Connect with us

Hi, what are you looking for?

သတင်း

ခေါင်လန်ဖူးမြို့မကျရေး စစ်တပ်က ပြည်သူ့စစ်တွေအင်အားဖြည့်ပြီး လူငယ်တွေ ပေါ်တာဆွဲနေ

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ စစ်တပ်က ပြည်သူ့စစ်တွေနဲ့ အင်အားဖြည့်တင်းတာ၊ ဒေသခံလူငယ်တွေကို လူသစ်စုဆောင်း ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေကြောင်း ဒေသခံ သတင်းရင်းမြစ်နဲ့ ကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Jithu Magar)

အောက်တိုဘာ ၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ စစ်တပ်က ပြည်သူ့စစ်တွေနဲ့ အင်အားဖြည့်တင်းတာ၊ ဒေသခံလူငယ်တွေကို လူသစ်စုဆောင်း ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေကြောင်း ဒေသခံ သတင်းရင်းမြစ်နဲ့ ကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ စက်တင်ဘာနဲ့ ဇူလိုင်အတွင်းက ခေါင်လန်ဖူးမြို့နယ်က စစ်တပ်နဲ့ ပြည်သူ့စစ် တပ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ဆက်လက်ပြီး နယ်မြေတွေ တိုးချဲ့ထိန်းချုပ်လာနိုင်တဲ့ အခြေအနေမှာ စစ်တပ်ဘက်က အင်အားဖြည့်တာ၊ လူသစ်စုတာ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ခေါင်လန်ဖူးဘက်ကို စစ်တပ်လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်၊ လီဆူဒူးလေးပြည်သူ့စစ်၊ ကချင်အထူးဒေသ(၁) ပြည်သူ့စစ်စတဲ့ ပြည်သူ့စစ်တွေဟာ ခေါင်လန်ဖူးမြို့နယ် တိုက်ပွဲတွေမှာ နေရယူထားလို့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပိုပြင်းလာနိုင်ကြောင်းဒေသခံ အချို့က အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

“ခေါင်လန်ဖူးမကျရေး လုပ်နေတာပါ။တော်လှန်ရေးဘက်က ရှိန်းခေါင်နားထိရောက်ပြီ။ ရှိန်းခေါင်က ပြည်သူ့စစ်(ဌာနေ) ဌာနချုပ်ပါ” လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကလည်း စစ်တပ်ဘက်က ခေါင်လန်ဖူးမြို့နယ်မှာ ပြည်သူ့စစ်တွေ အင်အားဖြည့်တင်းနေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

KIA ပူးပေါင်းတပ်ဟာ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ်မှတ်တိုင် (၃၀) ဒေသ က ရဟတ်ယာဉ်ကွင်းပါ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ရဲ့ အရေးပါတဲ့စစ်စခန်းတခုကို စက်တင်ဘာလအတွင်းက သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ဒေသတွင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်က အထိနာခဲ့လို့ စစ်တပ်ဟာ ခေါင်လန်ဖူးဒေသတိုက်ပွဲကွပ်ကဲဖို့ စစ်တပ်အရာရှိတွေ ထပ်မံ ဖြည့်တင်းခဲ့ရာ KIA ရဲ့ တိုက်ခိုက်မှုကြောင့် ဗျူဟာမှူးအဆင့် အရာရှိ သေဆုံးမှုရှိခဲ့ပါတယ်။ အောက်တိုဘာ ဒုတိယပတ်မှာ ပူတာအိုကနေ ခေါင်လန်ဖူးကို အင်အားဖြည့်လာတဲ့ ဗိုလ်မှူးကြီး ၁ဦးနဲ့ဒုဗိုလ်မှူးကြီး ၁ဦးတို့ဟာ ရှေ့တန်းစစ်မြေပြင်ကိုအသွားလမ်းခရီးမှာ KIA ရဲ့ တိုက်ခိုက်မှု ခံရပြီး ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီးသေဆုံးခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောထားပါတယ်။

တဖက်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်တွေဟာ ခေါင်လန်ဖူးတိုက်ပွဲအင်အားဖြည့်ဖို့ လူသစ်စုဆောင်းတာ၊ ဒေသခံတွေကို ပေါ်တာဆွဲ အထမ်းထမ်းခိုင်းတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံနဲ့ KIA ဘက်က အသိပေးထားပါတယ်။

ဝေးလံခေါင်ဖျားတဲ့ဒေသဖြစ်တဲ့ ခေါင်လန်ဖူးမြို့နယ် တိုက်ပွဲဖြစ်တဲ့ဒေသက တခုတည်းသော ရဟတ်ယာဉ်ကွင်းကို KIA ပူးပေါင်းတပ်ကသိမ်းပိုက်ထားတာကြောင့် စစ်ကောင်စီတပ်ဟာ ရှေ့တန်းစစ်ကြောင်းတွေကို လေကြောင်းကနေ ရိက္ခာ လက်နက်ခဲယမ်းဖြည့်တင်းနေရသလို ဒေသခံတွေကို ပေါ်တာဆွဲပြီး ပစ္စည်းထမ်းရှေ့တန်းပို့ခိုင်းတာတွေလည်းရှိတယ်လို့ဆိုပါတယ်။

စစ်တပ်နဲ့ ပြည်သူ့စစ်တွေဟာ စစ်ရှုံးအထိနာလို့ ဒေသခံတွေကို ပေါ်တာဆွဲနေတာလို့ ပူတာအိုဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

“ ပြည်သူလူထုကို အထမ်းထမ်းခိုင်းတာ တွေရှိတယ်။ လူငယ်တွေကို ပေါ်တင် စုဆောင်းရေးဖမ်းဆီးတာရှိပါတယ်” လို့ ပူတာအိုဒေသခံက ပြောပါတယ်။

KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၄ရက် သတင်းဖော်ပြချက်မှာလည်း ပူတာအိုဒေသမှာ စစ်တပ်နဲ့ ခေါင်လန်ဖူးပြည်သူ့စစ်တွေက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကိုပါ အဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းရေးခေါ်နေကြောင်း ဖော်ပြပါတယ်။ အောက်တိုဘာ ၁၈ရက်မှာဆိုရင်စားသောက်ဆိုင်မှာ ထိုင်နေတဲ့ မိန်းကလေးငယ်တွေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်သင်တန်းအပြီး ရက္ခိုင်စစ်မြေပြင်ကို ချက်ချင်းပို့ဆောင်ခဲ့တဲ့ တပ်သားတွေထဲက တပ်သား ၂ဦးဟာ စစ်မြေပြင်က ထွက်ပြေးပြီး အာရက္ခတပ်တော်(AA)ထံ အလင်းဝင်ခဲ့ကြောင်း ကာယကံရှင် တွေက ပြောပြပါတယ်။

သတင်း

ကချင်ပြည်နယ် ပူတာအိုဒေသမှာ စစ်တပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က လူမျိုးရေးနဲ့ဘာသာရေးအသုံးချပြီး စစ်သားစုဆောင်နေသလို ဒေသခံလူထုရဲ့စည်းလုံးမှုကွဲအောင် လှုံ့ဆော်နေတဲ့အတွက် ဆန့်ကျင်ဖို့နဲ့ ချိန်းခြောက်ခံရပါက လာရောက်ခိုလှုံကြဖို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲကို ကွပ်ကဲဖို့ စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)-ကက(ကြည်း)က ပို့လိုက်တဲ့အထူးဗျူဟာမှူး ဗိုလ်မှူးကြီး ၁ဦးဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ တိုက်ခိုက်မှု ခံရပြီး သေဆုံးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့မှာအာဏာသိမ်းစစ်တပ်ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေကအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေညှစ်တာတွေ ဖြစ်ပျက်နေတယ်လို့ မြ၀တီမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။