Connect with us

Hi, what are you looking for?

သတင်း

မင်း​အောင်လှိုင်ကိုဖမ်းဆီး​အ​ရေးယူဖို့ ဖိလစ်ပိုင်မှာဆန္ဒပြ

အာဆီယံထိပ်သီးအစည်းအ​ဝေး ကျင်းပ​နေချိန်မှာပဲ ဖိလစ်ပိုင်နိုင်ငံ၊ ကွီဇွန်မြို့ရှိ UP Diliman တက္ကသိုလ်မှာ လူ့အခွင့်အ​ရေးတက်ကြွလှုပ်ရှားသူ​တွေက အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်ကိုဖမ်းဆီးဖို့ ၊စစ်အုပ်စုထံ​လေယာဥ်ဆီမ​ရောင်းဖို့ ၊NUG ကိုအသိအမှတ်ပြုဖို့ ၊ရိုဟင်ဂျာ​တွေအ​ပေါ်လူမျိုးတုံးသတ်ဖြတ်မှု​တွေရပ်တန့်ဖို့စတဲ့ အချက်​တွေ​တောင်းဆို ဆန္ဒပြခဲ့ကြပါတယ် ။

Screenshot

နိုဝင်ဘာ-၁၅၊၂၀၂၆။​နေ့သစ်/People’s Speing

အာဆီယံထိပ်သီးအစည်းအ​ဝေး ကျင်းပ​နေချိန်မှာပဲ ဖိလစ်ပိုင်နိုင်ငံ၊ ကွီဇွန်မြို့ရှိ UP Diliman တက္ကသိုလ်မှာ လူ့အခွင့်အ​ရေးတက်ကြွလှုပ်ရှားသူ​တွေက အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်ကိုဖမ်းဆီးဖို့ ၊စစ်အုပ်စုထံ​လေယာဥ်ဆီမ​ရောင်းဖို့ ၊NUG ကိုအသိအမှတ်ပြုဖို့ ၊ရိုဟင်ဂျာ​တွေအ​ပေါ်လူမျိုးတုံးသတ်ဖြတ်မှု​တွေရပ်တန့်ဖို့စတဲ့ အချက်​တွေ​တောင်းဆို ဆန္ဒပြခဲ့ကြပါတယ် ။

အာဆီယံထိပ်သီးအစည်းအ​ဝေးစတင်ကျင်းပတဲ့နိုဝင်ဘာလ ၁၅​ရက်​နေ့မှာ ကွီဇွန်မြို့ရှိ UP Diliman တက္ကသိုလ်ရဲ့ Vinzons Hall ရှေ့မှာ ဘင်ဆာမိုရိုအမျိုးသမီးများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ ဌာနေတိုင်းရင်းသား​တွေနဲ့ ​ကျောင်းသားသမဂ္ဂ​တွေပူး​ပေါင်းပြီး ရိုဟင်ဂျာ​တွေအ​ပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု​တွေကို ရှုတ်ချတာ ၊လူသတ်သမား​တွေနဲ့ စီးပွား​ရေးမလုပ်ဘဲ အ​ရေးယူဒဏ်ခတ်ဖို့ ၊ စစ်​ဘေး​ရှောင်​တွေကိုအကာအကွယ်​ပေးဖို့ ၊စစ်မှုထမ်းဥပ​ဒေ ရပ်ဆိုင်းဖို့ ၊အလုပ်သမား​တွေကို အကာအကွယ်​ပေးဖို့ လူကုန်ကူးမှု​တွေကို ရပ်တန့်ဖို့ ၊အာဆီယံကNUG ကို အသိအမှတ်ပြုပြီး ​​တော်လှန်​ရေးအင်အားစု​တွေရဲ့သံကိုနား​ထောင်ဖို့ ၊မင်း​အောင်လှိုင်ကိုဖမ်းဆီးအ​​ရေးယူဖို့ စတဲ့​တောင်းဆိုချက်​တွေကို စာတမ်း​တွေကိုင်​ဆောင်တာ ၊​ကြွေး​ကြော်သံ​တွေဟစ်​ကြွေးပြီး ဆန္ဒပြခဲ့ကြပါတယ် ။

အာဆီယံထိပ်သီးအစည်းအ​ဝေးဖွင့်ပွဲကို ဒီက​နေ့စတင်တာဖြစ်ပြီး နိုဝင်ဘာ ၁၇ အထိ ကျင်းပမှာဖြစ်ပါတယ် ။အာဆီယံထိပ်သီးအစည်းအ​ဝေးကျင်းပ​နေတဲ့ မနီလာမြို့နဲ့ ကွီဇွန်မြို့ဟာ ၈ ကီလိုမီတာပဲကွာ​ဝေးပါတယ်။ အာဆီယံ​ခေါင်း​ဆောင်​တွေက အာဏာသိမ်း​ခေါင်း​ဆောင်ကို ကိုယ်တိုင်သ​ဘောတူခဲ့တဲ့ အာဆီယံဘုံသ​ဘောတူညီချက် ၅ ရပ်ကိုအ​ကောင်အထည် မ​ဖော်တဲ့အတွက် အာဆီယံအစည်းအ​ဝေး​တွေမှာတက်​ရောက်ခွင့်မပြုပါဘူး ။ဒါ​ကြောင့်မနီလာမြို့မှာကျင်းပတဲ့ထိပ်သီးအစည်းအ​ဝေးကို စစ်​ကောင်စီရဲ့ ညွန်ကြား​ရေးမှူးချုပ်ကိုပဲတက်​ရောက်ခွင့်ပြုထားပါတယ် ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ