Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ဆုတ်ခွာသွားတဲ့ မိုးမိတ်မြို့ဘက် KIA ပူးပေါင်းတပ်နယ်မြေရှင်းလင်း၊ တိုက်ပွဲဆက်ဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်တို့ နိုဝင်ဘာ ၁၄ရက်က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung LA N/FB)

နိုဝင်ဘာ-၁၅၊၂၀၂၆။ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်တို့ နိုဝင်ဘာ ၁၄ရက်က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

မိုးမိတ်မြို့မှ မြစ်ဆုံသွားရာလမ်းဖြစ်တဲ့ ၄မိုင်နဲ့ ၅မိုင်ကြားမှာ KIA ပူးပေါင်းတပ်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် စစ်တပ်နဲ့ထိတွေ့မှု ဖြစ်ပြီး နိုဝင်ဘာ ၁၄ရက်မနက်က တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားရာကို စစ်တပ်က မိုးမိတ်ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

KIA ပူးပေါင်းတပ်နဲ့ စစ်တပ်တို့ဟာ မိုးမိတ်ဒေသမှာ စက်တင်ဘာလကုန်ပိုင်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

စစ်တပ်က မိုးမိတ်မြို့ကို အင်အား ၁၀၀၀ ခန့် ဖြည့်တင်းပြီး အောက်တိုဘာလဆန်းကစလို့ မိုးမိတ်-မြစ်ဆုံ-မဘိမ်းလမ်းကြောင်းကို ထိုးစစ်ဆင်ခဲ့ရာ ၁ လခန့်အကြာမှာ မြို့နဲ့ ၁၀မိုင်ခန့်အကွာထိ ဝင်ရောက်နိုင်ခဲ့ပါတယ်။

နိုဝင်ဘာလဆန်းမှာ KIA ပူးပေါင်းတပ်က တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ တပတ်အကြာမှာ စစ်တပ်စစ်ကြောင်းတွေ မြို့အနီး ၄မိုင်ခန့်အကွာသို့ ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။

စစ်တပ်ရဲ့ ထိုးစစ်အတွင်း KIA ပူးပေါင်းတပ်ရဲ့ ခုခံတိုက်ခိုက်မှု၊ ပိတ်ဆို့တိုက်ခိုက်၊ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဘက်က သေဆုံးထိခိုက်များပြားပြီး စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့သလို KIA ပူးပေါင်းတပ်ရဲ့ တန်ပြန်ထိုးစစ်မှာလည်း စစ်တပ်အထိနာ ဆုတ်ခွာခဲ့ရတာဖြစ်ပြီး လက်နက်ခဲယမ်းတွေ သိမ်းရခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ