Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၃)နယ်မြေ အင်းကျိုက်ရွာစစ်တပ် ဗုံးကြဲလို့ ပြည်သူ ၂ဦး သေဆုံး၊ အမျိုးသမီး ၆ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေက ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

(ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေက ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - KNU)

အောက်တိုဘာ ၂၆၊ ၂၀၂၆။ ထားမြတ်၊ဒလပန်း/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေက ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ညောင်လေးပင်မြို့နယ် အင်းကျိုက်ရွာ(KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ ဆောထိမြို့နယ် အင်းကျိုက်ရွာ)ကို စစ်တပ်က အောက်တိုဘာ ၂၂ရက် မှာ တိုက်လေယာဉ် ၂စီးနဲ့ လေကြောင်းဗုံးကြဲခဲ့တာပါ။

နေ့လည် ၁၁ နာရီခွဲအချိန်မှာ ညောင်လေးပင်မြို့နယ် ၊ ပိန်းဇလုပ်မြို့ အခြေစိုက် ခလရ (၂၆၄)တပ်ရင်းက အင်းကျိုက်ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ တိုက်ပွဲဖြစ်တာမျိုးမရှိဘဲနဲ့ လေယာဉ်ကော ၊ လက်နက်ကြီးနဲ့ပါလာပစ်သွားတာ။ သေသွားတဲ့ ၂ ဦးထဲက တစ်ဦးကတော့ နေရာမှာပဲပွဲချင်းပြီး သေသွားတာ “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က လေကြောင်း ၊ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အင်းကျိုက်ကျေးရွာနေ အသက် (၅၃)နှစ်အရွယ် မဇင်မာမြင့်နဲ့ အသက် (၃၃)နှစ်အရွယ် ကိုရဲထက်အောင်တို့ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုများလည်း ရှိခဲ့တယ်လို့ အသိပေးပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ KNU အုပ်ချုပ်နယ်မြေတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပါတယ်။

အောက်တိုဘာ ၂၅ရက်ကလည်း KNU တပ်မဟာ(၅)နယ်မြေကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့လို့ ကလေးငယ် ၁ဦးသေဆုံးကာ အချို့ ဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာ ၁၈ရက်ကလည်း KNU ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ် ညောင်ခြေထောက်ရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးခဲ့ရပါတယ်။

စစ်တပ်ဟာ အာဆီယံ ဘုံသဘောတူညီချက် အား လိုက်နာဆောင်ရွက်ခြင်း မရှိပဲ နိုင်ငံတစ်၀န်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများသို့ လေယာဉ်များ၊ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် အကြမ်းဖက်တိုက်ခိုက်တာ၊ အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်တာ စတဲ့ စစ်ရာဇ၀တ်မှုဆိုင်ရာများအား နေ့စဉ်နဲ့ အမျှ ကျူးလွန်လျက်ရှိကြောင်း KNUက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ လိုအပ်တဲ့ လေယာဉ်ဆီကို အာဏာသိမ်း မြန်မာစစ်တပ်က ဒီဇယ်ဆီလို့ စာရင်းလိမ် ဖော်ပြပြီး တင်သွင်းဝယ်ယူခဲ့ပါတယ်။

သတင်း

ငပြီကျွန်း​ပေါ်တိုက်ပွဲ​တွေမှာစစ်တပ်က၁၀၀ ​ကျော်​သေဆုံးပြီး (၅၀)ထက်မနည်းလက်နက်ချ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွှေဂူနီဘုရားဝင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ကံကုန်းကို ရောက် နေတဲ့ စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေ မနေ့ညပိုင်းက အပြင်းထန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်အထိခိုက်အကျဆုံးများတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။