နိုဝင်ဘာ-၉၊၂၀၂၆။People’s Spring
မြန်မာဖက်ခြမ်းနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာမြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး ထိုင်းရဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေကိုတော့ကောင်းကောင်းထိန်းချုပ်ထားနိုင်ကြောင်း ထိုင်းတော်ဝင်ကြည်းတပ်က ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်နားက တိုက်ပွဲတွေဟာ နှစ်နိုင်ငံကြားပဋိပက္ခမဟုတ်ကြောင်း၊ ထိုင်းဟာ နိုင်ငံရဲ့ နယ်စပ်အားလုံးမှာ တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ပြီး အခြေအနေတိုင်းကို ထိန်းချုပ်ထားနိုင်ကြောင်း နိုဝင်ဘာ ၉ ရက် ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။
နိုင်ငံအနောက်ပိုင်းနဲ့ အရှေ့ပိုင်း နယ်စပ်ဒေသတွေရဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီးလူမှုကွန်ရက်မီဒီယာပေါ်မှာကောလာဟလတွေ ရေးသားဖြန့်ဝေနေကြရာကလူထုကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်မလာစေဖို့ အခုလို ရှင်းလင်းရာတာလို့ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဝင်ထိုင် ဆူဝါရီက နိုဝင်ဘာ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement
မြန်မာနဲ့ နယ်စပ်နားမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေကြားက ပဋိပက္ခသာဖြစ်ပြီး ထိုင်းနဲ့မြန်မာကြား စစ်တိုက်နေတာ မဟုတ်ကြောင်း ဝင်ထိုင်က ဆိုပါတယ်။
တစ်ဖက်မှာလည်း ထိုင်းစစ်တပ်ဟာ နယ်စပ်လုံခြုံရေးအတွက် ၂၄ နာရီပတ်လုံး ကင်းလှည့် စောင့်ကြပ်နေတယ်လို့ သူက ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာ၈ ရက်ကစလို့ တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ်ရဲ့ နယ်စပ်တလျှောက်မှာထိုင်းရဲ့ ရတ်ချာမာနူ နယ်ခြားစောင့် ယူနစ်က နေ့ရောညပါ ကင်းလှည့်နေပြီးအရေးပေါ် အခြေအနေ တစ်ခုခု ကြုံလာရင် လူထုကို ကာကွယ်ပေးဖို့အ
တွက် လုံခြုံရေးနဲ့ အရေးပေါ် တုံ့ပြန်ရေး အစီအမံတွေ ရေးဆွဲထားတယ်လို့လည်း ဆိုပါတယ်။
မြန်မာဖက်က ပစ်ခတ်တဲ့ကျည်ဆန်တွေ ထိုင်း
ပိုင်နက်ဖက် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေကို အကူအညီ ပေးနေသလို နိုင်ငံတကာ စစ်ရေးစည်းမျဉ်း စံနှုန်းတွေနဲ့အညီ မြန်မာဖက်ကို တုံ့ပြန် သတိပေး ပစ်ခတ်တာတွေလည်း လုပ်ခဲ့ကြောင်း ထိုင်းကြည်းတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ နိုင်ငံ အရှေ့ဖက်ခြမ်းက ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက်မှာလည်း လုံခြုံရေး အခြေအနေ အားလုံးကို နိုင်နိုင်နင်းနင်း ထိန်းချုပ်ထားနိုင်ကြောင်း၊ လူထုအနေနဲ့ ကောလာဟလတွေကို နားမယောင်ဘဲ အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်တွေကိုသာ အာရုံစိုက်စေလိုကြောင်း ထိုင်းစစ်တပ်က ဆိုပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ မနှစ်တုန်းက နယ်စပ် အငြင်းပွားမှုတွေကို အကြောင်းပြုပြီး စစ်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ဖူးပါတယ်။
ကိုးကား-Royal Thai Army




















































