Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ပေါ်တာဆွဲအန္တရာယ် ခရီးသွားပြည်သူတွေ ပိုသတိထားဖို့ PDF က စစ်ကိုင်းတိုင်းမှာ စာစောင်တွေ ဖြန့်ဝေ

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းအမည်ခံ ပေါ်တာဆွဲအန္တရာယ်ကို ခရီးသွားပြည်သူများပိုမိုသတိရှိကြဖို့ စစ်ကိုင်းတိုင်း စိုးမိုးနယ်မြေ အတွင်းမှာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - PDF

နိုဝင်ဘာ ၅၊၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းအမည်ခံ ပေါ်တာဆွဲအန္တရာယ်ကို ခရီးသွားပြည်သူများပိုမိုသတိရှိကြဖို့ စစ်ကိုင်းတိုင်း စိုးမိုးနယ်မြေ အတွင်းမှာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ ပေါ်တာဆွဲ အန္တရာယ်ကို ပြည်သူများ ပိုသိရှိပြီး မိမိကိုယ်တိုင်နဲ့ မိသားစုကို ကာကွယ်နိုင်ဖို့ ပြည်သူ့ရင်ခွင်-People’s Embrace နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းပြီး ပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ထိန်းချုပ် မြို့ရွာတွေမှာ နေ့စဉ်ရက်ဆက်ဆိုသလို လူရွယ်၊ လူငယ်များ ပျောက်ဆုံးနေပြီး အများစုမှာ အဓမ္မ အနိုင်ကျင့် ပေါ်တာဆွဲခံရကာ စစ်တပ်က နိုင်ငံတဝန်း ရှေ့တန်းစစ်မျက်နှာတွေကို ပို့ဆောင်ခဲ့လို့ အသက်ဆုံးရှုံးမှုတွေရှိခဲ့ကြောင်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့စစ်မှုထမ်းဥပဒေအမည်ခံ ပေါ်တာဆွဲမှုတွေဟာ ရပ်ကျေးယန္တရားအထိ လူကုန်ကူး ဈေးကွက်သဖွယ်ဖြစ်ပေါ်နေပြီး အခြေခံလူတန်းစားမိသားစုများနဲ့ လူလတ်တန်းစားမိသားစုများရဲ့ နေ့စဉ်လူမှုဘဝကို အကြီးအကျယ် ခြိမ်းခြောက်လာနေတယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် ပေါ်တာဆွဲခံရသူ ပစတွေဟာ စစ်မျက်နှာ အသီးသီးမှာ အထိအခိုက်အကျအဆုံး များလျက်ရှိပြီး နေ့စဉ် PDF/ပကဖ/တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များထံ အလင်းဝင်မှုများ၊ လက်နက်ချမှုများ ရှိနေတယ်လို့ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကိုသာ ဦးတည်တိုက်ခိုက်နေတာဖြစ်လို့ အတင်းအကြပ်အနိုင်ကျင့်ဖိအားပေးခြင်းကြောင့် စစ်မှုထမ်းနေရသော ပြည်သူများ (ပစ) များအား နားလည်စာနာပြီး အလင်းဝင်မှုများကို နွေးထွေးစွာ ကြိုဆိုလျက် ရှိတယ်လို့လည်း အသိပေးပါတယ်။

ပြည်သူ့ရင်ခွင်ခိုလှုံလိုသူ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ Telegram: https://t.me/MyanmarPeople Telegram (သို့) @MyanmarPeople ၊ Signal: +66968847969၊ Viber: +66968847969၊ Facebook Page/ Messenger: ပြည်သူ့ရင်ခွင် – People’s Embrace ထံ ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

Facebook