Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှမြို့နယ်ကို စစ်တပ် ဗုံးကြဲ

စစ်ကိုင်းတိုင်းထဲက မြို့တွေကို ဗုံးကြဲနေတဲ့ စစ်တပ်က ကျွန်းလှမြို့နယ်ကိုလည်း ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံတွေ ထိခိုက်မှုရှိပြီး နေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။

(စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုတချို့ကို တွေ့ရစဥ်)

နိုဝင်ဘာ-၅၊ ၂၀၂၆။ အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်းထဲက မြို့တွေကို ဗုံးကြဲနေတဲ့ စစ်တပ်က ကျွန်းလှမြို့နယ်ကိုလည်း ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံတွေ ထိခိုက်မှုရှိပြီး နေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ န်ိုဝင်ဘာ ၅ရက် ညနေက ဟုမ္မလင်း‌လေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာနှစ်စီးနဲ့ သဖန်းဆိပ်ဆည်ပတ်ဝန်းကျင်ကို ဗုံးကြဲတာလို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးငါးလုံးထက်မနည်းကြဲချသွားပြီး ပြင်းထန်တဲ့ပေါက်ကွဲမှုတွေကြောင့် နေအိမ်ငါးလုံးပျက်စီးခဲ့သလို အရပ်သားတစ်ဦးလည်းဒဏ်ရခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ကျမတို့နဲ့ တစ်မိုင်တောင်မဝေးဘူး။ ဒီနားမှာ တော်လှန်ရေးတပ်တွေမရှိဘူး။ ဗုံးလာကြဲလို့ ပုန်းကျင်းထဲမှာပဲ နေရတယ်”လို့ ကျွန်းလှဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလဆန်းကလည်း သဖန်းဆိပ်ဆည်အနီးဝန်းကျင်က ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က လေကြောင်းကနေ နှစ်ရက်ဆက် ဗုံးကြဲခဲ့တဲ့အတွက် အရပ်သား ၃၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ မတ်လ ၁၅ ရက် ညနေကလည်း သဖန်းဆိပ်ဆည်ထဲက ရွှေမျောတွေကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲပြီး ရော့ကတ်တွေနဲ့ပါ ပစ်ခတ်သွားလို့ ဒေသခံ ၁၃ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

လတ်တလောမှာလည်း စစ်တပ်က မော်လူး၊ ကောလင်း၊ အင်းတော်မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲနေပါတယ်။ နိုဝင်ဘာ ၄ရက် ညက ကောလင်းမြို့နယ်မှာ ဒေသခံပြည်သူတွေကို ဆေးကုသပေးနေတဲ့ဆေးရုံကို စစ်တပ်က ဗုံးကြဲလို့ CDM ဆရာဝန် ဒေါက်တာဇာနည်ထွန်းနဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးတို့ သေဆုံးခဲ့ပြီး ဆေးကုသမှုခံယူနေတဲ့ ပြည်သူတွေလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

မော်လူးမြို့နယ်မှာလည်း စစ်တပ်ကလေကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြုပြီး အပြင်းအထန်တိုက်ခိုက်နေတဲ့အတွက် မြို့အနီး ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေ၊ ခရီးသည်နဲ့ ကုန်တင်ကားတွေ အမြန်ဆုံးရွှေ့ပြောင်းထွက်ခွာကြဖို့ အင်းတော်မြို့နယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းမြို့တွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ရာမှာ ဟုမ္မလင်းလေတပ်ကို အဓိကအသုံးပြုနေတဲ့အတွက် လေကြောင်းအန္တရာယ်ကို အထူးဂရုပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

Facebook