Connect with us

Hi, what are you looking for?

News

အစီး ၃၀ ပါစစ်ကောင်စီယာဥ်တန်းကို ထီးချိုင့် PDF မိုင်းခွဲတိုက်ခိုက်၊ ထိခိုက်ကျဆုံးများနိုင်ဟုဆို

“အထိအခိုက်ကတော့ မသိနိုင်သေးပါဘူးဗျ။ စကစ တွေရဲ့ ယာဉ်တန်းတွေတက်လာသမျှ ဆက်လက်တိုက်ခိုက်သွားမှာပါ”ဟု ထီးချုင့်တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အစီးရေ ၃၀ ပါသည့် စစ်ကောင်စီယာဥ်တန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့်တော် လှန်ရေးအဖွဲ့(TR)က ယနေ့(ဒီဇင်ဘာ ၂၈) ထုတ်ပြန်သည်။

တိုက်ခိုက်မှုများကို ယနေ့နံနက် ၁နာရီမထိုးမီကစတင်ခဲ့ခြင်းဖြစ်ပြီး တွင်းငယ်ဘက်မှထွက်လာသော စစ်​ကောင်စီတပ်အား ထီးချိုင့်မြို့အဝင်ဂိတ်အနီး မိုင်းလေးလုံဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် နံနက် ၁ နာရီ ၁၇ မိနစ်ခန့်တွင် အစီးရေ ၃၀ ပါ စစ်ကောင်စီတပ်ယာဥ်တန်းအား အင်းတိန်နှင့် ဇီးဖြူကျင်းအနီးဝန်းကျင်၌ မိုင်းနှစ်လုံးဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“အထိအခိုက်ကတော့ မသိနိုင်သေးပါဘူးဗျ။ စကစ တွေရဲ့ ယာဉ်တန်းတွေတက်လာသမျှ ဆက်လက်တိုက်ခိုက်သွားမှာပါ”ဟု ထီးချုင့်တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့် သတိပြုသွားလာကြပြီး စစ်ကောင်စီတပ်ယာဥ်တန်းများတွေ့ရှိပါက အဝေးသို့ အမြန်ဆုံးရှောင်ရှားသွားလာကြရန် ၎င်းက တိုက်တွန်းသည်။

ထီးချိုင့်မြို့နယ် တော်လှန်ရေးအဖွဲ့(TR)အနေဖြင့် မြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီအားခုခံတိုက်ခိုက်လျက်ရှိရာ မိုင်းခွဲတိုက်ခိုက်ခြင်းကို ပိုမိုအားပြုလျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။