Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖူးခက်ကျွန်းမှာလူနေတိုက်မီးလောင်မှုကြောင့် ၁၁ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံက ဖူးခက်ကျွန်းပေါ်မှာ လူနေတိုက်တစ်လုံး မီးလောင်မှု ဖြစ်ပွားပြီး ၁၁ ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Newshawk Phuket

နိုဝင်ဘာ – ၁၆ ၊၂၀၂၆

ထိုင်းနိုင်ငံက ဖူးခက်ကျွန်းပေါ်မှာ လူနေတိုက်တစ်လုံး မီးလောင်မှု ဖြစ်ပွားပြီး ၁၁ ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းတုန်းက ထိုင်းရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ထွန်းကားရာ အပန်းဖြေကျွန်းပေါ်က စျေးဆိုင်နဲ့ လူနေတိုက်ခန်းတွေ တွဲထားတဲ့ ၄ ထပ်တိုက်တစ်လုံး မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

အရုဏ်မတက်ခင် လူအများ အိပ်မောကျနေချိန်မှာ စတင်ပြီး လောင်ခဲ့တဲ့ မီးကြောင့် ၁၁ ဦးသေပြီး ၁၆ ဦး ဆေးရုံရောက်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ မီးသတ်တပ်ဖွဲ့ဟာ မီးကို ၂ နာရီလောက် အချိန်ယူပြီး ငြှိမ်းသတ်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဖူခက်ရဲ့ ပါတုံဧရိယာမှာ တည်ရှိတဲ့ အဆောက်အအုံဟာ စားသောက်ဆိုင် တစ်ခုနဲ့ စီးပွားရေး လုပ်ငန်းတချို့ ဖွင့်လှစ်ထားသလို လူနေတိုက်ခန်းတွေလည်း ရှိတယ်လို့ သိရပါတယ်။

ပြည်တွင်း သတင်းဌာနတစ်ခုရဲ့ ဖော်ပြမှုမှာတော့ မော်တော်ဆိုင်ကယ် အငှားဆိုင် တစ်ခုကနေ မီးစလောင်ခဲ့ပြီး အဆောက်အအုံရဲ့ တခြားအစိတ်အပိုင်းတွေဆီ ပျံ့နှံ့ ကူးစက်သွားခဲ့တာလို့ ပါရှိခဲ့ပါတယ်။ မီးစတင် လောင်ကျွမ်းတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲပါ။

ဒဏ်ရာရသူတွေထဲမှာ မီးခိုးငွေ့ မွှန်သူတွေ၊ ဖန်ကွဲစ စူးမိသူတွေ အများစု ပါဝင်နေပါတယ်။ ထိခိုက်သေဆုံးသူတွေထဲမှာ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တွေတော့ မပါဝင်ဘူးလို့ အတည်ပြုထားပါတယ်။

ဇူလိုင်လတုန်းက ဘန်ကောက်မြို့တော်မှာရှိတဲ့ လူစည်ကားရာ အရက်ဘား တစ်ခုမှာ ဝါယာရှော့ကနေ မီးစလောင်လို့ လူ ၄၀ လောက် သေဆုံးခဲ့ဖူးပါတယ်။ ၂၀၀၉ ခုနှစ်၊ နှစ်သစ်ကူးညမှာလည်း ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေတုန်း ဘန်ကောက်ရဲ့ နိုက်ကလပ် တစ်ခုမှာ ဆိုးဆိုးရွားရွား မီးလောင်ရာက ၆၇ ဦးသေပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ကိုးကား – CNA

ဆက်စပ်သတင်းများ