နိုဝင်ဘာ-၁၇၊၂၀၂၆။သုည/People’s Spring
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အတွက် အင်္ဂါနေ့အပတ်စဉ် ဆုတောင်းပွဲကို ဒီကနေ့ (နိုဝင်ဘာ ၁၇) ပြုလုပ်ခဲ့ကြပါတယ်။
ဆုတောင်းပွဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ကျန်းမာရေး ကောင်းမွန်စေရေး၊အကျဉ်းချုပ်နှောင်မှုတွေကနေ အမြန်ဆုံးပြန်လည်လွတ်မြောက်လာ စေရေး ရည်ရွယ်ပြီး ပြုလုပ်ခဲ့ကြတာပါ။
အင်္ဂါနေ့တိုင်း ပုံမှန်ပြုလုပ်လာတဲ့ အခုလိုဆုတောင်းပွဲဟာ အကျဉ်းကျခံနေရသူတွေအတွက် စာနာမှုနဲ့ လွတ်မြောက်ရေးမျှော်လင့်ချက်ကို ဖော်ပြတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ဒီကနေ့မှာ (၁၀) ကြိမ်မြောက် ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းရောက်မြန်မာတွေက ဆိုပါတယ်။

Public Service Announcement


























































