Connect with us

Hi, what are you looking for?

သတင်း

PDF အမှတ်(၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF

အောက်တိုဘာ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

အဲဒီ အခမ်းအနားကျင်းပတဲ့ နေရာနဲ့ အချိန်ကို ဖော်ပြမထားပေမဲ့ NUG အုပ်ချုပ်ရေးနယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ကြောင်း တပ်ဆင်တဲ့လက်နက်တွေ၊ ရဲဘော်တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေဖော်ပြ အသိပေးပါတယ်။

အခမ်းအနားကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်အား အလေးပြုခြင်း၊ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူရဲကောင်းများအား ဂုဏ်ပြုဦးညွှတ်ခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နဲ့ တာဝန်ရှိသူများမှ အမှာစကားပြောကြားခြင်း၊ အမှတ် (၉၇၁၁) တပ်ဖွဲ့ ရဲဘော်တွေရဲ့ ကိုယ်ပိုင်နံပါတ် အတည်ပြုထုတ်ပြန်ဖတ်ကြားခြင်း၊ ရဲဘော်များအား တာဝန်ရှိသူများက လက်နက်တပ်ဆင်ပေးအပ်ခြင်းတို့ကို အစီအစဉ်အတိုင်း ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ တပ်တည်ဆောက်ရေး၊ တပ်ကျစ်လစ်ခိုင်မာရေးလုပ်ငန်းစဉ်များကို မွမ်းမံဆောင်ရွက်လျက်‌ရှိကြောင်းလည်း အသိပေးပါတယ်။

အမိမြေနဲ့ ပြည်သူများကို ဂုတ်သွေးစုပ်ဖိနှိပ်သတ်ဖြတ်နေသော အကြမ်းဖက်စစ်တပ်ကို ပိုမိုထိရောက်စွာ တိုက်ခိုက်ချေမှုန်း နိုင်ဖို့အတွက်လည်း အစဉ်မပြတ် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်းလည်း ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် စစ်အာဏာရှင်စနစ် ချေမှုန်းရေးအတွက် စစ်မျက်နှာအသီးသီးတွင် အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်လျက်ရှိကြောင်း ဖော်ပြပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ PDF တပ်ဖွဲကဝင်များကို တက်စွမ်းသရွေ့ ၀ိုင်းဝန်း ကူညီဖေးမပေးကြဖို့လည်း PDF စစ်ရုံးချုပ်က မေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။