Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တခြားစစ်ဗိုလ်ချုပ်တွေကို ရှီကျင့်ဖျင် ရှင်းလင်းဖယ်ရှားမှုမှာ ကူညီခဲ့တဲ့ တရုတ်စစ်ဗိုလ်ချုပ် ရာထူးတိုး

တရုတ် စစ်တပ်ထဲက ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို ဖယ်ရှားရှင်းလင်းခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ အစီအမံတွေကို အဓိက ဦးဆောင် တာဝန်ယူပေးခဲ့သူ စစ်ဗိုလ်ချုပ် တစ်ဦးဟာ အခုအခါ ရာထူး တိုးသွားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

တရုတ် စစ်တပ်ထဲက ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို ဖယ်ရှားရှင်းလင်းခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ အစီအမံတွေကို အဓိက ဦးဆောင် တာဝန်ယူပေးခဲ့သူ စစ်ဗိုလ်ချုပ် တစ်ဦးဟာ အခုအခါ ရာထူး တိုးသွားခဲ့ပါတယ်။

တရုတ်ရဲ့ ဩဇာကြီးမားတဲ့ ဗဟိုစစ်ရေး ကော်မရှင် (CMC)မှာ ရှီရဲ့ လက်ထောက်အဖြစ် တာဝန်ယူထားသူ ဗိုလ်ချုပ်ကြီး ကျန်ရှန်မင်းဟာ တရုတ် ကွန်မြူနစ်ပါတီ (CCP)ရဲ့ ခေါင်းဆောင်ပိုင်း ထိပ်သီး အစည်းအဝေးမှာ ပေါ်လစ်ဗျူရို အဖွဲ့ဝင် တစ်ဦးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့က ရာထူး ခန့်အပ်မှုအရ တရုတ်နိုင်ငံရေးမှာ ဩဇာ ကြီးမားတဲ့ အစုအဖွဲ့ဖြစ်တဲ့ ပေါ်လစ်ဗျူရိုထဲမှာ ကျန်ဟာ တစ်ဦးတည်းသော စစ်ဘက် အရာရှိ ဖြစ်လာပါတယ်။

ပလန်တမ်လို့ခေါ်တဲ့ ပါတီထိပ်ပိုင်း လျှို့ဝှက် အစည်းအဝေးကြီးအတွင်းမှာ ကျန်ဟာ ပေါ်လစ်ဗျူရို အဖွဲ့ဝင် နေရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပလန်တမ်မှာ ရှီက ပါတီရဲ့ စည်းကမ်းပိုင်းဆိုင်ရာ တင်းကျပ်မှုတွေကို ပိုမို မြှင့်တင်သွားမယ်လို့ ပြောကြားခဲ့ပြီး အဂတိ ကိစ္စတွေကို ပြင်းပြင်းထန်ထန် ချေမှုန်းမယ်လို့လည်း သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း CMCထဲမှာရှိတဲ့ တရုတ်ရဲ့ ထိပ်တန်း ဗိုလ်ချုပ်တွေဟာ ရာထူးကနေ အကြောင်းအမျိုးမျိုးနဲ့ ထုတ်ပယ်ခံရပြီး CMCမှာ ရှီနဲ့ ကျန်တို့ နှစ်ဦးသာ ဆက်ပြီး ရှိနေခဲ့ပါတော့တယ်။ ဗိုလ်ချုပ်တွေ ရာထူးကနေ ဖယ်ရှားခံရတာဟာ စည်းကမ်းပိုင်းနဲ့ အဂတိ ကိစ္စတွေကြောင့်လို့ စစ်တပ်က အကြောင်းပြပေမယ့် တကယ်တမ်းမှာတော့ ရှီက စစ်တပ်အပေါ် ထိန်းချုပ်မှု ဩဇာ ပိုမို ဖြန့်ကျက်ဖို့ လုပ်ဆောင်ခဲ့တာလို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

ကျန်ဟာ ရှီရဲ့ အနီးကပ် လက်ရုံးဖြစ်ပြီး တခြားဗိုလ်ချုပ်တွေ ဖြုတ်ထုတ်ဖယ်ရှားခံရတဲ့ ကိစ္စတွေကို အဓိက တာဝန်ယူခဲ့သူ အဖြစ်လည်း ယူဆခံရပါတယ်။ အခုတော့ သူဟာ တရုတ်ရဲ့ စီမံအုပ်ချုပ်ရေး အာဏာစက်မှာ အထူးအရေးပါတဲ့ ပေါ်လစ်ဗျူရိုထဲကို ရာထူးတိုးမြှင့် ခန့်အပ် ခံခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရာထူးကနေ ထုတ်ပယ် ခံခဲ့ရတဲ့ စစ်ဗိုလ်ချုပ်တွေထဲမှာ CMC ဒုတိယ ဥက္ကဋ္ဌဟောင်း ကျန်ယုရှလည်း ပါဝင်ခဲ့ပါတယ်။ သူဟာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA)ရဲ့ ရာထူးအမြင့်ဆုံး စစ်ဘက် အရာရှိ ဖြစ်ခဲ့ပေမယ့် ရှီအပေါ် သစ္စာဖောက်မှု၊ စင်ပြိုင်အစုအဖွဲ့ ထူထောင်မှု စွပ်စွဲချက်တွေနဲ့ ဖြုတ်ထုတ် ဖယ်ရှား ခံခဲ့ရတာ ဖြစ်ပါတယ်။

CMCဟာ တရုတ်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့အားလုံးကို ကွပ်ကဲရတဲ့ အဓိက အမိန့်ပေး အစုအဖွဲ့ဖြစ်ပြီး မူလက အဖွဲ့ဝင် ၇ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ဥက္ကဋ္ဌဖြစ်သူ သမ္မတရှီနဲ့ လောလောလတ်လတ် ရာထူးတိုးထားတဲ့ ဗိုလ်ချုပ်ကြီး ကျန်တို့ ၂ ဦးပဲ ကျန်ပါတော့တယ်။ CMCရဲ့ အဖွဲ့ဝင်အင်အား လျော့နည်းသွားခြင်းဟာ တရုတ်ရဲ့ စစ်ရေးပြင်ဆင်မှုတွေနဲ့ ချက်ချင်း တိုက်ပွဲဝင်နိုင်စွမ်းတွေကို ထိခိုက်စေလိမ့်မယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

ကိုးကား: Financial Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် ကုမ္ပဏီတွေက ကြော်ငြာစာချုပ်တွေ ရပ်ဆိုင်းတာ အပါအဝင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံလာတဲ့နောက် ပြင်သစ် လက်ရွေးစင် အသင်း တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပေက တရုတ် ကွန်မြူနစ်ပါတီ (CCP) ထူထောင်သူ မော်စီတုန်းကို အာဏာရှင်လို့ ရည်ညွှန်းခဲ့မိတဲ့ သူ့စကားအတွက် ပြန်လည် တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ အိန္ဒိယ နယ်စပ်တလျှောက်မှာ နှစ်ဖက် လုံခြုံရေး တပ်ဖွဲ့တွေကြား ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ ဆက်ဖြစ်နေတယ်လို့ အိန္ဒိယ နယ်စပ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ နယ်စပ်မြို့ တစ်ခုကို သွားရောက်ခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ နေရပ်ကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံက အထပ်မြင့် တိုက်ခန်းတစ်ခုရဲ့ လုံခြုံရေး သံပန်းမှာ ခေါင်းညပ်ပြီး တွဲလောင်းဖြစ်နေတဲ့ ၃ နှစ်အရွယ် ကလေးငယ်ကို ပြုတ်ကျမသွားအောင် ဒေသခံတွေက ခွေးခြေခုံ တစ်ခုနဲ့ ခံထားပေးခဲ့ပြီး နောက်ဆုံးမှာတော့ အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ခဲ့ပါတယ်။