Connect with us

Hi, what are you looking for?

News

အင်းစိန်ရွာမရဲစခန်း ဗုံးဖြင့်တိုက်ခိုက်ခံရ၊ ရဲများ ထိခိုက်မှုရှိနိုင်

“ဗုံးသီး ၂ လုံးပစ်ရန် စီစဥ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ၁ လုံးသာပစ်ခတ်ခဲ့ရပြီး ရခများ ထိခိုက်မှုများကာ နှစ်ဖက်ညီနောင်ရဲဘော်များ ထိခိုက်မှုမရှိဘဲ ဘေးကင်းအောင် မြင်စွာ ဆုတ်ခွာလာ ခဲ့ပြီဖြစ်ပါသည်”ဟု YFA က ဆိုသည်။

People's Spring
People's Spring

အင်းစိန်မြို့နယ်ရှိ ရွာမရဲစခန်းအား ၄၀(မမ) ဗုံးသီးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Yangon Fedreal Army -YFA က ယနေ့(ဒီဇင်ဘာ ၂၉) ထုတ်ပြန်သည်။

ယနေ့နံနက် ၅ နာရီ ၄၅ခန့်က အင်းစိန်မြို့နယ် အောက်မဂ်လာဒုံလမ်းပေါ်ရှိ ရွာမရဲစခန်းအား M 97 40 mm ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ရဲများအထိအခိုက်များနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဗုံးသီး ၂ လုံးပစ်ရန် စီစဥ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ၁ လုံးသာပစ်ခတ်ခဲ့ရပြီး ရခများ ထိခိုက်မှုများကာ နှစ်ဖက်ညီနောင်ရဲဘော်များ ထိခိုက်မှုမရှိဘဲ ဘေးကင်းအောင် မြင်စွာ ဆုတ်ခွာလာ ခဲ့ပြီဖြစ်ပါသည်”ဟု YFA က ဆိုသည်။

ရွာမရဲစခန်းအနီးနေထိုင်သူတစ်ဦးက “၆ နာရီကျော်လောက်ကတည်းက ရွာမရဲစခန်းနားကို စစ်ခွေးကားနှစ်စီးရောက်လာတယ်။ရဲခွေးတွေ ထိလား၊မထိလားတော့ မသိသေးဘူး”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ Mission မှာ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ ပျံလွှားအောင်စစ်ဆင်ရေးမှ အစိတ် အပိုင်းတစ်ခုဖြစ်ကြောင်း YFA က အသိပေးထားသည်။

အင်းစိန်ရွာမရဲစခန်းအား တိုက်ခိုက်မှုကို Area 21 ၏မိတ်ဖက်များဖြစ်သော YFA နှင့် CGF-HTY တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လှိုင်သာယာမြို့နယ်‌‌ပြောက်ကြား တပ်ဖွဲ့မှသည် ရန်ကုန်တစ်မြို့လုံးဆိုင်ရာ ပြောက်ကြားတပ်ဖွဲ့ CGF YGNအဖြစ် အမည်ပြောင်းလဲပြီး တစ်မြို့လုံးမည်သည့်နေရာမဆို စစ်ရေးအရ တိုက်ခိုက်သွားမည်ဟု လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF HTY) က ကြေညာထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။