Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘာရိန်းမှာရှိတဲ့ အမေရိကန် စစ်စခန်းကို အီရန်က ဒရုန်းတွေနဲ့ ပစ်ခတ်

ဘာရိန်းမှာရှိတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို အီရန်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဘာရိန်း စစ်တပ်က ပြောပါတယ်။

ဓာတ်ပုံ - AP

ဘာရိန်းမှာရှိတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို အီရန်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဘာရိန်း စစ်တပ်က ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့က တိုက်ခိုက်ဖို့ အားထုတ်မှုဟာ ဘာရိန်း ပိုင်နက်ကို ပစ်မှတ်ထားတဲ့ သုံးရက်အတွင်း ဒုတိယမြောက် အားထုတ်မှုလို့လည်း ဆိုပါတယ်။

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ တော်လှန်ရေး အစောင့်တပ် (IRGC)ကလည်း အမေရိကန် တပ်တွေ ဖြန့်ကျက်ထားရာ အယ်လ်ရစ်ဖာ လေတပ်စခန်းထဲက လေကြောင်းကာကွယ်ရေး ရေဒါ အဆောက်အအုံကို ဒရုန်း ၆ စီး အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

ဘာရိန်းစစ်တပ်ရဲ့ အဆိုအရ အီရန် ဒရုန်းတွေ ရည်မှန်းချက်ဆီ ရောက်မလာခင်မှာ အောင်အောင်မြင်မြင် ကြားဖြတ် ဟန့်တား ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၃ ရက်နေ့တုန်းကလည်း ဘာရိန်းဟာ လေပိုင်နက်ထဲ ပျံသန်းလာတဲ့ အီရန်ဒရုန်းတွေကို ပစ်ချခဲ့ရပါသေးတယ်။ ဒါဟာ စက်တင်ဘာလ နောက်ပိုင်း ဘာရိန်းလေပိုင်နက်ကို ပထမဆုံးအကြိမ် ထိပါးခံရမှုလည်း ဖြစ်လာပါတယ်။

အရှေ့အလယ်ပိုင်း ဒေသမှာ အီရန်နဲ့ အမေရိကန်ကြား အပြင်းအထန် တိုက်ခိုက်မှုတွေဟာ လောလောဆယ် ရပ်ဆိုင်းနေပေမယ့် အကန့်အသတ်နဲ့ စစ်ဆင်ရေးတွေကိုတော့ နှစ်ဖက်စလုံးက ရံဖန်ရံခါ လုပ်ဆောင်နေပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့တုန်းက ဘာရိန်းမှာ လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေ မြည်ဟည်းလာပြီး ပြည်သူတွေ အနေနဲ့ အနီးဆုံးမှာရှိတဲ့ ခိုလှုံနိုင်မယ့် နေရာတွေဆီ သွားရောက်ကြဖို့ ညွှန်ကြားခဲ့ပါတယ်။

ဘာရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်နက်ကို ထိပါးခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချကြောင်း ထုတ်ပြန်ပြီး အကျိုးဆက်တွေကို အီရန်က တာဝန်ယူရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

IRGCက နိုဝင်ဘာ ၁၃ ရက်နေ့ ပထမအကြိမ် တိုက်ခိုက်မှုတုန်းက ဘာရိန်းမှာရှိတဲ့ အမေရိကန်ရဲ့ လေကြောင်း အန္တရာယ် သတိပေး ရေဒါစနစ် တစ်ခုကို ထိခိုက်ပျက်စီးစေခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် စစ်တပ်ကတော့ အဲဒီ အဆိုကို ပယ်ချပြီး အီရန်ဒရုန်းတွေကို အမေရိကန်နဲ့ ဘာရိန်းတပ်တွေက ပူးပေါင်း ပစ်ချခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူလည်း မရှိခဲ့ကြောင်း တုံ့ပြန် ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းတုန်းက အမေရိကန်ဟာ ဟောမုဇ် ရေလက်ကြားထဲမှာ ရှိနေတဲ့ အီရန်ပိုင် ကာရှမ်ကျွန်းကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးဟာ အတိုင်းအတာ ကန့်သတ် ဆင်နွှဲခဲ့တာဖြစ်ပြီး IRGCဖက်က အမေရိကန် လေယာဉ်တစ်စီးကို စတင် ပစ်ခတ်လို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ အနေနဲ့ တုံ့ပြန်ခဲ့တဲ့ သဘောမျိုးလို့ အမေရိကန် စစ်တပ်က ထုတ်ပြန်သွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ