Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ ကချင်ပြည်နယ်မှာ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

အောက်တိုဘာ-၂၈၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီမှ ဘုံတိုဆီမီးသပိတ်လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကျဆုံးသွားသော ရဲဘော်တွေနဲ့ ပြည်သူတွေအတွက် (၁) နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ​အောက်တိုဘာ ၂၇ ရက်မှာ “သွေးမြေကျခဲ့တဲ့ သစ္စာတရား၊ ဆီမီးများနဲ့သယ်ဆောင်သွား” စာသားနဲ့ တော်လှန်သီတင်းကျွတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

စစ်အာဏာရှင်ရဲ့ လူမဆန်စွာရက်စက်ယုတ်မာမှုတွေကို ပြည်သူလူထုရဲ့ စည်းလုံးအားနဲ့ အာဏာရှင်စနစ််အလုံးစုံ ပျက်သုန်းသည်ထိ တိုက်ထုတ်ကြဖို့ကိုလည်း အညာပစ်တိုင်းထောင်လေးများလူထုသပိတ်က တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူလက်ပံတောင်းတောင်​​ဒေသမှာလည်း ပင်မသပိတ်မှ ဘုံတိုဆီမီးသပိတ်လေကြောင်းတိုက်ခိုက်ခံရမှု ၁ နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် “သွေးမြေကျခဲ့တဲ့ သစ္စာတရား၊ ဆီမီးများနဲ့သယ်ဆောင်သွား” စာသားနဲ့ ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်မှ ရဲဘော်တွေက တော်လှန်သီတင်းကျွတ် ဆုတောင်းလှုပ်ရှားမှုလုပ်ဆောင်ခဲ့ပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း ဘုံတိုဆီမီးသပိတ်ဖြစ်စဉ်ကို အောက်မေ့ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ဦးဆောင်ပြီး ဆီမီးသပိတ်ပြုလုပ်ကာ မြန်မာနိုင်ငံ အမြန်ဆုံးလွတ်မြောက်ရေး ဆုတောင်းခဲ့ကြပါတယ်။

ဘုံတိုဆီမီးသပိတ်မှာ ကျဆုံးခဲ့ရသူတွေကို အောက်မေ့သတိရစေဖို့ “သွေးမြေကျခဲ့တဲ့ သစ္စာတရား၊ ဆီမီးများနဲ့ သယ်ဆောင်သွား” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ဆီမီးတွေ ထွန်းညှိခဲ့ကြတာ ဖြစ်ပြီး အလားတူဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားစေဖို့ ရည်ရွယ်ကြောင်း ရွှေဘိုသပိတ်အင်အားစုက ဆိုပါတယ်။

ရွှေဘိုမြို့နယ် ကျေးရွာတစ်ရွာမှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး တော်လှန်အသိ တော်လှန်သတိရှိသော တော်လှန်လူထုက ဆီးမီးသပိတ် ပုံဖော်ထွန်းညှိကာ မြန်မာပြည်ကြီးအမြန်လွတ်မြောက်ပါစေကြောင်း ဆုတောင်းခဲ့ကြပါတယ်။

မြောင်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ လူငယ်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ ချက်ချင်းလွတ်မြောက်ရေး ၊ နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေး တို့အတွက် ဆီမီးထွန်းညှိကာ ဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့ပြီး တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ သီတင်းကျွတ်လပြည့်ည (အောက်တိုဘာ ၂၆ ရက်ည) ကဖားကန့်မှော်လည့်သပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်နဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ရေး FREE HER လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

လှုပ်ရှားမှုမှာ စစ်အာဏာသိမ်းပြီးနောက် ပြည်သူတွေကို မီးရှို့ဖျက်ဆီးတာ၊ ဖမ်းဆီးသတ်ဖြတ်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုကို ဆန့်ကျင်တော်လှန်ကြဖို့နဲ့ နွေဦးတော်လှန်ရေးမှာ တစ်နိုင်ငံလုံးက ပြည်သူတွေ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကြဖို့လည်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ GSCB ၊ လက်​ပံ​တောင်းသပိတ်၊ ဖားကန့်မှော်လှည့်သပိတ်

ဆက်စပ်သတင်းများ

သတင်း

ဘုံတိုကျေးရွာ ဆီမီးသပိတ်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ ကျဆုံးခဲ့ကြသူတွေကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တိုင်းမှာ ၁ မိနစ်တာ ဝမ်းနည်းအောက်မေ့ခြင်း အချိန်အဖြစ် သတ်မှတ်လိုက်ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ဒီနေ့ (အောက်တိုဘာ ၂၇ ရက်) မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲနဲ့ သီတင်းကျွတ်ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။