Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်ကို စစ်တပ်က အပြင်းအထန် ဗုံးကြဲနေ

မကွေးတိုင်း၊မြိုင်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

(မြိုင်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စိးမှုအချို့။ ဓာတ်ပုံ - Myaing Villages Revolution Front)

အောက်တိုဘာ-၁၄၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊မြိုင်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

အခုရက်ပိုင်း လေကြောင်းကနေဗုံးကြဲမှုတွေ ဆက်တိုက်ရှိနေတဲ့အပြင် ဒီကနေ့(အောက်တိုဘာ ၁၄ရက်) တိုက်ခိုက်မှုဟာ ပိုမိုပြင်းထန်တယ်လို့ ဆိုပါတယ်။

“ဒီနေ့ ကြဲနေတာ တော်တော်ဆိုးတယ်။မြိုင်တောင်ပိုင်း အနောက်ပိုင်းအကုန် ကြဲတာ။လေယာဉ်တွေလည်းအစုံပဲ”လို့ အသက်(၄၀)အရွယ် မြိုင်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်တွေ ပျက်စီးမှုရှိပြီး ဒေသခံအများစုက စစ်ဘေးရှောင်နေကြရတာကြောင့် ထိခိုက်မှုမရှိဘူးလို့ ပခုက္ကူခရိုင် အမှတ်(၆၀တပ်ရင်းက အသိပေးထားပါတယ်။

ပြည်သူတွေအနေနဲ့ သတိထားဖို့နဲ့ လေယာဉ်သံကြားကြားချင်း ဗုံးခိုကျင်းအတွင်း ပြေးဝင်ကြဖို့ အပါအ၀င် စစ်တပ်စစ်ကြောင်းအရွေ့ကိုလည်း သတိမပြတ် နားစွင့်ကြဖို့ တိုက်တွန်းပါတယ်။

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေက မကွေးတိုင်း၊ ပေါက် နဲ့ မြိုင် ဒေသအစပ်က ရေနံမြေမှာ တပ်စွဲထားတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်နေမှုနဲ့သက်ဆိုင်တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

တဲကြီးကျေးရွာမှာရှိနေတဲ့ စစ်တပ်စစ်ကြောင်းကို အောက်တိုဘာလဆန်းပိုင်းကစပြီး တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်နေကာ စစ်တပ်က လေကြောင်းကနေ ခုခံနေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေမှာ စစ်တပ်စစ်ကြောင်းမှူး သေဆုံးထားတာရှိသလို စစ်သုံ့ပန်းတချို့လည်း တော်လှန်ရေးတပ်တွေက ဖမ်းမိထားတယ်လို့ သိရပါတယ်။

“ရေနံမြေရောက်နေတဲ့ စစ်ကြောင်းကို ကျွန်တော်တို့ တော်လှန်ရေးအင်အားစု၊ စုဖွဲ့မှု အားလုံးက ဝိုင်းပတ် ပိတ်ဆို့ပြီးတော့ ထိုးစစ်ဆင်နေပါတယ်။လေကြောင်းကလည်း ငါးရက်၊ဒီနေ့ နဲ့ဆို ခြောက်ရက်ဆက်တိုက်။Y 12၊ဂျက်၊ဂျိုင်ရိုကော်ပတာ၊Mi 35 ၊ပါရာမော်တာ ဒါတွေက နေ့စဉ် ကိုယ့်ဘက်က ထိုးစစ်ပြင်လိုက်တဲ့ကာလအတွင်းမှာ တောက်လျှောက်လာနေပါတယ်”လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောထားပါတယ်။

ဒေသတွင်းတော်လှန်ရေးတပ်တွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ရေနံမှော်တွေကို ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ဇွန်လဆန်းပိုင်းကစပြီး အင်အား ၅၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး လက်ရှိ တဲကြီးကျေးရွာမှာ တပ်စွဲထားတာ ၂လနီးပါးရှိနေပြီဖြစ်ပါတယ်။

ဝဲတမ်း၊ဝဲတူးရေနံမြေအပါအ၀င် ပေါက်နဲ့မြိုင် ဒေသအစပ်က ရေနံမှော်တွေကို ၂၀၂၄ မတ်လကတည်း က ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်း ပိုက်ခဲ့တာဖြစ်ပါတယ်။

ဝဲဝမ်း (Well-1) နဲ့ ဝဲတူး (Well-2) ရေနံမြေကို ခေတ်အဆက်ဆက် အစိုးရကထိန်းချုပ်ပြီး မိသားစုတစ်ပိုင်တစ်နိုင် ၊ ကန်ထရိုက်စနစ်တွေနဲ့ ရေနံတူးဖော်လုပ်ကိုင်ကြပြီးအာဏာသိမ်းပြီးနောက် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ကာ လုပ်ငန်းတွေဆက်လည်ပတ်နေတာပါ။

တဲကြီးကျေးရွာအနီးက ရေနံမြေလုပ်ကွက် ၁၀၀ကျော် အပါအ၀င် ပခုက္ကူဒေသက ရေနံတွင်း ၈၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ စက်တင်ဘာနောက်ဆုံးပတ်က အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းက တဲကြီးရွာမှာ တပ်မစွဲခင်အထိ ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ခဲ့တာကြောင့်နေအိမ်အလုံး ၃၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၃၀ နီးပါးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ညအချိန် ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဲဒီဒေသကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်က ဆိုလာတပ်ထားတဲ့ နေအိမ်တွေကို လိုက်လံစာရင်းကောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

အာဏာရှင်စစ်တပ်အောက်က ရုန်းထွက်အလင်းဝင်ကြဖို့ KIA တပ်မှူး တိုက်တွန်း

သတင်း

ရှမ်းမြောက်က မိုးမိတ်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာအနီးက (၇)မိုင်ရွာဒေသခံတွေကို တော်လှန်ရေးတပ်တွေနဲ့ ပတ်သက်နေတယ်လို့စွပ်စွဲပြီး စစ်တပ်က ခြိမ်းခြောက်ဖမ်းဆီးနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။