Connect with us

Hi, what are you looking for?

LuduNwayOo

News

အင်းစိန်ရွာမရဲစခန်း ဗုံးဖြင့်တိုက်ခိုက်ခံရ၊ ရဲများ ထိခိုက်မှုရှိနိုင်

“ဗုံးသီး ၂ လုံးပစ်ရန် စီစဥ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ၁ လုံးသာပစ်ခတ်ခဲ့ရပြီး ရခများ ထိခိုက်မှုများကာ နှစ်ဖက်ညီနောင်ရဲဘော်များ ထိခိုက်မှုမရှိဘဲ ဘေးကင်းအောင် မြင်စွာ ဆုတ်ခွာလာ ခဲ့ပြီဖြစ်ပါသည်”ဟု YFA က ဆိုသည်။

People's Spring
People's Spring

အင်းစိန်မြို့နယ်ရှိ ရွာမရဲစခန်းအား ၄၀(မမ) ဗုံးသီးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Yangon Fedreal Army -YFA က ယနေ့(ဒီဇင်ဘာ ၂၉) ထုတ်ပြန်သည်။

ယနေ့နံနက် ၅ နာရီ ၄၅ခန့်က အင်းစိန်မြို့နယ် အောက်မဂ်လာဒုံလမ်းပေါ်ရှိ ရွာမရဲစခန်းအား M 97 40 mm ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ရဲများအထိအခိုက်များနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဗုံးသီး ၂ လုံးပစ်ရန် စီစဥ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ၁ လုံးသာပစ်ခတ်ခဲ့ရပြီး ရခများ ထိခိုက်မှုများကာ နှစ်ဖက်ညီနောင်ရဲဘော်များ ထိခိုက်မှုမရှိဘဲ ဘေးကင်းအောင် မြင်စွာ ဆုတ်ခွာလာ ခဲ့ပြီဖြစ်ပါသည်”ဟု YFA က ဆိုသည်။

ရွာမရဲစခန်းအနီးနေထိုင်သူတစ်ဦးက “၆ နာရီကျော်လောက်ကတည်းက ရွာမရဲစခန်းနားကို စစ်ခွေးကားနှစ်စီးရောက်လာတယ်။ရဲခွေးတွေ ထိလား၊မထိလားတော့ မသိသေးဘူး”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ Mission မှာ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ ပျံလွှားအောင်စစ်ဆင်ရေးမှ အစိတ် အပိုင်းတစ်ခုဖြစ်ကြောင်း YFA က အသိပေးထားသည်။

အင်းစိန်ရွာမရဲစခန်းအား တိုက်ခိုက်မှုကို Area 21 ၏မိတ်ဖက်များဖြစ်သော YFA နှင့် CGF-HTY တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လှိုင်သာယာမြို့နယ်‌‌ပြောက်ကြား တပ်ဖွဲ့မှသည် ရန်ကုန်တစ်မြို့လုံးဆိုင်ရာ ပြောက်ကြားတပ်ဖွဲ့ CGF YGNအဖြစ် အမည်ပြောင်းလဲပြီး တစ်မြို့လုံးမည်သည့်နေရာမဆို စစ်ရေးအရ တိုက်ခိုက်သွားမည်ဟု လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF HTY) က ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ခြေရာတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော် ၁၇ ဦး၊ စစ်ကိုင်းခရိုင် အမှတ်၅တပ်ရင်းမှ ရဲဘော် ၅ ဦး၊ အမှတ်(၆)တပ်ရင်းမှ ရဲဘော် ၂ ဦး၊ မြင်းမူ ပလဖအဖွဲ့မှ ရဲဘော် ၂ ဦး စုစုပေါင်း၂၆ဦး ကျဆုံးခဲ့သည်။

သတင်း

စစ်ဆင်ရေးကို ကြောင်လက်သည်း Local pdf၊ Dynamite-2 Local pdf၊ နန်းတက်မင်း Local pdf အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

ဆိုင်းတောင် ရဲစခန်းကုန်း တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအ‌နေကို မသိရှိရသေးပေ။ စစ်ကောင်စီ ပစ်ခတ်၍ ဒဏ်ရာရသူသုံးဦးမှာ ဖားကန့်ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီတပ်သည် အဆိုပါနယ်မြေရဲကင်းတိုက်ခိုက်ခံရပြီးနောက် ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ(ကပစ)မှ စစ်ကား သုံးစီးဖြင့် လက်ပံတံခါးစခန်း ရောက်လာပြီး နယ်မြေရှင်းလင်းရေးလုပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။