Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုန့်ရင်းကြမ်းတမ်းတဲ့ အစ္စရေး အမျိုးသမီး တစ်ဦးကို ဗီဇာ ရုပ်သိမ်းကြောင်း ထိုင်းအာဏာပိုင်တွေပြော

ရုန့်ရင်းကြမ်းတမ်းတဲ့ ကိုယ်အမူအယာတွေ ပြသမှု၊ ဝတ္တရား နှောင့်ယှက်မှုတွေအတွက် အစ္စရေး အမျိုးသမီး တစ်ဦးရဲ့ ဗီဇာကို ရုပ်သိမ်းခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဓာတ်ပုံ - Bangkok Post

ရုန့်ရင်းကြမ်းတမ်းတဲ့ ကိုယ်အမူအယာတွေ ပြသမှု၊ ဝတ္တရား နှောင့်ယှက်မှုတွေအတွက် အစ္စရေး အမျိုးသမီး တစ်ဦးရဲ့ ဗီဇာကို ရုပ်သိမ်းခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ကော့ဖငန်းကျွန်းကို ရောက်ရှိနေတဲ့ အသက် ၃၃ နှစ်အရွယ် အန်းဆက်ဗ် အက်ရှူရယ်လ်ဟာ တာဝန်ရှိသူတွေနဲ့ တခြားသူတွေကို ရန်လို ခြိမ်းခြောက်တာ၊ ဆဲရေးတိုင်းထွာတာတွေ ကျူးလွန်ခဲ့ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ အဲဒီနောက် နိုင်ငံခြားသားတွေရဲ့ အပြုအမူပိုင်းကို ထိန်းသိမ်း စောင့်ကြည့်တဲ့ ဒေသဆိုင်ရာ ကော်မတီက အက်ရှူရယ်လ်ရဲ့ ဗီဇာကို ရုပ်သိမ်းစေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ထိုင်းနိုင်ငံကနေ နှင်ထုတ်ခံရဖွယ် ရှိနေပါတယ်။

အဲဒီ အမျိုးသမီးဟာ သန်ဆာဒက် ကော့ဖငန်း အမျိုးသား ဥယျာဉ်ထဲ ဝင်ရောက် လည်ပတ်ခဲ့ရာမှာ ဝင်ကြေးနဲ့ တခြား အဖိုးအခတွေကို ပေးချေဖို့လည်း ပျက်ကွက်ခဲ့ပါတယ်။ အက်ရှူရယ်လ်ဟာ သုခုမ ကုထုံးပညာရှင်၊ အသက်ရှူ နည်းလမ်းဆိုင်ရာ နည်းပြနဲ့ တခြားအလုပ်တွေ လုပ်ကိုင်ရင်း ကော့ဖငန်းမှာ ထေိုင်နေတာ ဖြစ်ပါတယ်။ ကော့ဖငန်းဟာ ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ ထင်ရှားတဲ့ အပန်းဖြေ ကျွန်းတစ်ကျွန်းပါ။

သူ့ကို အရေးယူခဲ့တဲ့ ကော်မတီက အက်ရှူရယ်လ်ဟာ ဘယ်ဗီဇာ အမျိုးအစားကို ကိုင်ဆောင်ထားသလဲ ဆိုတာကို တိတိကျကျ မကြေညာပါဘူး။ အစ္စရေး နိုင်ငံသားတွေဟာ ထိုင်းကို ရက်ပေါင်း ၃၀ ဗီဇာကင်းလွတ် လည်ပတ်ခွင့် ရှိပေမယ့် အဲဒီလို အလည်အပတ် ဗီဇာနဲ့တော့ အလုပ်လုပ်ခွင့် ပြုမထားပါဘူး။

Public Service Announcement

Public Service Announcement

အက်ရှူရယ်လ်ဟာ ကော့ဖငန်းမှာ အခုနှစ်အတွင်း တတိယမြောက် ဗီဇာ ရုပ်သိမ်းခံရတဲ့ အစ္စရေး နိုင်ငံသား ဖြစ်လာပါတယ်။ အဲဒီကျွန်းမှာ အခုနှစ်အတွင်း ဗီဇာ ပယ်ဖျက်ခံရတဲ့ နိုင်ငံခြားသား အရေအတွက်က ၁၀ ဦးထိ ရှိလာပါတယ်။

ဩဂုတ်လကုန်ပိုင်းမှာ ထိုင်းအစိုးရဟာ အများပြည်သူကို ခြိမ်းခြောက်တဲ့၊ အနှောင့်အယှက်ပေးတဲ့၊ ရန်လို အကြမ်းဖက်တဲ့၊ ထိုင်းနိုင်ငံရဲ့ ကျင့်ဝတ်စည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွက်တဲ့၊ တရားမဝင် နည်းလမ်းတွေနဲ့ ဝင်ရောက်လာတဲ့၊ တရားမဝင် အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေဆီ ဗီဇာကို အမြန်ဆုံး ရုပ်သိမ်းပြီး နှင်ထုတ်နိုင်တဲ့ စည်းမျဉ်းသစ်တွေကို စတင် မိတ်ဆက်လာခဲ့ပါတယ်။

အောက်တိုဘာ လမှာတော့ ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက အဲဒီလို စည်းဖောက်တဲ့ နိုင်ငံခြားသားတွေကို တုံ့ပြန် အရေးယူဖို့အတွက် ပြည်နယ်အဆင့် အရာရှိတွေ အနေနဲ့ ဘာမှ ဝန်လေးနေစရာ မလိုကြောင်း၊ အဲဒီ နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံနဲ့ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်း ပြောကြားခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရှားပါးပြီး ဥပဒေအရ ကာကွယ်ပေးထားတဲ့ ပန်ဒါနီလေး တစ်ကောင်ကို မှောင်ခိုသယ်ယူဖို့ ကြိုးစားခဲ့သူ နှစ်ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။

သတင်း

မြန်မာကုန်းဘောင်ခေတ် နန်းတွင်းဝတ်စားဆင်ယင် ထုံးဖွဲ့မှုတွေကို ကူးယူထားကြောင်း စွပ်စွဲ ဝေဖန်မှုတွေ ကြုံနေတဲ့ ထိုင်းရုပ်မြင်သံကြား စီးရီးနဲ့ ပတ်သက်လို့ ဖျော်ဖြေရေး ကုမ္ပဏီ GMMTV က ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

CI အဂတိကိစ္စတွေကြောင့် မြန်မာလုပ်သား တစ်သန်းလောက် တရားဝင်စနစ်ပြင်ပ ရောက်သွားနိုင်တယ်လို့ လုပ်သားအရေး ဆောင်ရွက်သူတွေ သတိပေး

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက်မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ် (CI) ထုတ်ပေးတဲ့စင်တာမှာ အာဏာသိမ်း မြန်မာစစ်တပ်က ခန့်အပ်တဲ့ အာဏာပိုင်တွေ ခြယ်လှယ် ကြီးစိုးနေသလို ၊စစ်​ခေါင်း​ဆောင်မိသားစုနဲ့ နီးစပ်သူ​တွေလုပ်ခွင့်ရထားကြောင်း ထိုင်းသတင်းထောက်တဦးကထပ်မံဖော်ထုတ်ရေးသားပါတယ်။