အောက်တိုဘာ ၁၄၊၂၀၂၆။သုည/People’s Spring
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ စစ်ကောင်စီသံရုံးနဲ့ မလေးရှားသံရုံးရှေ့တို့မှာ Myanmar Unity Movement နဲ့ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြတောင်းဆိုမှုတွေ အောက်တိုဘာ ၁၃ ရက်က ပြုလုပ်ခဲ့ကြပါတယ်။
Myanmar Unity MovementMyanmar Unity Movement မှ ဦးစီးပြီး လန်ဒန်မြို့ရှိ မလေးရှားသံရုံးအရှေ့မှာ အောက်တိုဘာ ၁၃ ရက် မနက် ၁၀ နာရီမှ ၁၂ နာရီအထိ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နေ့လည် ၁၂ နာရီ ခွဲမှ ၂ နာရီအထိ စစ်ကောင်စီသံရုံးအရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
မလေးရှားအစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို အလေးထားဖို့၊ စစ်အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်တန့်ဖို့နဲ့ ASEAN အနေနဲ့ မြန်မာ့အရေးအတွက် ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်ဖို့ သပိတ်ဦးဆောင်သူတွေက တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement
FreeHer Campaign ကို ပါဝင်ထောက်ခံတဲ့အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေကို ပွင့်လင်းမြင်သာစွာ သိရှိခွင့်ရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးတို့အတွက် တောင်းဆိုကြွေးကြော်ခဲ့ကြပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း၊ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ရေး၊ ပြည်သူ့အာဏာ ပြည်သူရရှိရေးနဲ့တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးတို့ကိုလည်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။



















































