ပရိသတ်တွေဟာမက်ဆီအတွက်နှုတ်ဆက်ပွဲကို သေချာပြင်ဆင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ပွဲမစခင် ကွင်းထဲမှာ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စာသားပါပြီး မက်ဆီဝတ်နေကျ ကျောနံပါတ် ၁၀ နဲ့ အာဂျင်တီးနား ဂျာစီပုံတူကြီးကို ပြသခဲ့ပြီး ပရိသတ်တွေက ကောင်းချီးဩဘာပေး ထောက်ခံခဲ့ကြပါတယ်။
ပွဲကစားချိန်မှာလည်း မက်ဆီရဲ့ ကျောနံပါတ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ပွဲချိန် ၁၀ မိနစ်မှာ ခဏရပ်ပြီး ပရိသတ်တွေက ၁ မိနစ်ကြာ လက်ခုပ်တီးခဲ့ကြပါတယ်။ ပွဲအပြီးမှာလည်း ဒရုန်းတွေကို အသုံးပြုပြီး မက်ဆီရဲ့ ကျောနံပါတ် ၁၀ ဂျာစီပုံကို ဘောလုံးကွင်းအထက် ကောင်းကင်ယံမှာ ပုံဖော်ပြခဲ့ပါသေးတယ်။
ဘာစီလိုနာ၊ပီအက်စ်ဂျီနဲ့ အင်တာမီယာမီ အသင်းတွေမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဖြတ်သန်းခဲ့တဲ့ မက်ဆီဟာ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Orကိုစံချိန်တင် ၈ ကြိမ် ဆွတ်ထားပါတယ်။ဒါ့အပြင် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွက် ဘော်လွန်းဒီအော် ဆုအတွက်နောက်ဆုံးစကားတင် စကားသမား ၃၀ ဦးစာရင်းမှာ ယာမယ်လ် ၊ကိန်း ၊ဒမ်ဘီလီ ၊ အိုလစ်ဆီ၊ရိုဒရီ တို့နဲ့အပြိုင် ရွေးချယ်ခံထားရပါတယ် ။
သူဟာ ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနားကို ဦးဆောင်ခဲ့သလို ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း ဗိုလ်လုပွဲထိ တက်ရောက်နိုင်အောင်ဦးဆောင်ခဲ့ပေမယ့် စပိန်ကို တစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ကမ္ဘာ့ ချန်ပီယံဆုကိုလက်လွတ်ပြီး ဒုတိယဆုနဲ့ကျေနပ်ခဲ့ရပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအသင်းကို ၂၀၁၄ ၊၂၀၂၂ ၊၂၀၂၆ တွေမှာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲဆီရောက်အောင် စွမ်းဆောင်ပေးခဲ့ပြီး ၂၀၁၄ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ တွေရဲ့အကောင်းဆုံးကစားသမားအဖြစ်စံချိန်တင် ဆွတ်ခူးခဲ့ပါတယ် ။
နိုင်ငံအသင်းနဲ့ ကလပ်အသင်းအတွက်တရာဝဝင်သွင်းဂိုး ၉၃၂ ဂိုး သွင်းယူထားပြီး ဂိုးတစ်ထောင်ပြည့်ဖို့ ၆၈ ဂိုးပဲလိုပါတော့တယ်။ ဂိုးဖန်တီးမှု ၄၂၆ ကြိမ်ရှိပါတယ် ။ဆုဖလားစုစုပေါင်း ၄၈ လုံးဆွတ်ခူးထားပြီး ကမ္ဘာ့ဘောလုံးသမိုင်းမှာ ဆုဖလားအများဆုံးဆွတ်ခူးထားတဲ့ ကစားသမားဖြစ်ပါတယ်။
ကိုးကား: AFP၊ FIFA ၊ opta



















































