Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း နယ်စပ်နားက ရုရှားစစ်တပ်တချို့ ပြန်လည်ရုပ်သိမ်း

နိုဝင်ဘာလ ကတည်းက ရုရှားတပ်တွေ စုဝေးနေတာနဲ့ ပတ်သက်လို့ ယူကရိန်းရော၊ အနောက်အုပ်စု အင်အားကြီး နိုင်ငံတွေကပါ သတိကြီးကြီးထား စောင့်ကြည့်နေခဲ့ပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကတော့ သူဟာ ယူကရိန်းကို စစ်တိုက်မှာ မဟုတ်ကြောင်း ငြင်းဆိုထားပြီး ယူကရိန်းကသာ ရုရှားကို အကြိမ်ကြိမ် ရန်စနေတာလို့ စွပ်စွဲခဲ့ပါတယ်။

ယူကရိန်းနဲ့ နယ်စပ်နားမှာ စုရုံးနေတဲ့ ရုရှားစစ်တပ် တချို့ကို ပြန်လည် ရုပ်သိမ်းသွားကြောင်း သိရှိရပါတယ်။

ရုရှားဟာ နယ်စပ်နားမှာ စစ်သည် တစ်သိန်းလောက်ကို ဖြန့်ကျက်ထားပြီး စစ်လက်နက်တွေလည်း ပြင်ဆင် ရွှေ့ပြောင်းနေတာကြောင့် နောက်တစ်ကြိမ် ယူကရိန်းကို ကျူးကျော် စစ်ပြုလာနိုင်ခြေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

နိုဝင်ဘာလ ကတည်းက ရုရှားတပ်တွေ စုဝေးနေတာနဲ့ ပတ်သက်လို့ ယူကရိန်းရော၊ အနောက်အုပ်စု အင်အားကြီး နိုင်ငံတွေကပါ သတိကြီးကြီးထား စောင့်ကြည့်နေခဲ့ပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကတော့ သူဟာ ယူကရိန်းကို စစ်တိုက်မှာ မဟုတ်ကြောင်း ငြင်းဆိုထားပြီး ယူကရိန်းကသာ ရုရှားကို အကြိမ်ကြိမ် ရန်စနေတာလို့ စွပ်စွဲခဲ့ပါတယ်။

ရုရှားဟာ ၂၀၁၄ ခုနှစ်ကလည်း ယူကရိန်းကို ကျူးကျော် စစ်ပြုပြီး ခရိုင်းမီးယား ကျွန်းဆွယ် ဒေသကို သိမ်းပိုက်ခဲ့ဖူးတဲ့အတွက် နောက်တစ်ကြိမ် စစ်ဖြစ်မှာကို အမေရိကန်နဲ့ မဟာမိတ်တွေက အလေးအနက် စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ အမေရိကန်နဲ့ ရုရှားတို့ဟာ ယူကရိန်း အရေးနဲ့ ပတ်သက်လို့ စေ့စပ် ဆွေးနွေးကြဖို့ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လာမယ့် ဇန်နဝါရီလမှာ ရုရှားနဲ့ အမေရိကန် ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ လျာထားပြီး ဒီတွေ့ဆုံမှု မတိုင်ခင် ရုရှားက နယ်စပ်မှာ ဖြန့်ကျက်ထားတဲ့ စစ်သည်အင်အား တစ်သောင်းလောက်ကို ပြန်လည် ရုပ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ရုရှား အစိုးရဟာ ယူကရိန်းကို အခြေပြုပြီး အမေရိကန်နဲ့ NATOတို့က ရုရှားကို ခြိမ်းခြောက်မလာတာ သေချာကြောင်း ခိုင်မာတဲ့ အာမခံချက်မျိုး ပေးထားဖို့လည်း အမေရိကန်ကို တောင်းဆိုထားပါတယ်။

ယူကရိန်းဟာ အနောက်ဥရောပ NATO နိုင်ငံတွေနဲ့ ရုရှားတို့ကြားက ပထဝီဝင် နိုင်ငံရေးအရ မဟာဗျူဟာကျတဲ့ နေရာမျိုးမှာ တည်ရှိနေတာပါ။ ပူတင်က ယူကရိန်းကို အခြေပြုပြီး ရုရှားအတွက် အန္တရာယ် ရှိလာနိုင်တယ်ဆိုတဲ့ အငွေ့အသက်မျိုး ကွယ်ပျောက်သွားစေရေးအတွက် အမေရိကန်မှာ အများကြီး တာဝန်ရှိတယ်လို့ ပြောဆိုထားဖူးပါတယ်။ ဒါပေမဲ့ လာမယ့်နှစ်၊ ဂျနီဗာမြို့မှာ တွေ့ဆုံတဲ့အခါ အပေါင်းလက္ခဏာဆန်တဲ့ ဆွေးနွေးမှု ရလဒ်တွေ ထွက်ပေါ်လာဖို့ မျှော်လင့်ထားကြောင်းလည်း ပူတင်က မှတ်ချက် ပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။