Connect with us

Hi, what are you looking for?

သတင်း

မော်လူးမြို့အနီး တိုက်ပွဲပြင်းထန်နေ၊ ပိတ်မိနေသူတွေအမြန်ဆုံးရှောင်တိမ်းကြဖို့ ပကဖသတိပေး

မော်လူးမြို့နယ်အတွင်း စစ်တပ်ကလေကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြုပြီးအပြင်းအထန်တိုက်ခိုက်နေတဲ့အတွက် မြို့အနီး ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေ၊ ခရီးသည်နဲ့ ကုန်တင်ကားတွေ အမြန်ဆုံးရွှေ့ပြောင်းထွက်ခွာကြဖို့အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။

( စစ်တပ်က ဒရုန်းနဲ့ဗုံးချလို့ ပြည်သူ​တွေရဲ့ ကား ၁ စီး မီး​လောင်ကျွမ်း​နေစဥ် နဲ့ ပိတ်မိ​နေတဲ့ ကား​တွေ ။ ရုပ်သံ-IR ၊ ​ဒေသခံ)

■စစ်တပ်ယာဥ်တန်းအနီးကပ်မလိုက်ဖို့ ၊ကသာ-အင်း​တော်(အမှတ်-၃)လမ်း၊ကသာ​မော်လူးလမ်းအသုံးမပြုဖို့PDF သတိ​ပေး

■စစ်အုပ်စုက အရပ်သားယာဉ်တန်းအနီး ဗုံးကြဲ

နိုဝင်ဘာ-၅၊၂၀၂၆။အိမ်သွင်၊ကတ်သရင်း/People’s Spring

မော်လူးမြို့နယ်အတွင်း စစ်တပ်ကလေကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြုပြီးအပြင်းအထန်တိုက်ခိုက်နေတဲ့အတွက် မြို့အနီး ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေ၊ ခရီးသည်နဲ့ ကုန်တင်ကားတွေ အမြန်ဆုံးရွှေ့ပြောင်းထွက်ခွာကြဖို့အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

မော်လူးမြို့နဲ့ အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲနေသလိုမော်လူးမြို့အနီးပတ်၀န်းကျင်ကို လက်နက်ကြီး‌တွေရမ်းသမ်းပစ်ပြီး ဒရုန်းတွေနဲ့လည်း ဗုံးကြဲနေတယ်လို့အသိပေးထားပါတယ်။

ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေ၊ ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ နဘားကျေးရွာဖက်ကို အမြန်ဆုံးရွှေ့ပြောင်းထွက်ခွာကြဖို့ လည်းသတိပေးထားတာဖြစ်ပါတယ်။

ဒါအပြင် ဒီက​နေ့ ည​နေပိုင်းမှာ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ၊ကသာခရိုင် အမှတ်(၁)တပ်ရင်းကလည်း တပ်ရင်းရဲ့စစ်​ရေးလှုပ်ရှားနယ်​မြေဖြစ်တဲ့ ကသာ-ထီးချိုင့် အမှတ်(၃)ကားလမ်း၊ ကသာ-​မော်လူးကားလမ်း​တွေမှာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်​နေတဲ့အတွက် ခရီးသွား​တွေအသုံးပြုရန် လုံးဝ (လုံးဝ)မသင့်တဲ့အ​​ခြေအ​နေဖြစ်တယ်လို့ သတိ​ပေးထားပါတယ် ။ တပ်ရင်းက စစ်တပ်ရဲ့ယာဥ်တန်းကို တိုပ်ခိုက်​ချေမှုန်းရမှာဖြစ်တဲ့အတွက် ခရီးသွားပြည်သူ​တွေထိခိုက်နစ်နာမှုမရှိ​စေရန် စစ်တပ်ယာဥ်တန်းနဲ့ကပ်မလိုက်ဖို့ အထူးသတိ​ပေး​မေတ္တာရပ်ခံ​ကြောင်း အသိ​ပေးထားပါတယ်။

အခုသတိ​ပေးချက်ထုတ်ပြန်တဲ့ နိုဝင်ဘာ ၅ ရက်မှစပြီး ဖြတ်သန်းသွားလာလို့​ဖြစ်​ပေါ်လာတဲ့အကျိုးဆက်ကို မိမိဘာသာတာဝန်ယူရမှာဖြစ်ပြီး ကသာခရိုင်အမှတ်(၁)တပ်ရင်းကလုံးဝတာဝန်ယူ​ဖြေရှင်းမှာ မဟုတ်ဘူးလို့လည်းဆိုပါတယ်။ဒါ​ကြောင့်ဖြတ်သန်းသွားလာခွင့်ပြုမှ အသုံးပြုကြဖို့ ​မေတ္တာရပ်ခံထားပါတယ်။

အခုသတိ​ပေးချက်ဟာပြည်သူ​တွေထိခိုက်နစ်နာမှုမရှိ​အောင်ရည်ရွယ်ထုတ်ပြန်တာလို့ ​ဖော်ပြထားပါတယ် ။

နိုဝင်ဘာ ၅ ရက် နေ့ ၊နေ့လယ်ပိုင်းမှာ စစ်တပ်က ယာဥ်တန်းပေါ်ကိုဗုံးကြဲလို့ ကားမီးလောင်သလို လူထိခိုက်မှုတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် စာသင်ကျောင်းကိုဒရုန်းနဲ့ဗုံးကြဲလို့ အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်က နိုဝင်ဘာလ ၅ရက်မှာ မော်လူး၊ ကောလင်း၊အင်းတော်၊ ကျွန်းလှမြို့နယ်တွေကို လေကြောင်းကနေဗုံးကြဲနေတယ်လို့သိရပါတယ်။

ဒါ​ကြောင့်အရပ်သားရှိတဲ့နေရာတွေကိုဗုံးမကြဲဖို့လည်း ဒေသခံတွေနဲ့ ယာဉ်မောင်းတွေကတောင်းဆိုနေကြပါတယ်။

နိုဝင်ဘာလ၄ရက်နေ့ညကလည်း ကောလင်းမြို့နယ်မှာဒေသခံပြည်သူတွေကိုဆေးကုသပေးနေတဲ့ဆေးရုံကို စစ်တပ်ကဗုံးကြဲလို့ CDM ဆရာဝန် ဒေါက်တာဇာနည်ထွန်းအပါအဝင်ကျန်းမာရေးဝန်ထမ်းငါးဦးသေဆုံးခဲ့ပြီးဆေးကုသမှုခံယူနေတဲ့ ပြည်သူတွေလည်းဒဏ်ရာရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Facebook