Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၁၀၁)က မြိုင်မြို့နယ်က ပြည်သူတွေကို ညဘက်မှာ ဒရုန်းတွေနဲ့ တိုက်ခိုက်နေဟု ပကဖ ပြော

မကွေးတိုင်း၊ မြိုင်မြို့နယ်က ကျေးရွာတွေကို ပခုက္ကူမြို့နယ်အခြေစိုက် စစ်တပ်ရဲ့ တပ်မ (၁၀၁)က ညဘက်တွေမှာ အသေခံ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

(ပြီးခဲ့တဲ့ရက်ပိုင်းက ပခုက္ကူတပ်မ(၁၀၁)ကနေ ပေါက်မြို့နယ်ဘက်ကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်စဉ်။ ဓာတ်ပုံ - လူမှုရေးရာ၊အလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေးဌာနပေါက်မြို့နယ်)

နို၀င်ဘာ-၁၅၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်က ကျေးရွာတွေကို ပခုက္ကူမြို့နယ်အခြေစိုက် စစ်တပ်ရဲ့ တပ်မ (၁၀၁)က ညဘက်တွေမှာ အသေခံ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

” ပခုက္ကူ တပ်မ ၁၀၁ ကနေ အသေခံဒရုန်းတွေ၊ ဒရုန်းတွေနဲ့ကြဲတာ ညတိုင်းလိုကို ဖြစ်နေတာ တစ်ညကို နှစ်စီး၊သုံးစီး။အဲဒီလိုကို ပြည်သူကို ဒုက္ခပေးနေတာ”လို့ အထက်ပါတာ၀န်ရှိသူက စစ်တပ်ရဲ့တိုက်ခိုက်နေမှုကို ရှင်းပြပါတယ်။

ဒါဟာ စစ်တပ်ရဲ့ စစ်ရေးအခြေအနေ ရှုံး‌နိမ့်နေမှုကြောင့် ပြည်သူကို ရည်ရွယ်ချက်ရှိရှိ အကြောက်တရား၀င်အောင် ညဘက်တွေမှာ တိုက်ခိုက်မှုတွေလုပ်နေတာလို့ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နို၀င်ဘာ ၁၃ ရက်ညပိုင်းကလည်း မြိုင်မြို့နယ်မြောက်ပိုင်း ကျေးရွာတစ်ရွာကို ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) ကလွှတ်တင်တဲ့ အသေခံဒရုန်း ၁စီး ကျရောက်ပေါက်ကွဲကာ (၇)နှစ်အရွယ် G-2 ကျောင်းသား ၁ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့ကညနေပိုင်းကမြိုင်မြို့နယ် အနောက်ဘက်နဲ့ တောင်ပိုင်းဒေသတွေကို စစ်တပ်က ဂျက်ဖိုက်တာ၊Mi 35 နဲ့ ဂျိုင်ရိုကော်ပတာတွေအသုံးပြုပြီး လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် (၄)နှစ်သားအရွယ် ကလေးငယ် ၁ဦးနဲ့ သူရဲ့မိခင်သေဆုံးကာ ဒေသခံ ၁၀ ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နို့နံ့မစင်သေးတဲ့ ကလေးငယ်တွေပါ ထိခိုက်သေဆုံးနေရတာကြောင့် များစွာစိတ်မကောင်းဖြစ်ရတယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။

လက်ရှိ မြိုင်မြိုနယ်နဲ့ ပေါက်မြိုနယ်အစပ်က ရေနံမြေက တဲကြီးရွာမှာ စစ်တပ်ကတပ်စွဲထားပြီး တော်လှန်ရေးတပ်တွေနဲ့မကြာခဏ ထိတွေ့တိုက်ပွဲတွေ ရှိနေသလို တပ်မ(၁၀၁)က စစ်ကူစစ်ကြောင်းကလည်း တွင်းမကျေးရွာအနီးမှာ ရှိနေပါတယ်။

ဆက်စပ်သတင်းများ