Connect with us

Hi, what are you looking for?

LuduNwayOo

News

အမြန်လမ်း​ပေါ်တွင် စစ်​ကောင်စီတပ်ကားများ နှစ်ကြိမ်မိုင်းခွဲတိုက်ခိုက်ခံရ

“ထောက်ပို့ကားအကြီးတွေပါ။ အရင်ကတော့ ကားတွေအတန်းလိုက်သွားတယ်။ခုနောက်ပိုင်း၂ စီးစီပဲခွဲပြီးသွားတယ်။ နေ့လယ်ပိုင်းခွဲပြီးတော့ တစ်စီးစီပဲသွားတော့တယ်။ အထိအခိုက်မသိရသေးဘူး။”ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

(ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်က တိုက်ခိုက်ခံခဲ့ရသည့်အမြန်လမ်း မိုင်တိုင် ၃၄၃မိုင်၊၅ဖာလုံနေရာ။ ဓာတ်ပုံ-KDDF)

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ရန်ကုန်-မန္တလေးလမ်း၊ အမြန်လမ်းမကြီးပေါ်တွင် ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်ကားများကို​ဒေသခံကာကွယ်​ရေးတပ်က နှစ်ကြိမ်တိုင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

ယမန်နေ့ (ဇန်နဝါရီလ ၂ ရက်)မွန်းလွဲ ၁၂နာရီ ၅၇မိနစ် နှင့် ညနေ ၃နာရီ ၅၀မိနစ်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း မန္တလေးသို့ ဦးတည်မောင်းနှင်လာသော အကြမ်းဖက် စစ်တပ်ကားများအား အမြန်လမ်း မိုင်တိုင်၃၄၂၊ တံတားဦးမြို့နယ်၊ ဂုန်​တောရိုးတံတားပေါ်အရောက်တွင် မိုင်းခွဲကာ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ သတင်းထုတ်ပြန်သည်။

(ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်က တိုက်ခိုက်ခံခဲ့ရသည့်အမြန်လမ်း မိုင်တိုင် ၃၄၃မိုင်၊၅ဖာလုံနေရာ။ ဓာတ်ပုံ-KDDF)

“ထောက်ပို့ကားအကြီးတွေပါ။ အရင်ကတော့ ကားတွေအတန်းလိုက်သွားတယ်။ခုနောက်ပိုင်း၂ စီးစီပဲခွဲပြီးသွားတယ်။ နေ့လယ်ပိုင်းခွဲပြီးတော့ တစ်စီးစီပဲသွားတော့တယ်။ အထိအခိုက်မသိရသေးဘူး။”ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ၂ ရက်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း မန္တလေးမြို့သို့ဦးတည်မောင်းနှင်လာသော လက်နက်အပြည့်အစုံဖြင့် အင်အား၃၀ ကျော်ခန့်လိုက်ပါလာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်အား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)နှင့် People Defense Force(Kyaukse) ​မဟာမိတ် ညီနောင်ပူးပေါင်းအဖွဲ့မှ အမြန်လမ်း မိုင်တိုင် ၃၄၃မိုင်၊၅ဖာလုံတွင် ကားမိုင်း(၆)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။