Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Nvidia အမှုဆောင်ချုပ် ရာထူးကို ဂျန်ဆန်ဟွမ် ပြန်ရယူနိုင်ခြေ ရှိနေဆဲလို့ဆို

ရာထူးက နုတ်ထွက်ခဲ့ပေမယ့် Nvidia အမှုဆောင်ချုပ်ဟောင်း ဂျန်ဆန်ဟွမ်ဟာ သူ့ရဲ့ ရာထူးကို ပြန်ရယူဖို့ အနီးကပ် အကြံပေးတွေနဲ့ ဆွေးနွေးနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဓာတ်ပုံ - Reuters

ရာထူးက နုတ်ထွက်ခဲ့ပေမယ့် Nvidia အမှုဆောင်ချုပ်ဟောင်း ဂျန်ဆန်ဟွမ်ဟာ သူ့ရဲ့ ရာထူးကို ပြန်ရယူဖို့ အနီးကပ် အကြံပေးတွေနဲ့ ဆွေးနွေးနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

တရုတ်သူလျှိုအဖြစ် စွပ်စွဲခံရသူ တစ်ဦးအပါအဝင် အမျိုးသမီးတချို့နဲ့ လူမှုရေး အရှုပ်အထွေးတွေ ဖြစ်ခဲ့တာကို အကြောင်းပြုပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဟွမ်ဟာ အမေရိကန် နည်းပညာ လုပ်ငန်းစုကြီးရဲ့ အမှုဆောင်ချုပ်နဲ့ ဥက္ကဋ္ဌ ရာထူးတွေကနေ နုတ်ထွက်ခဲ့ရပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာတော့ သူ့ကို ကုမ္ပဏီ ဝန်ထမ်း အများစုက ထွက်မသွားစေချင်ကြသလို Nvidiaဟာလည်း ခေါင်းဆောင်မှု ကင်းမဲ့သွားမယ့် အခြေအနေမျိုး ရင်ဆိုင်နေရပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့မှာတော့ Financial Times သတင်းစာက ဟွမ်ဟာ မူလ ရာထူးဟောင်းဆီ ဂငယ်ကွေ့နဲ့ ပြန်ရောက်လာနိုင်ခြေ အလားအလာတွေ ရှိနေဆဲလို့ စတင် ဖော်ပြလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟွမ်ရဲ့ မဟာမိတ်တွေက သူတို့ဟာ အမျိုးမျိုးသော ဖြစ်နိုင်ခြေတွေအတွက် Nvidia ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း Financial Timesဆီကို ပြောကြားခဲ့ပါတယ်။

ဟွမ်ရဲ့နေရာကို ဆက်ခံဖို့အတွက် ဗြိတိန် နည်းပညာ လုပ်ငန်းစုကြီး Arm Holdingsရဲ့ အမှုဆောင်ချုပ် ရင်းန်ဟားစ်ကို Nvidia ဘုတ်အဖွဲ့က ချဉ်းကပ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပြီး မကြာခင်မှာပဲ Financial Timesက ဟွမ်ရဲ့ တကျော့ပြန် အမှုဆောင်ချုပ် ဖြစ်နိုင်ခြေကို ဖော်ပြလာခဲ့တာပါ။ Nvidiaကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

Nvidiaဟာ ဉာဏ်ရည်တု (AI) နည်းပညာအတွက် အထူးအရေးကြီးတဲ့ နည်းပညာမြင့် ချစ်ပ်တွေ တည်ဆောက်မှုမှာ ကမ္ဘာ့ရှေ့ဆောင် ကုမ္ပဏီကြီး ဖြစ်ပါတယ်။ ဟွမ်က အိမ်ထောင်ရေး ဖောက်ပြန်ပြီး ပတ်သက်မိခဲ့တဲ့ အမျိုးသမီးတွေထဲမှာ တရုတ်သူလျှိုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲ ခံရသူတစ်ဦး ပါဝင်ခဲ့ပြီး အဲဒီအခြေအနေကြောင့်ပဲ Nvidiaရဲ့ နည်းပညာတွေ တရုတ်ဆီ ပေါက်ကြားသွားသလားဆိုတဲ့ စိုးရိမ်မှုတွေ အမေရိကန် နိုင်ငံရေး အသိုက်အဝန်းမှာ ကြီးထွားလာနေပါတယ်။

Nvidia ကုမ္ပဏီ အနေနဲ့လည်း အဲဒီဂယက်ရိုက်ခတ်မှုကြောင့် ရှယ်ယာစျေးတွေ ကျဆင်းပြီး စုံစမ်းစစ်ဆေးမှုတွေ ကြုံရမယ့် ရှုပ်ထွေးတဲ့ အခြေအနေတွေ ရင်ဆိုင်နေရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ