Connect with us

Hi, what are you looking for?

News

အမြန်လမ်း​ပေါ်တွင် စစ်​ကောင်စီတပ်ကားများ နှစ်ကြိမ်မိုင်းခွဲတိုက်ခိုက်ခံရ

“ထောက်ပို့ကားအကြီးတွေပါ။ အရင်ကတော့ ကားတွေအတန်းလိုက်သွားတယ်။ခုနောက်ပိုင်း၂ စီးစီပဲခွဲပြီးသွားတယ်။ နေ့လယ်ပိုင်းခွဲပြီးတော့ တစ်စီးစီပဲသွားတော့တယ်။ အထိအခိုက်မသိရသေးဘူး။”ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

(ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်က တိုက်ခိုက်ခံခဲ့ရသည့်အမြန်လမ်း မိုင်တိုင် ၃၄၃မိုင်၊၅ဖာလုံနေရာ။ ဓာတ်ပုံ-KDDF)

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ရန်ကုန်-မန္တလေးလမ်း၊ အမြန်လမ်းမကြီးပေါ်တွင် ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်ကားများကို​ဒေသခံကာကွယ်​ရေးတပ်က နှစ်ကြိမ်တိုင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

ယမန်နေ့ (ဇန်နဝါရီလ ၂ ရက်)မွန်းလွဲ ၁၂နာရီ ၅၇မိနစ် နှင့် ညနေ ၃နာရီ ၅၀မိနစ်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း မန္တလေးသို့ ဦးတည်မောင်းနှင်လာသော အကြမ်းဖက် စစ်တပ်ကားများအား အမြန်လမ်း မိုင်တိုင်၃၄၂၊ တံတားဦးမြို့နယ်၊ ဂုန်​တောရိုးတံတားပေါ်အရောက်တွင် မိုင်းခွဲကာ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ သတင်းထုတ်ပြန်သည်။

(ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်က တိုက်ခိုက်ခံခဲ့ရသည့်အမြန်လမ်း မိုင်တိုင် ၃၄၃မိုင်၊၅ဖာလုံနေရာ။ ဓာတ်ပုံ-KDDF)

“ထောက်ပို့ကားအကြီးတွေပါ။ အရင်ကတော့ ကားတွေအတန်းလိုက်သွားတယ်။ခုနောက်ပိုင်း၂ စီးစီပဲခွဲပြီးသွားတယ်။ နေ့လယ်ပိုင်းခွဲပြီးတော့ တစ်စီးစီပဲသွားတော့တယ်။ အထိအခိုက်မသိရသေးဘူး။”ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ၂ ရက်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း မန္တလေးမြို့သို့ဦးတည်မောင်းနှင်လာသော လက်နက်အပြည့်အစုံဖြင့် အင်အား၃၀ ကျော်ခန့်လိုက်ပါလာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်အား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)နှင့် People Defense Force(Kyaukse) ​မဟာမိတ် ညီနောင်ပူးပေါင်းအဖွဲ့မှ အမြန်လမ်း မိုင်တိုင် ၃၄၃မိုင်၊၅ဖာလုံတွင် ကားမိုင်း(၆)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။