Connect with us

Hi, what are you looking for?

ဆောင်းပါး

အညာမှာ သီတင်းဘယ်လိုကျွတ်မလဲ

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် သီတင်းကျွတ်လပြည့်ညက အညာက ရွာလေးတစ်ရွာမှာ ဆီမီးထွန်းပွဲဲ ပြီးလို့ ရွာသူရွာသားတွေ ကိုယ့်အိမ်ကို ပြန်ဖို့ပြင်နေချိန် ကွင်းထဲမှာ ပေါက်ကွဲသံကြီးတွေ ထွက်ပေါ်လာခဲ့တယ်။ လူတွေဟာ သွေးသံရဲရဲနဲ့ အော်ပြေးခဲ့ကြတယ်။ရွာသူရွာသားတွေဟာ ကမ္ဘာပျက်သလို အော်ဟစ်ဆူညံနေခဲ့တယ်။

(၂၀၂၅ ခုနှစ်မှာကျ​ရောက်ခဲ့တဲ့ သီတင်းကျွတ်ကာလက စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ဆန္ဒပြသပိတ် ပြုလုပ်ခဲ့စဥ် ဓါတ်ပုံံ-GSCB)

ဇေအောင်/People’s Spring

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် သီတင်းကျွတ်လပြည့်ညက အညာက ရွာလေးတစ်ရွာမှာ ဆီမီးထွန်းပွဲဲ ပြီးလို့ ရွာသူရွာသားတွေ ကိုယ့်အိမ်ကို ပြန်ဖို့ပြင်နေချိန် ကွင်းထဲမှာ ပေါက်ကွဲသံကြီးတွေ ထွက်ပေါ်လာခဲ့တယ်။ လူတွေဟာ သွေးသံရဲရဲနဲ့ အော်ပြေးခဲ့ကြတယ်။ရွာသူရွာသားတွေဟာ ကမ္ဘာပျက်သလို အော်ဟစ်ဆူညံနေခဲ့တယ်။

အထက်ပါ ​ဖြစ်စဥ်ဟာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာက သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းပွဲကို အာဏာသိမ်းစစ်တပ်က ပါရာမိုတာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်ကလေးငယ်တွေအပါအဝင် အနည်းဆုံးပြည်သူ ၃၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၈၀ ​ကျော်ခဲ့တယ်။ နောက်ရက်တွေမှာလည်း ဒဏ်ရာရသူတွေထဲက သေဆုံးသူတွေ ထပ်တိုးခဲ့ပါသေးတယ်။

မကြာခင်မှာပဲသီတင်းကျွတ်ကာလတဖန် ပြန်ရောက်လာပါတော့မယ်။အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အညာသီတင်းကျွတ်ကာလ ဘယ်လိုများ ဖြတ်သန်းသင့်ပါသလဲ။

Public Service Announcement

Public Service Announcement

ချောင်းဦး ဘုံတိုရွာက ထိခိုက်သေဆုံးသူတွေကို မျက်မြင်တွေ့ခဲ့ရဖူးတဲ့ ချောင်းဦးသပိတ်ဆရာတော်ကတော့ လာမယ့်သီတင်းကျွတ်ကာလမှာ လုံခြုံရေးသတိနဲ့ အထူးဂရုစိုက်ကာ ပြုလုပ်သင့်ကြောင်း မိန့်ပါတယ်။

“သူတို့ကတော့ လူစုလူဝေး၊ လူအများရှိရာ ဘယ်သူသေသေသေချင်သူသေပဲ။ သူတို့အာဏာတည်မြဲဖို့အရေးရဟန်း ရှင် လူ ပြည်သူတွေကို ဆက်လက်သတ်ဖြတ်နေအုန်းမှာပါပဲ”လို့ ချောင်းဦးသပိတ်ဆရာတော်က မိန့်ပါတယ်။

ချောင်းဦးနဲ့ နယ်မြေချင်းထိဆက်နေပြီး အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ခံခဲ့ရဖူးတဲ့ မြင်းမူမြို့နယ်က မီးဘေးလုံခြုံရေး တာဝန်ခံကလည်း မနှစ်ကဖြစ်ရပ်ဟာ အညာဒေသ ပြည်သူတွေအတွက် အလွန်နာကျင်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ကြောင်းနဲ့ ဒီနှစ်မှာ ဆီမီးထွန်းပွဲတွေ၊ ဆီမီးသပိတ်တွေ ဆောင်ရွက်မယ်ဆိုရင် ပွဲရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ငြိမ်းချမ်းရေး၊မေတ္တာနဲ့ ပြည်သူ့ဆန္ဒကို ဖော်ပြဖို့အပြင် လူထုလုံခြုံရေးကို အထူးဦးစားပေးသင့်တယ်လို့ အကြံပြုပါတယ်။

​အထူးသဖြင့် လူအများအပြား တစ်နေရာတည်း အချိန်ကြာကြာ စုဝေးတာမျိုးထက် ဒေသအခြေအနေနဲ့ လုံခြုံရေးကို သုံးသပ်ပြီး အန္တရာယ်နည်းမယ့် ပုံစံတွေကိုပဲ ရွေးချယ်သင့်တယ်လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကိုလည်း ၎င်းတာဝန်ခံက သတိပေးခဲ့ပါသေးတယ်။ “ယခုနှစ်မှာ ပိုမိုဂရုစိုက်ရမှာက စကစထံ အညံ့ခံ အမှောင်၀င်သွားတဲ့ တော်လှန်ရေးတပ်ဖွဲ့၀င် ရာထူးကြီး၊ငယ် တွေရှိနေတော့ မနှစ်ကထပ်ကို ပိုမိုဂရုစိုက်ပြီး ကျင်းပပြုလုပ်ရမယ်လို့ မြင်မိပါတယ်”လို့ ၎င်းက ပြောပါတယ်။

လက်ရှိမှာလည်း အာဏာသိမ်းစစ်တပ်ဟာ အညာကို အငြှိုးတကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေဆဲပါ။ သြဂုတ်လအတွင်းကဆိုရင်စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ဆွဲလွဲအိုရွာကတရားစခန်းလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ဟာ အဆိုးရွားဆုံးထဲ ပါဝင်ပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိခဲ့ပြီး ၂၆ ဦးထက်မနည်း ဆေးကုသမှုခံယူခဲ့ရပါတယ်။

ယခု အောက်တိုဘာလထဲမှာဆိုရင်လည်း ၅ ရက်နေ့ကပဲစစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက ရွှေမျောလုပ်နေတဲ့ ပြည်သူတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ ၃၀ ထက်မနည်း သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာအကြမ်းဖက်တဲ့နေရာမှာတော့ဘာသာလူမျိုးခွဲခြားတာမရှိပါဘူး။ဗုဒ္ဓဘာသာဝင်တွေရဲ့ဘုန်းကြီးကျောင်းတွေ၊ ဘုရားစေတီတွေနဲ့ တရားစခန်းတွေကို ဗုံးကြဲရုံတင် မကပါဘူးး။ အောက်တိုဘာ ၅ ရက်နေ့က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်း၀ရွာမှာရှိတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ SNA တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ဘုရားကျောင်းပျက်စီးခဲ့ကြောင်း အင်းတော်ကြီးဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ တော်လှန်ဒေသတင်မကပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက် မနက်ပိုင်းက မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ပေါင်းလေးရွာအထက်တန်းကျောင်းကို ဒရုန်းနဲ့ ဗုံးကြဲလို့ ကျောင်းသားငယ်တွေအပါအဝင် ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီကျောင်းဟာ စစ်ကောင်စီထိန်းချုပ်ရာဒေသကကျောင်းဖြစ်တာကြောင့် စစ်တပ်ရဲ့ ဗုံးကြဲမှုအပေါ် အံ့သြနေကြတယ်လို့ သိရတယ်။

အောက်တိုဘာ ၄ ရက်နေ့ကလည်း ဝက်လက်မြို့နယ်တနေရာမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ရေဦးမြို့နယ်ထဲက ရွာတစ်ရွာကို စစ်တပ်က ဗုံးကြဲခဲ့ပြန်တာကြောင့် ကလေးတစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါ့ကြောင့် အညာမှာ ပြန်လည်ထူထောင်ရေးတွေလုပ်နေတဲ့ S&C မီးဘေးစစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ကိုစိုးမိုးအောင်ကတော့ “မလုပ်တာ အကောင်းဆုံးပါပဲ”လို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။

သို့သော် တဖက်မှာကလည်း ဗုဒ္ဓဘာသာတွေရဲ့ အခါကြီးရက်ကြီး သီတင်းကျွတ်ကာလမှာ ဘုရားရှင်ကို ဆီမီးပူဇော်ရင်း အနာဂတ်အတွက် မျှော်လင့်ချက်တွေ တောက်ပလိုကြတဲ့ ပြည်သူတွေလည်း ရှိနေတယ်။

“ဆီမီးတစ်ခွက်ထွန်းတာဟာ သေးငယ်တဲ့လုပ်ရပ်တစ်ခုလို မြင်ရပေမယ့် ကျွန်တော်တို့ အညာပြည်သူတွေအတွက်တော့ မျှော်လင့်ချက်၊ အမှတ်တရနဲ့ ငြိမ်းချမ်းရေးကို ဖော်ပြတဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဆီမီးထွန်းပွဲရဲ့ အဓိပ္ပာယ်ကို ဆက်လက်ထိန်းသိမ်းရင်းပြည်သူတွေရဲ့အသက်အန္တရာယ် မဖြစ်စေဖို့ လုံခြုံရေးကို ပထမဦးစားပေးပြီး ဆောင်ရွက်သင့်တယ်လို့ မြင်တယ်”လို့ မြင်းမူမြို့နယ် မီးဘေးလုံခြုံရေး တာ၀န်ခံက ပြောပါတယ်။

ချောင်းဦး ဘုံတိုရွာဖြစ်စဥ်မှာ စိတ်တူကိုယ်တူ မိတ်ဆွေတွေ ဆုံးရှုံးခဲ့ရဖူးတဲ့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုမှ ကိုရှင်းသန့်က “ရန်သူရဲ့ ရက်စက်ယုတ်မာမှုကို ကြိုတင်တွက်ဆထားပြီးတော့ ဘေးအန္တရာယ်ကင်းကင်းနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ကြဖို့၊ လုံခြုံရေးအစီအမံတွေကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ကြဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်”လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်းထဲကမြို့နယ်တွေ မှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ရေကြီးချိန်ကနေရာရွေ့ပြီး မျောပါလာနိုင်တဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကိုသတိပြုကြဖို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကသတိပေးပါတယ်။

ဆောင်းပါး

ကျယ်ပြောလှတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ နေရောင်အောက် ခြောက်သွေ့နေတဲ့ အပင်ရိုးတံခြောက်တွေက မြေပြင်အနှံ့ ဖြန့်ကျက်လို့နေပါတယ်။ ကောင်းကင်ပြာပြာအောက် အဝေးဆီက သစ်ပင်ရိပ်တချို့ကလွဲရင် မြင်မြင်သမျှဟာ ညိုခြောက်နေတယ်။ အဲဒီ နေပူကျဲကျဲ ကွင်းပြင်ကြီးထဲမှာတော့ ခေါင်းပေါင်းစိမ်းစိမ်းလေး ပေါင်းထားတဲ့ သက်ကြီးရွယ်အို အမေအိုတစ်ဦးဟာခါးကိုင်းကိုင်းနဲ့ အလုပ်ရှုပ်နေရှာပါတယ်။

ဆောင်းပါး

အညာရေဘေးမှာ လူတွေနဲ့အတူ ဒုက္ခ ခံကြရတာ နွားတွေပါ။ မြန်မြန်ဆန်ကြီး တဝေါဝေါနဲ့ တက်လာတဲ့ ရေတွေကြောင့် လူတွေတင်မက နွားတွေပါမျက်ကလူးဆန်ပြာဖြစ်ကြရတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

Facebook