Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်တိုက်ပွဲမှာ စစ်တပ်က အရပ်သားတွေ ပစ်မှတ်ထားဖမ်းဆီးနေ

ရှမ်းမြောက်က မိုးမိတ်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာအနီးက (၇)မိုင်ရွာဒေသခံတွေကို တော်လှန်ရေးတပ်တွေနဲ့ ပတ်သက်နေတယ်လို့စွပ်စွဲပြီး စစ်တပ်က ခြိမ်းခြောက်ဖမ်းဆီးနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

(မိုးမိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်ပြီး ရှင်းလင်းရေးလုပ်ဆောင်နေကြတဲ့ မြို့ခံများ။ ဓာတ်ပုံ - CJ)

အောက်တိုဘာ-၁၄၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ရှမ်းမြောက်က မိုးမိတ်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာအနီးက (၇)မိုင်ရွာဒေသခံတွေကို တော်လှန်ရေးတပ်တွေနဲ့ ပတ်သက်နေတယ်လို့စွပ်စွဲပြီး စစ်တပ်က ခြိမ်းခြောက်ဖမ်းဆီးနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မိုးမိတ်မြို့ မြစ်ဆုံကနေကျော်ရင် ရောက်ရှိတဲ့ (၇)မိုင်ရွာအနီးမှာ အောက်တိုဘာ ၇ရက် မနက်စောပိုင်းကစပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။ ပိတ်မိနေတဲ့ ဒေသခံတွေကို တော်လှန်ရေးတပ်တွေနဲ့ ပတ်သက်နေတယ်လို့ စစ်တပ်က စွပ်စွဲပြီး ဖမ်းဆီးနေတာလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

” ဖြတ်သွားဖြတ်လာတော့ မြင်တယ်လို့ ပြောတာကို အတင်းဖမ်းဆီးတယ်။ တချို့ဖမ်းခံထိထားတယ်။ မနေ့ကတော့ ရွာခံတွေကို ထွက်ခိုင်းလို့ ထွက်ခဲ့ရပြီ။ ဒါပေမယ့် အဖမ်းခံရသူတွေ မလွှတ်ပေးသေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မိုးမိတ်မြို့၊ညောင်နီကျေးရွာအနီးမှာ စက်တင်ဘာ၂၈ရက်မနက်ပိုင်းကစပြီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ် တွေတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မိုးမိတ်-မဘိမ်းလမ်း၊ မိုးမိတ် -သပိကျင်းလမ်းပိုင်းတွေမှာပါ တိုက်ပွဲဆက်ဖြစ်နေတာပါ။

တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ သေဆုံးသူနဲ့ စစ်တပ်က ဖမ်းထားသူအရေအတွက်ကိုတော့ လတ်တလောအတည်မပြုနိုင်သေးပါဘူး။

မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းတပ်မတော်(TNLA)က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။ မိုးမိတ်မြို့နဲ့အတူ မိုးကုတ်မြို့ကို တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် စစ်တပ်ထံကို ၂၀၂၅ အောက်တိုဘာ မှာ TNLAက ပြန်ပေးခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာ မိုးကုတ်-မိုးမိတ်လမ်းကနေ စစ်တပ်စစ်ကြောင်းတွေ ဝင်လာတာပါ။ အဲ့ဒီစစ်ကြောင်းတွေကို တော်လှန်‌ရေးတပ်တွေကမကြာခဏ တိုက်ခိုက်နေပြီး မိုးမိတ်-မဘိမ်းလမ်းပိုင်းမှာပါ စစ်ရေးတင်းမာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်က တိုက်ပွဲတွေမှာ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲလို့ ၁၂ရက်အတွင်း အရပ်သား ၄ ဦးသေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ညအချိန် ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဲဒီဒေသကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်က ဆိုလာတပ်ထားတဲ့ နေအိမ်တွေကို လိုက်လံစာရင်းကောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

အာဏာရှင်စစ်တပ်အောက်က ရုန်းထွက်အလင်းဝင်ကြဖို့ KIA တပ်မှူး တိုက်တွန်း

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။