နိုဝင်ဘာ ၁၅၊ ၂၀၂၆။ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်မှာ မြန်မာပြည်သူတွေကို ဆက်လက်ထောက်ပံ့ကူညီပေးနေတဲ့ ပြင်သစ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောကြားကြားခဲ့သလို အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်သူများထံ ပိုမိုရောက်ရှိရေးနဲ့ ဒေသန္တရအုပ်ချုပ်ရေးကို ပံ့ပိုးရေးတို့တွင် ပြင်သစ်နိုင်ငံက မည်သို့ ကူညီပေးနိုင်မလဲဆိုတဲ့ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။
SCEF အတွင်းရေးမှူးအဖွဲ့ဝင် ဖြစ်သူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ SCEF နည်းပညာနဲ့ မူဝါဒအကြံပေး နော်မေဦးတို့ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပါရီငြိမ်းချမ်းရေးဖိုရမ် တက်ရောက်ဖို့ ပြင်သစ်ကို သွားရောက်ခဲ့ရာ ခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံ၊ ဥရောပနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အသိပေးဖော်ပြထားပါတယ်။
“အဆိုပါတွေ့ဆုံပွဲများတွင် SCEF ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စစ်ရေး နိုင်ငံရေး လူသားခြင်းစာနာထောက်ထား မှု ဆိုင်ရာအခြေအနေများနှင့် အကူအညီ လိုအပ်ချက် ၊ များအပါအဝင်ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ အားလုံးပါဝင်သည့် အသွင်ကူးပြောင်းရေးအတွက် လိုအပ်သည့် မူဘောင်ကို တင်ပြခဲ့သည်။” ဟုလည်း SCEFက ထုတ်ပြန်ပါတယ်။

Public Service Announcement
နိုဝင်ဘာ ၁၀ ရက်မှာ ကိုယ်စားလှယ်အဖွဲ့ဟာ ပြင်သစ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ ခရစ်ရှန် လက်ရှာဗေး (Christian Lechervy)နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၂ ရက်မှာ အာရှနဲ့ သမုဒ္ဒရာပိုင်းဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဘန်နွာ ဂီဒေး (Mr. Benoît Guidée)နဲ့ ဒုတိယညွှန်ကြားရေးမှူး ဆစ်ဗ် လန် ချူအာ (Ms. Siv Leng Chhuor)တို့နဲ့ တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ အရှေ့တောင်အာရှဌာနခွဲ အကြီးအကဲ မာရီ အောစ် (Ms. Marie Hours)နဲ့ ယင်းဌာနခွဲရဲ့ မြန်မာနှင့် ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ခံအရာရှိ မာရီယွန် ဂျယ်လီ (Ms Marion Jelley) တို့လည်း ပါဝင်ခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့တရားဝင်မှုကို ငြင်းပယ်ထားတဲ့ ပြင်သစ်အစိုးရဟာNUGရဲ့ နိုင်ငံခြားရေး ဝန်ကြီးအဆင့် အရာရှိကို တရားဝင် ဖိတ်ကြား တွေ့ဆုံခြင်းဟာ သံတမန်ရေး ရှုထောင့်ကကြည့်ရင် ထူးခြားတဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ နိုင်ငံတကာမီဒီယာအချို့သုံးသပ်ပါတယ်။
ဒါ့အပြင် ပါရီ ငြိမ်းချမ်းရေး ဖိုရမ်မှာ ဒေါ်ဇင်မာအောင်ဟာ Myanmar: The War the World Has Forgottenဆိုတဲ့ ဆွေးနွေးမှု အစီအစဉ်မှာ ပါဝင်ဆွေးနွေးခဲ့ပါတယ် ။
ဒေါ်ဇင်မာအောင်ဟာ နိုဝင်ဘာ ၁၁ ရက်ညနေမှာအဲလီဇေး နန်းတော်မှာ ပြင်သရ်သမ္မတ အီမန်နျူရယ်လ် မာခရွန် တည်ခင်းတဲ့ ညစာစားပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။





















































