Connect with us

Hi, what are you looking for?

News

ဒီး​မော့ဆို၌ သုံးရက်ဆက်တိုက်ပွဲ စစ်​ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီးအပါအဝင် ၃၀​ကျော်​သေဟု ​ဒေသကာကွယ်​ရေးတပ် ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်သည် ငွေ​​တောင်ဆည်လမ်းဆုံအနီးတွင် အခိုင်အမာတပ်စွဲရန် အကောင် အထည်ဖော်ခဲ့​သော်လည်း စခန်းစွန့်ခွာ ထွက်​ပြေးသွားခဲ့ရသည်အထိ တိုက်ခိုက်နိုင်ခဲ့သည်ဟုလည်း DMO-PDF ကဆိုသည်။

ကယားပြည်နယ် ဒီး​​မော့ဆိုမြို့၏ သုံးရက်ဆက်တိုက်ပွဲတွင် အကြမ်းဖက်စစ်​ကောင်စီဘက်မှ ဒုတိယဗိုလ်မှူးကြီးတစ်တစ်ဦးအပါအဝင် အရာရှိစစ်သည် ၃၀ကျော် သေဆုံးကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)က ယနေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

ဒီဇင်ဘာ ၃၁ရက်​ကစ၍ ဇန်နဝါရီ ၂ ရက်(ယနေ့)အထိ တိုက်ပွဲများတွင် ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်​ရေးတပ်(လွိုင်​ကော်)မှ တစ်ဦးနှင့် KNDFမှ တစ်ဦးကျဆုံးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ငွေ​​တောင်ဆည်လမ်းဆုံအနီးတွင် အခိုင်အမာတပ်စွဲရန် အကောင် အထည်ဖော်ခဲ့​သော်လည်း စခန်းစွန့်ခွာ ထွက်​ပြေးသွားခဲ့ရသည်အထိ တိုက်ခိုက်နိုင်ခဲ့သည်ဟုလည်း DMO-PDF ကဆိုသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ
လက်နက်ကြီးရာနှင့်ချီပစ်ကူသည့်အပြင် တိုက်​လေယာဥ် နှစ်စီးဖြင့်လည်း ပစ်ကူယူခဲ့သည်။

Public Service Announcement

Public Service Announcement

သို့သော် အကြမ်းဖက်စစ်​ကောင်စီတပ်မှ စခန်းစွန့်ခွာထွက်​ပြေးခဲ့ရပြီး ပြည်သူ့ကာကွယ်​ရေးတပ်များက လိုက်လံရှင်းလင်းရာတွင် စစ်​ကောင်စီတပ်၏ အသုံးအ​ဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။

ကရင်နီ(ကယားပြည်နယ်)၏ လွိုင်ကော်၊ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ သည် ဒီဇင်ဘာကစ၍ စစ်ကြောင်းထိုးမှုများဆက်တိုက်လုပ်ဆောင်လာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။