Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း နယ်စပ်နားက ရုရှားစစ်တပ်တချို့ ပြန်လည်ရုပ်သိမ်း

နိုဝင်ဘာလ ကတည်းက ရုရှားတပ်တွေ စုဝေးနေတာနဲ့ ပတ်သက်လို့ ယူကရိန်းရော၊ အနောက်အုပ်စု အင်အားကြီး နိုင်ငံတွေကပါ သတိကြီးကြီးထား စောင့်ကြည့်နေခဲ့ပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကတော့ သူဟာ ယူကရိန်းကို စစ်တိုက်မှာ မဟုတ်ကြောင်း ငြင်းဆိုထားပြီး ယူကရိန်းကသာ ရုရှားကို အကြိမ်ကြိမ် ရန်စနေတာလို့ စွပ်စွဲခဲ့ပါတယ်။

ယူကရိန်းနဲ့ နယ်စပ်နားမှာ စုရုံးနေတဲ့ ရုရှားစစ်တပ် တချို့ကို ပြန်လည် ရုပ်သိမ်းသွားကြောင်း သိရှိရပါတယ်။

ရုရှားဟာ နယ်စပ်နားမှာ စစ်သည် တစ်သိန်းလောက်ကို ဖြန့်ကျက်ထားပြီး စစ်လက်နက်တွေလည်း ပြင်ဆင် ရွှေ့ပြောင်းနေတာကြောင့် နောက်တစ်ကြိမ် ယူကရိန်းကို ကျူးကျော် စစ်ပြုလာနိုင်ခြေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

နိုဝင်ဘာလ ကတည်းက ရုရှားတပ်တွေ စုဝေးနေတာနဲ့ ပတ်သက်လို့ ယူကရိန်းရော၊ အနောက်အုပ်စု အင်အားကြီး နိုင်ငံတွေကပါ သတိကြီးကြီးထား စောင့်ကြည့်နေခဲ့ပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကတော့ သူဟာ ယူကရိန်းကို စစ်တိုက်မှာ မဟုတ်ကြောင်း ငြင်းဆိုထားပြီး ယူကရိန်းကသာ ရုရှားကို အကြိမ်ကြိမ် ရန်စနေတာလို့ စွပ်စွဲခဲ့ပါတယ်။

ရုရှားဟာ ၂၀၁၄ ခုနှစ်ကလည်း ယူကရိန်းကို ကျူးကျော် စစ်ပြုပြီး ခရိုင်းမီးယား ကျွန်းဆွယ် ဒေသကို သိမ်းပိုက်ခဲ့ဖူးတဲ့အတွက် နောက်တစ်ကြိမ် စစ်ဖြစ်မှာကို အမေရိကန်နဲ့ မဟာမိတ်တွေက အလေးအနက် စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ အမေရိကန်နဲ့ ရုရှားတို့ဟာ ယူကရိန်း အရေးနဲ့ ပတ်သက်လို့ စေ့စပ် ဆွေးနွေးကြဖို့ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လာမယ့် ဇန်နဝါရီလမှာ ရုရှားနဲ့ အမေရိကန် ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ လျာထားပြီး ဒီတွေ့ဆုံမှု မတိုင်ခင် ရုရှားက နယ်စပ်မှာ ဖြန့်ကျက်ထားတဲ့ စစ်သည်အင်အား တစ်သောင်းလောက်ကို ပြန်လည် ရုပ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ရုရှား အစိုးရဟာ ယူကရိန်းကို အခြေပြုပြီး အမေရိကန်နဲ့ NATOတို့က ရုရှားကို ခြိမ်းခြောက်မလာတာ သေချာကြောင်း ခိုင်မာတဲ့ အာမခံချက်မျိုး ပေးထားဖို့လည်း အမေရိကန်ကို တောင်းဆိုထားပါတယ်။

ယူကရိန်းဟာ အနောက်ဥရောပ NATO နိုင်ငံတွေနဲ့ ရုရှားတို့ကြားက ပထဝီဝင် နိုင်ငံရေးအရ မဟာဗျူဟာကျတဲ့ နေရာမျိုးမှာ တည်ရှိနေတာပါ။ ပူတင်က ယူကရိန်းကို အခြေပြုပြီး ရုရှားအတွက် အန္တရာယ် ရှိလာနိုင်တယ်ဆိုတဲ့ အငွေ့အသက်မျိုး ကွယ်ပျောက်သွားစေရေးအတွက် အမေရိကန်မှာ အများကြီး တာဝန်ရှိတယ်လို့ ပြောဆိုထားဖူးပါတယ်။ ဒါပေမဲ့ လာမယ့်နှစ်၊ ဂျနီဗာမြို့မှာ တွေ့ဆုံတဲ့အခါ အပေါင်းလက္ခဏာဆန်တဲ့ ဆွေးနွေးမှု ရလဒ်တွေ ထွက်ပေါ်လာဖို့ မျှော်လင့်ထားကြောင်းလည်း ပူတင်က မှတ်ချက် ပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းကို ကျူးကျော်စစ် ပြုမှုအတွက် ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေ ထပ်မံကျင့်သုံးမယ့် ဥရောပ သမဂ္ဂ (EU)ရဲ့ အစီအစဉ်ကို အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ဆလိုဗက်ကီးယားက တားဆီးခဲ့ပါတယ်။

နိုင်ငံတကာ

နယ်စပ်နားမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်သားတွေကြား ကိုယ်ထိလက်ရောက် ပဋိပက္ခတချို့ ဖြစ်ခဲ့တဲ့နောက် အနီးတဝိုက် ဒေသခံတွေကို ထိုင်းစစ်တပ်က ယာယီ ရွှေ့ပြောင်းပေးထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရက်ပေါင်း ၅၀ အတွင်း ယူကရိန်းနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုခုကို ရှာဖွေမလား၊ ဒါမှမဟုတ် အခွန်စည်းကြပ်မှုတွေ မြင့်မြင့်မားမား သတ်မှတ်ပြီး အရေးယူတာ ခံမလားဆိုတာ တစ်ခုခုရွေးဖို့ ရုရှားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းအတွက် အမေရိကန်လုပ် Patriot လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံး စနစ်တွေ ပေးပို့သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။