Connect with us

Hi, what are you looking for?

သတင်း

မြန်မာလုပ်သားအရေးတက်ကြွလှုပ်ရှားသူ ဆူရတ်ထိုင်းရဲဆီမှာအဖမ်းခံ

ထိုင်းနိုင်ငံမှာ ဖမ်းဝရမ်း အထုတ်ခံထားရသူ မြန်မာ့ ရွှေ့ပြောင်း အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူ ဆူရတ်(​ခေါ်) ဝီရဆန်ထောင်ဟာ ထိုင်းရဲတပ်ဖွဲ့ဆီ ဆက်သွယ်ပြီး အဖမ်းခံခဲ့တယ်လို့ ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

ဓာတ်ပုံ - Amarin News

နိုဝင်ဘာ – ၁၃ ၊၂၀၂၆

ထိုင်းနိုင်ငံမှာ ဖမ်းဝရမ်း အထုတ်ခံထားရသူ မြန်မာ့ ရွှေ့ပြောင်း အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူ ဆူရတ်(​ခေါ်) ဝီရဆန်ထောင်ဟာ ထိုင်းရဲတပ်ဖွဲ့ဆီ ဆက်သွယ်ပြီး အဖမ်းခံခဲ့တယ်လို့ ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

ထိုင်း​ရောက်မြန်မာလုပ်သား​တွေစုဖွဲ့ထားတဲ့ Bright Future ရဲ့​ခေါင်းဆောင်ဆူရတ်ဟာ ဒီနေ့ (နိုဝင်ဘာ ၁၃ ရက်)က ကန်ချနာဘူရီ မြို့ ရဲစခန်းဆီ ဆက်သွယ်ပြီး ဥပဒေကြောင်းနဲ့အညီ အဖမ်းခံလိုကြောင်း ပြောကြားခဲ့တယ်လို့ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

နောက်တော့ နယ်မြေလုံခြုံရေး ရဲတပ်ဖွဲ့ရုံးရဲ့ဘေး လမ်းမှာ သူက ရဲတွေနဲ့ ချိန်းဆို အဖမ်းခံခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းကို ဖတ်ပြပြီး ခံစားခွင့်တွေ အကြောင်းကိုလည်း အသိပေးခဲ့ကြောင်း၊ အဲဒီနောက် သူ့ကို ရဲစခန်းဆီ ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆူရတ်ဟာ ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားချိန်က မှတ်ပုံတင် အချက်အလက်တွေ လိမ်ညာထားတယ်ဆိုတဲ့ စွပ်စွဲချက်အတွက် နိုဝင်ဘာ ၉ ရက်နေ့တုန်းက ကန်ချနာဘူရီ တရားရုံး တစ်ခုရဲ့ ဖမ်းဝရမ်း ထုတ်တာကို ခံထားရတာပါ။

ကန်ချနာဘူရီ လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေက ဆူရတ်ရဲ့ ထိုင်းနိုင်ငံသား လျှောက်ထားမှုဆိုင်ရာ စာရွက်စာတမ်းတွေ ပါရှိတဲ့ အချက်အလက်တွေမှာ သံသယဖြစ်စရာ ကွဲလွဲချက်တွေ၊ ရှေ့နောက်မညီမှုတွေ ပါဝင်နေတာကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း ဆိုပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲ စုံစမ်းမှုတွေအရလည်း ဆူရတ်ဟာ ထိုင်းကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့သူ တစ်ဦးလို့ ယုံကြည်ရတဲ့ အခြေအနေတွေ စစ်ဆေးတွေ့ရှိခဲ့ကြောင်း တရားရုံး ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ပယ်ဖျက်ပြီး ဖမ်းဝရမ်း ထုတ်ခဲ့တာလို့ ဆိုပါတယ်။

ဆူရတ်ဟာ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ အခွင့်အရေးအတွက် အဓိက ဦးဆောင် လှုပ်ရှားနေသူ တစ်ဦးဖြစ်ပြီး မြန်မာလုပ်သားတွေရဲ့ အကျိုးခံစားခွင့်၊ ရပိုင်ခွင့်နဲ့ လူနေမှုဘဝ တိုးတက်ရေးတွေအတွက် အမြဲ​တောင်းဆိုကြိုးစားပေးနေခဲ့သူ တစ်ဦးပါ။

အာဏာသိမ်း မြန်မာစစ်တပ်က ထိုင်းရောက် မြန်မာ အလုပ်သမားတွေကို နိုင်ငံသားဖြစ်မှု စိစစ်ရေး လုပ်ငန်းစဉ် (CI)ကနေ ထိန်းချုပ်ကန့်သတ်ဖို့ ကြိုးစားလာတာ၊ အဓမ္မ အခွန်ကောက်တာ၊ နေရပ်ကို အတင်းအကျပ် ငွေပြန်လွှဲစေတာတွေကိုလည်း ကန့်ကွက်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်း​ခေါင်း​​ဆောင်မင်း​အောင်လှိုင် ထိုင်းကိုလာတိုင်း Bright Future ကိုဦး​ဆောင်ပြီး မင်း​အောင်လှိုင်ခရီးစဥ်​​တွေကို ဆန်ကျင် ဆန္ဒပြခဲ့ပါတယ်။

ကိုးကား – Khaosod

ဆက်စပ်သတင်းများ