Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်ပကဖ က​ရှေ့တန်း​ရောက်ရဲ​​ဘော်​တွေကို သီတင်းကျွတ်မုန့်ဖိုးပေး

ကျဆုံးရဲ​ဘော်​တွေရဲ့မိသားစု​တွေကိုလည်းဂုဏ်ပြုချီးမြှင့်​ငွေ​​ပေးအပ်

ဓါတ်ပုံ-စစ်ကိုင်းတိုင်းပကဖ ၊ခင်ဦးပကဖ

​အောက်တိုဘာ-၂၅၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊တိုင်းပကဖဦးစီးအဖွဲ့က ရှေ့တန်းရောက်ရဲ‌ဘော်တွေကို သီတင်းကျွတ်မုန့်ဖိုးပေးသလိုနွေဦးတော်လှန်ရေးအတွင်းကျဆုံး ရဲဘော်တွေရဲ့ မိသားစုဝင်တွေကိုလည်း ဂုဏ်ပြု ချီးမြှင့် ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။

အောက်တိုဘာလ၂၅ရက်မှာရှေ့တန်းရောက်ကာကွယ်ရေးရဲဘော်တွေကို သီတင်းကျွတ်မုန့်ဖိုးပေးခဲ့တာလို့ စစ်ကိုင်းတိုင်းထဲက ပကဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဘတ်ဂျက်အနေအထားအရ ရဲဘော်တိုင်းကိုတော့ ပေးအပ်နိုင်ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါအပြင် ခင်ဦးမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းထဲကမြို့နယ်အများစုမှာလည်း နွေဦးတော်လှန်ရေးအတွင်းကျဆုံး ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ပကဖ ကဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ခင်ဦးမြို့နယ်ပကဖကလည်း တပ်ဖွဲ့မှာတာဝန်ထမ်း​ဆောင်ရင်း ကျဆုံးခဲ့တဲ့ ရဲ​ဘော်​တွေရဲ့ မိသားစု​​တွေကို သီတင်းကျွတ်လပြည့်အကြို အခါသမယမှာ ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေများ (၁၈)ကြိမ် မြောက် ပေးအပ်ခဲ့တယ်လို့ထုတ်ပြန်ပါတယ် ။တာဝန်ထမ်း​ဆောင်​နေတဲ့ရဲ​ဘော်​တွေကိုလည်း ဂုဏ်ပြု​ထောက်ပံ့​ငွေ​ပေးအပ်ခဲ့တယ်လို့ ​​ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းဟာ လူထုခုခံတိုက်ပွဲအားအကောင်းဆုံးတိုင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကလည်း ထိန်းချုပ် ဒေသအများအပြားရှိနေပါတယ်။ လက်ရှိမှာလည်း အင်းတော်၊ကသာ၊ဝန်းသို၊ထီးချိုင့်မြို့နယ်‌တွေမှာတိုက်ပွဲတွေပြင်းထန်နေပြီး ရွှေဘိုနဲ့ယင်းမာပင်ခရိုင်ထဲကမြို့နယ်တွေမှာလည်း စစ်တပ်စစ်ကြောင်းတွေနဲ့ ​တော်လှန်​ရေးတပ်​တွေကြားတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲ-အောင်သာလမ်းမှာ ရဲဘော်တစ်ဦးဟာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ပြီး ရုပ်အလောင်းလာကောက်မယ့်သူတွေကို စစ်တပ်က ကင်းပုန်းဝပ်ပြီး စောင့်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။