နိုဝင်ဘာ ၁၅၊၂၀၂၆။ မေရီ/People’s Spring
မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်က KTV၊ ဘားနဲ့ နိုက်ကလပ်တွေ၊ စင်တင်တွေကို စီမံချက်ဆိုပြီး ည ၁၁ နာရီပိတ်ခိုင်းနေကြောင်း သတင်းရရှိပါတယ်။
မန္တလေးမြို့မှာ ဖွင့်လှစ်ထားတဲ့ KTV တွေ၊ ဘားနဲ့ နိုက်ကလပ်တွေကို အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းတွေ၊ ရဲတွေနဲ့ညရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဝင်ရောက်စစ်ဆေးပြီး ည ၁၁ နာရီ ပိတ်သိမ်းဖို့ လိုက်လံညွှန်ကြားနေတယ်လို့ မြို့ခံအချိူ့က ပြောပါတယ်။
“စပြီးထိုင်နေတုန်းရှိသေးတယ်။ မီးအဖြူတွေ အကုန်ဖွင့်ခိုင်းတယ်။ စီမံချက်လို့ ပြောတယ်။ နောက်ရက် ည ၁၁နာရီအထိပဲ ဖွင့်ဖို့ ပြောသွားတယ်”လို့ သွားရောက်ခဲ့သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါ့ကြောင့် ဆိုင်တွေဟာ နိုဝင်ဘာ ၁၄ ရက်ကစပြီး နေ့လယ် ၂ နာရီဝန်းကျင်ကနေ စောဖွင့်နေတယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်က ဘာကြောင့် စောပိတ်ခိုင်းရတယ်ဆိုတာတော့ မသိရသေးပါဘူး။
ယခုပိတ်ရတာဟာ ယာယီသာဖြစ်ပြီး ဘားတွေ၊ ကလပ်တွေဟာ အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်သူတွေသာ ဖွင့်လှစ်ထားတာဖြစ်တဲ့အတွက် နောက်ရက်တွေမှာတော့ ပုံမှန်အတိုင်း ပြန်ဖွင့်ကြမှာဖြစ်ကြောင်း မြို့ခံအချို့က ထင်မြင်ချက်ပေးပါတယ်။
မန္တလေးမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘားတွေ၊ ကလပ်တွေ ပိုမိုများပြားလာပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ ပိုမိုများပြားလာကြောင်း သိရပါတယ်။





















































